တစ်ချိန်တုန်းက ပြိုင်ဘက်တွေဖြစ်ပေမယ့် Ballon d’Or ဆုအတွက် မက်ဆီကို ထောက်ခံလိုက်တဲ့ ရာမို့စ်

ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက်

ပီအက်စ်ဂျီနောက်ခံလူရာမို့စ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက်

သူ့ရဲ့အသင်းဖော်သစ်မက်ဆီကို ထောက်ခံလိုက်ပါတယ်။

ပြင်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်ချီးမြှင့်တဲ့ Ballond d’Or ဆုပေးပွဲကို

တနင်္လာညမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ

ရာမို့စ်က မက်ဆီကို ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။

တစ်ချိန်တုန်းက ပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ ရာမို့စ်နဲ့မက်ဆီတို့ဟာ

စိန့်အက်တီယန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အတူပွဲထွက်ကစားခဲ့ကြပါတယ်။

ရာမို့စ်အနေနဲ့ ပီအက်စ်ဂျီအတွက် အပြည့်အဝပွဲဦးထွက်နိုင်ခြင်းဖြစ်ပြီး

မက်ဆီကလည်း ရှုံးနေရာကနေ ပြန်နိုင်ခဲ့တဲ့အဲဒီပွဲမှာ ဂိုးဖန်တီးမှုဟက်ထရစ်ရခဲ့ပါတယ်။

မက်ဆီဟာ Ballon d’Or ဆုကို စံချိန်တင် ၇ ကြိမ်မြောက်ရရှိဖို့အတွက်

ရေပန်းအစားဆုံးဖြစ်နေပြီး အဲဒီအာဂျင်းတီးနားသား

နောက်တစ်ကြိမ်ထပ်ရဦးမှာလို့ ရာမို့စ်က ထောက်ခံခဲ့တာပါ။

”မက်ဆီရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော့်အသင်းက

လူတွေကို ကာကွယ်ပေးရတော့မှာပါ။ သူကံကောင်းဖို့ ကျွန်တော်ဆန္ဒပြုပါတယ်။

သူဟာ ပွဲအဖြေကိုပြောင်းပေးနိုင်တဲ့ ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။

အသင်းမှာ သူ့လိုကစားသမားရှိနေလိ့ု ဂုဏ်ယူရပါတယ်”လို့ ရာမို့စ်က ပြောခဲ့တာပါ။

မက်ဆီနဲ့ရာမို့စ်တို့ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်အတွင်း

သက်ဆိုင်ရာနေရာကနေ လာလီဂါရဲ့အကောင်းဆုံးတွေဖြစ်ခဲ့ကြတာပါ။

နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်

ပီအက်စ်ဂျီမှာ အတူကစားကြမယ်ဆိုတော့လည်း ကမ္ဘာ့ဘောလုံးမှာ မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ မန်စီးတီးနဲ့ချန်ပီယံလိဂ်ပွဲမှာ ပထမဆုံးအကြိမ်

အတူကစားကြတာဖြစ်ပေမယ့် နိုင်ပွဲနဲ့မစနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့စိန့်အက်တီယန်နဲ့ပွဲမှာတော့ ပီအက်စ်ဂျီရဲ့ပွဲထွက်စာရင်းမှာ

ပထမဆုံးအကြိမ်အဖြစ် အတူပါဝင်ခဲ့ကြတာပါ။

zawgyi

တစ္ခ်ိန္တုန္းက ၿပိဳင္ဘက္ေတြျဖစ္ေပမယ့္ Ballon d’Or ဆုအတြက္ မက္ဆီကို ေထာက္ခံလိုက္တဲ့ ရာမို႔စ္

ၿပိဳင္ဘက္ေတြအျဖစ္ ႏွစ္ေပါင္းမ်ားစြာရင္ဆိုင္ခဲ့ၿပီးေနာက္

ပီအက္စ္ဂ်ီေနာက္ခံလူရာမို႔စ္ဟာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုအတြက္

သူ႔ရဲ႕အသင္းေဖာ္သစ္မက္ဆီကို ေထာက္ခံလိုက္ပါတယ္။

ျပင္ေဘာလုံးမဂၢဇင္းက ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ Ballond d’Or ဆုေပးပြဲကို

တနလၤာညမွာ က်င္းပသြားမွာျဖစ္ၿပီး အဲဒီမတိုင္ခင္မွာ

ရာမို႔စ္က မက္ဆီကို ဆုမြန္ေကာင္းေတာင္းေပးခဲ့တာပါ။

တစ္ခ်ိန္တုန္းက ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတဲ့ ရာမို႔စ္နဲ႔မက္ဆီတို႔ဟာ

စိန႔္အက္တီယန္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ အတူပြဲထြက္ကစားခဲ့ၾကပါတယ္။

ရာမို႔စ္အေနနဲ႔ ပီအက္စ္ဂ်ီအတြက္ အျပည့္အဝပြဲဦးထြက္ႏိုင္ျခင္းျဖစ္ၿပီး

မက္ဆီကလည္း ရႈံးေနရာကေန ျပန္ႏိုင္ခဲ့တဲ့အဲဒီပြဲမွာ ဂိုးဖန္တီးမႈဟက္ထရစ္ရခဲ့ပါတယ္။

မက္ဆီဟာ Ballon d’Or ဆုကို စံခ်ိန္တင္ ၇ ႀကိမ္ေျမာက္ရရွိဖို႔အတြက္

ေရပန္းအစားဆုံးျဖစ္ေနၿပီး အဲဒီအာဂ်င္းတီးနားသား

ေနာက္တစ္ႀကိမ္ထပ္ရဦးမွာလို႔ ရာမို႔စ္က ေထာက္ခံခဲ့တာပါ။

”မက္ဆီရမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ့္အသင္းက

လူေတြကို ကာကြယ္ေပးရေတာ့မွာပါ။ သူကံေကာင္းဖို႔ ကြၽန္ေတာ္ဆႏၵျပဳပါတယ္။

သူဟာ ပြဲအေျဖကိုေျပာင္းေပးႏိုင္တဲ့ ထူးျခားတဲ့ကစားသမားတစ္ေယာက္ပါ။

အသင္းမွာ သူ႔လိုကစားသမားရွိေနလိ့ု ဂုဏ္ယူရပါတယ္”လို႔ ရာမို႔စ္က ေျပာခဲ့တာပါ။

မက္ဆီနဲ႔ရာမို႔စ္တို႔ဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုေက်ာ္အတြင္း

သက္ဆိုင္ရာေနရာကေန လာလီဂါရဲ႕အေကာင္းဆုံးေတြျဖစ္ခဲ့ၾကတာပါ။

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္

ပီအက္စ္ဂ်ီမွာ အတူကစားၾကမယ္ဆိုေတာ့လည္း ကမာၻ႔ေဘာလုံးမွာ မယုံႏိုင္ျဖစ္ခဲ့ၾကပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ မန္စီးတီးနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ပထမဆုံးအႀကိမ္

အတူကစားၾကတာျဖစ္ေပမယ့္ ႏိုင္ပြဲနဲ႔မစႏိုင္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့စိန႔္အက္တီယန္နဲ႔ပြဲမွာေတာ့ ပီအက္စ္ဂ်ီရဲ႕ပြဲထြက္စာရင္းမွာ

ပထမဆုံးအႀကိမ္အျဖစ္ အတူပါဝင္ခဲ့ၾကတာပါ။