စပါးတိုက်စစ်မှူးရစ်ချာလီတန်ဟာ လန်ဒန်ဒါဘီပွဲစဉ်မှာ
ဘရာဇီးအသင်းဖော် မာတင်နယ်လီလက်ဆွဲနှုတ်ဆက်ဖို့
ငြင်းဆန်ခဲ့တာနဲ့ ပက်သတ်လို့ဝေဖန်ခံနေရပါတယ်။
ဒါပေမဲ့ ပွဲပြီးလို့ခဏအကြာမှာတော့ ဒီကိစ္စနဲ့ပက်သတ်လို့
စပါးတိုက်စစ်မှူးကရှင်းပြခဲ့ပြီး မာတင်နယ်လီကိုပြန်တောင်းပန်
ခဲ့တာဖြစ်တယ်။ အသက် ၂၅ နှစ်အရွယ် ရစ်ချာလီဆန်ဟာ
အာဆင်နယ်နဲ့ပွဲစဉ်မှာ လူစားဝင်အဖြစ်ပါဝင်ခဲ့ပြီးတဲ့နောက်
ပြဿနာတွေဖန်တီးခဲ့သလို ပွဲအပြီးမှာလည်း ပြိုင်ဘက်
ဂိုးသမားရမ့်စ်ဒေးရဲ့ မျက်နှာကိုလက်နဲ့တွန်းထုတ်ခဲ့ပါသေးတယ်။
ဒုတိယပိုင်းအရောက်မှာတော့ ထောင့်ကန်ဘောကန်မယ့်
မာတင်နယ်လီက လူစားဝင်ဖို့သွေးပူလုပ်နေတဲ့
တစ်နိုင်ငံတည်းသားကိုလက်ဆွဲနှုတ်ဆက်ဖို့အတွက်
မီနိုင်လောက်တဲ့အနေအထားအထိ လက်ကမ်းပေးခဲ့ပေမဲ့
ရစ်ချာလီဆန်က ငြင်းဆန်သွားခဲ့တာပါ။ ပွဲအပြီးမှာတော့
ရစ်ချာလီဆန်က မာတင်နယ်လီကိုတောင်းပန်လိုက်တာ
ဖြစ်တယ်။ ESPN နဲ့တွေ့ဆုံမှုမှာတော့ စပါးတိုက်စစ်မှူးက
“မာတင်နယ်လီကို တောင်းပန်ချင်တယ်၊ သူ အရမ်းကို
ဒိုင်ဗင်တွေထိုးနေတာကြောင့် ကျွန်တော်သူ့ကိုလက်ဆွဲပြီး
မနှုတ်ဆက်ခဲ့ဘူး။ ဂါဘရီရယ်မက်ဂါဟေ့စ်ကိုလည်း
မင်းတချိန်လုံးကစားနေတာကိုရပ်လိုက်တော့လို့
ကျွန်တော်ပြောခဲ့မိတယ်” လို့ ရှင်းပြသွားခဲ့ပါတယ်။
ရစ်ချာလီဆန်ဟာ ကွင်းထဲမရောက်ခင်ကတည်းက
ပွဲရှိန်တက်အောင်လုပ်ဆောင်နေသူဖြစ်ပြီး ကွင်းဘေးစည်းမှာ
သွေးပူလုပ်နေချိန် အာဆင်နယ်အသင်းသား တိုမီယာဆုနဲ့လည်း ကပ်ငြိနေပါသေးတယ်။
zawgyi
တစ်ချိန်လုံးဒိုင်ဗင်ထိုးနေတာကြောင့် မာတင်နယ်လီကို လက်ဆွဲနှုတ်ဆက်ဖို့ငြင်းဆန်ခဲ့တယ်လို့ ရစ်ချာလီဆန် ဖွင့်ဟ