
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစနေနေ့တုန်းကအယ်လ်ရေယန်ကအယ်အာရာဘီကို
၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာတစ်စုံတစ်ရာအမှားအယွင်းမလုပ်မိဘဲ ရယ်စရာ
ကောင်းလောက်အောင် ဒိုင်လူကြီးရဲ့အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့်
အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ အသက်၃၀နှစ်ရှိ
ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာ ကာတာစူပါလိဂ်မှာ
သုံးပွဲမြောက်ပွဲအဖြစ်ပါဝင်ကစားခဲ့တာဖြစ်ပြီးဒိုင်လူကြီးရဲ့ထူးဆန်းတဲ့
ဆုံးဖြတ်ချက်နှစ်ခုကြောင့်အမှားမှားအယွင်းယွင်းနဲ့စတင်မှုဖြစ်ခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာကိုလံဘီယာလက်ရွေးစင်ဟာပြိုင်ဘက်အသင်းဘက်သို့
ထိုးဖောက်စဉ်ပင်နယ်တီဧရိယာထိပ်နားမှာပြိုင်ဘက်ကစားသမားရဲ့
ကြမ်းတမ်းစွာကစားခြင်းခံခဲ့ရပြီးကွင်းမြက်ခင်းမှာလူးလိမ့်နေခဲ့ပါတယ်။
ယင်းအချိန်မှာနှစ်ဖက်ကစားသမားများရုန်းရင်းဆန်ခဲ့ဖြစ်ကာဒိုင်လူကြီးက
ထိန်းသိမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်ဒိုင်လူကြီးဟာဖရီးကစ်ကန်ဖို့
ပြင်ဆင်လာတဲ့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်းမဆီမဆိုင်အဝါကတ်ပြသမှု
ပြုလုပ်ပါတယ်။ အဲဗာတန်စတားဟောင်းဟာမဆီမဆိုင်အဝါကတ်ပြသခံရမှုအတွက်
ဒေါတကြီးစောဒကတက်ချိန်မှာအဝါကတ်နောက်တစ်ကြိမ်ထပ်မံ
ပြသခြင်းခံခဲ့ရပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဒိုင်လူကြီးရဲ့ရယ်စရာကောင်းလွန်းလှတဲ့
ဆုံးဖြတ်ချက်ကိုရွဲ့တဲ့အနေဖြင့်ကွင်းအတွင်းမှမထွက်ခွာမီဒိုင်လူကြီး
အနားသို့သွားရောက်ကာလက်ခုပ်တီးခဲ့ပါသေးတယ်။
ချန်ပီယံလိဂ်နှစ်ကြိမ်ရဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစက်တင်ဘာလတုန်းက
အဲဗာတန်မှထွက်ခွာကာအရှေ့အလယ်ပိုင်းကလပ်အယ်ရေယန်သို့
ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
zawgyi
တစ္စုံတစ္ရာအမွားအယြင္းမလုပ္မိဘဲ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ျဖင့္ အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ဂ်ိမ္းစ္႐ိုဒ႐ိုဂြက္ဇ္
ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာစေနေန႔တုန္းကအယ္လ္ေရယန္ကအယ္အာရာဘီကို
၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာတစ္စုံတစ္ရာအမွားအယြင္းမလုပ္မိဘဲ ရယ္စရာ
ေကာင္းေလာက္ေအာင္ ဒိုင္လူႀကီးရဲ႕အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ျဖင့္
အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ အသက္၃၀ႏွစ္ရွိ
ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာ ကာတာစူပါလိဂ္မွာ
သုံးပြဲေျမာက္ပြဲအျဖစ္ပါဝင္ကစားခဲ့တာျဖစ္ၿပီးဒိုင္လူႀကီးရဲ႕ထူးဆန္းတဲ့
ဆုံးျဖတ္ခ်က္ႏွစ္ခုေၾကာင့္အမွားမွားအယြင္းယြင္းနဲ႔စတင္မႈျဖစ္ခဲ့ရပါတယ္။
အဆိုပါပြဲစဥ္မွာကိုလံဘီယာလက္ေ႐ြးစင္ဟာၿပိဳင္ဘက္အသင္းဘက္သို႔
ထိုးေဖာက္စဥ္ပင္နယ္တီဧရိယာထိပ္နားမွာၿပိဳင္ဘက္ကစားသမားရဲ႕
ၾကမ္းတမ္းစြာကစားျခင္းခံခဲ့ရၿပီးကြင္းျမက္ခင္းမွာလူးလိမ့္ေနခဲ့ပါတယ္။
ယင္းအခ်ိန္မွာႏွစ္ဖက္ကစားသမားမ်ား႐ုန္းရင္းဆန္ခဲ့ျဖစ္ကာဒိုင္လူႀကီးက
ထိန္းသိမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ဒိုင္လူႀကီးဟာဖရီးကစ္ကန္ဖို႔
ျပင္ဆင္လာတဲ့ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကိုလည္းမဆီမဆိုင္အဝါကတ္ျပသမႈ
ျပဳလုပ္ပါတယ္။ အဲဗာတန္စတားေဟာင္းဟာမဆီမဆိုင္အဝါကတ္ျပသခံရမႈအတြက္
ေဒါတႀကီးေစာဒကတက္ခ်ိန္မွာအဝါကတ္ေနာက္တစ္ႀကိမ္ထပ္မံ
ျပသျခင္းခံခဲ့ရပါတယ္။
ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာဒိုင္လူႀကီးရဲ႕ရယ္စရာေကာင္းလြန္းလွတဲ့
ဆုံးျဖတ္ခ်က္ကို႐ြဲ႕တဲ့အေနျဖင့္ကြင္းအတြင္းမွမထြက္ခြာမီဒိုင္လူႀကီး
အနားသို႔သြားေရာက္ကာလက္ခုပ္တီးခဲ့ပါေသးတယ္။
ခ်န္ပီယံလိဂ္ႏွစ္ႀကိမ္ရဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာစက္တင္ဘာလတုန္းက
အဲဗာတန္မွထြက္ခြာကာအေရွ႕အလယ္ပိုင္းကလပ္အယ္ေရယန္သို႔
ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။