တစ်နာရီကို ၃၈ကီလိုမီတာနှုန်းပြေးခဲ့တဲ့ ဒါဝင်နူနက်ဇ် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးလူသားဖြစ်လာ

လီဗာပူးတိုက်စစ်မှူးဒါဝင်းနူနက်ဇ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်အမြန်ဆုံး ကစားသမားအဖြစ် မှတ်တမ်းသစ်စိုက်ထူလိုက်ပါပြီ။

ဘင်ဖီကာကနေ ပေါင် ၈၅သန်းနဲ့ ပြောင်းရွှေ့လာတဲ့နူနက်ဇ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ လီဗာပူးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့သလို ပြိုင်ပွဲသမိုင်းတလျှောက် အမြန်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ မန်စီးတီးညာနောက်ခံလူကိုင်လီဝေါ်လ်ကာက တစ်နာရီကို ၃၇.၈၀၂ကီလိုမီတာနှုန်းနဲ့ ပရီးမီးယားလိဂ်အမြန်ဆုံးအဖြစ်ရပ်တည်ခဲ့ပေမဲ့ နူနက်ဇ်က ၃၈ကီလိုမီတာပြေးပြီးစံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဥရုဂွေးသားဟာ ပြီးခဲ့ တဲ့ရာသီမှာဘင်ဖီကာအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် ဒုတိယ အမြန်ဆုံး (တစ်နာရီ ၃၆.၅ကီလိုမီတာ) ကစားသမားအဖြစ်စံချိန်ရရှိထားသူ ဖြစ်ပါတယ်။

နူနက်ဇ်နဲ့ပတ်သတ်လို့ နည်းပြကလော့ပ်က “ဒါကအရေးကြီးပါတယ်။ နောက်ပိုင်းပွဲအချို့မှာ သူဂိုးသွင်းလာနိုင်ပါတယ်။

ရာနှုန်းပြည့်အဆင့်ကိုရောက်လာခဲ့သလို အခုဆိုရင်ကိန်းဂဏန်းမှတ်တမ်းတွေပါရလာပြီဆိုတော့ ကောင်းတာပေါ့။

ပထမပိုင်းအပြီးမှာ သူ့ရဲ့ကြွက်သား အနည်းငယ်နာကျင်မှုရှိခဲ့ပေမဲ့ အားလုံးအဆင်ပြေခဲ့တယ်။

ဒုတိယပိုင်းပြန်စလို့ ၅မိနစ်လောက်မှာ ရှည်လျားတဲ့ပြေး ထွက်မှုတွေ ခြေထောက်ဆန့်ထုတ်ပြီးယူရတဲ့ ဘောလုံးတွေအတွက် စိတ်ပူခဲ့မိပါတယ်။

ကျွန်တော်က”လာခဲ့…ငါတို့ဒီအန္တရာယ်ကို လက်မခံဘူး” ဆိုပြီးသူ့ ကိုလူစားလဲလိုက်တာပါ” လို့ပြောဆိုခဲ့ပါတယ်။

လာမယ့်နော်တင်ဟမ်နဲ့ပွဲအတွက် နူနက်ဇ်ဒဏ်ရာကစိုးရိမ်စရာ ဖြစ်နိုင်သလားဆိုတဲ့ အမေးကိုတော့ဂျာမန်သားက “နိုး.နိုး.နိုး။ အချိန်မီကျွန်တော်တို့လုပ်နိုင်မယ်ထင်ပါတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

(Zawgyi)

တစ္နာရီကို ၃၈ကီလိုမီတာႏႈန္းေျပးခဲ့တဲ့ ဒါဝင္ႏူနက္ဇ္ ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံးလူသားျဖစ္လာ

လီဗာပူးတိုက္စစ္မႉးဒါဝင္းႏူးနက္ဇ္ဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္အျမန္ဆုံး ကစားသမားအျဖစ္မွတ္တမ္းသစ္စိုက္ထူလိုက္ပါၿပီ။

ဘင္ဖီကာကေန ေပါင္ ၈၅သန္းနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ႏူးနက္ဇ္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ လီဗာပူးအတြက္တစ္လုံးတည္း ေသာအႏိုင္ဂိုးသြင္းယူခဲ့သလို ၿပိဳင္ပြဲသမိုင္းတေလွ်ာက္အျမန္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္မွာ မန္စီးတီးညာေနာက္ခံလူကိုင္လီေဝၚလ္ကာက တစ္နာရီကို ၃၇.၈၀၂ကီလိုမီတာႏႈန္းနဲ႔ ပရီးမီးယားလိဂ္အျမန္ဆုံးအျဖစ္ရပ္တည္ခဲ့ေပမဲ့ ႏူးနက္ဇ္က ၃၈ကီလိုမီတာေျပးၿပီးစံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။

ဥ႐ုေဂြးသားဟာ ၿပီးခဲ့ တဲ့ရာသီမွာဘင္ဖီကာအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ဒုတိယ အျမန္ဆုံး(တစ္နာရီ ၃၆.၅ကီလိုမီတာ)ကစားသမားအျဖစ္စံခ်ိန္ရရွိထားသူ ျဖစ္ပါတယ္။

ႏူးနက္ဇ္နဲ႔ပတ္သတ္လို႔ နည္းျပကေလာ့ပ္က “ဒါကအေရးႀကီးပါတယ္။

ေနာက္ပိုင္းပြဲအခ်ိဳ႕မွာ သူဂိုးသြင္းလာႏိုင္ပါတယ္။ ရာႏႈန္းျပည့္အဆင့္ကိုေရာက္လာ ခဲ့သလို အခုဆိုရင္ကိန္းဂဏန္းမွတ္တမ္းေတြပါရလာၿပီဆိုေတာ့ ေကာင္းတာေပါ့။ ပထမပိုင္းအၿပီးမွာ သူ႔ရဲ႕ႂကြက္သားအနည္းငယ္နာက်င္မႈရွိခဲ့ေပမဲ့ အားလုံးအဆင္ေျပခဲ့တယ္။

ဒုတိယပိုင္းျပန္စလို႔ ၅မိနစ္ေလာက္မွာ ရွည္လ်ားတဲ့ေျပး ထြက္မႈေတြ ေျခေထာက္ဆန႔္ထုတ္ၿပီးယူရတဲ့ေဘာလုံးေတြအတြက္ စိတ္ပူခဲ့မိပါတယ္။

ကြၽန္ေတာ္က”လာခဲ့…ငါတို႔ဒီအႏၲရာယ္ကို လက္မခံဘူး” ဆိုၿပီးသူ႔ ကိုလူစားလဲလိုက္တာပါ” လို႔ေျပာဆိုခဲ့ပါတယ္။

လာမယ့္ေနာ္တင္ဟမ္နဲ႔ပြဲအတြက္ ႏူးနက္ဇ္ဒဏ္ရာကစိုးရိမ္စရာ ျဖစ္ႏိုင္သလားဆိုတဲ့ အေမးကိုေတာ့ဂ်ာမန္သားက “ႏိုး.ႏိုး.ႏိုး။ အခ်ိန္မီကြၽန္ေတာ္တို႔လုပ္ႏိုင္မယ္ထင္ပါတယ္” လို႔ဖြင့္ဟခဲ့ပါတယ္။