
ရီးရဲလ်တောင်ပံကစားသမားအီဒင်ဟာဇက်က တစ်ချိန်ကလိုအကောင်းဆုံးမဟုတ်တော့ပေမဲ့ ဘယ်လ်ဂျီယံအတွက် အများကြီးလုပ်ပေးနိုင်သေးတယ်လို့ ကြုံးဝါးလိုက်ပါတယ်။





၂၀၁၉ မှာ ချဲလ်ဆီးကနေ ဘာနေဗျူးပြောင်းရွှေ့ခဲ့တဲ့နောက် ဟာဇက်ရဲ့ကစားသမားဘဝက အမှောင်မိုက်ဆုံးကာလထဲကို ရောက်ရှိသွားခဲ့တာဖြစ်တယ်။ ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ပြီး





ဒဏ်ရာပြဿနာတွေနဲ့ချာလည်ရိုက်ခဲ့တဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ဥရောပချန်ပီယံအသင်းအတွက် ၇၂ပွဲ သာကစားခွင့်ရထားပါတယ်။ ပုံမှန်အားဖြင့် ညံ့ဖျင်းလွန်းနေပေမဲ့ ကမ္ဘာ့ဖလားမှာတော့
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြဖို့ ဟာဇက်က မျှော်လင့်ထားတာဖြစ်တယ်။ “အမှန်အတိုင်းပြောရရင် ၂၀၁၈ အဆင့်မျိုး ကျွန်တော့်မှာမရှိတော့ဘူး။ အဲ့လိုမလုပ်ပြနိုင်တော့ဘူး။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရပါ အရမ်းကိုခံစားခဲ့ရတယ်။ ဒါကိုဝန်ခံရမှာ မရှက်ပါဘူး။ ၂၀၁၈ တုန်းက ကမ္ဘာ့အကောင်းဆုံးထိပ်တန်းကစားသမား ၁၀ဦး စာရင်းဝင်ခဲ့တယ်။





ငါ အဲ့ဒီလိုပြန်လာနိုင်မှာလား။ မထင်တော့ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်က ခွင့်ပြုမယ်ဆိုရင်ကြီးကျယ်တဲ့အရာတွေကို လုပ်ပြနိုင်သေးတယ်” လို့ Goal နဲ့တွေ့ဆုံမှုမှာ
ဟာဇက်ကပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့ အပါတ်မှာတော့ ဟာဇက်က သူ့ကိုဘာနေဗျူးဆီမျှော်လင့်တကြီးခေါ်ယူခဲ့ချိန်မှာ ပုံစံကောင်းပြသဖို့





ပျက်ကွက်ခဲ့တာတွေအတွက် ရီးရဲလ်ပရိသတ်တွေကိုတောင်းပန်စကားဆိုထားပါတယ်။
(Zawgyi)





တစ္ခ်ိန္က ဟာဇက္မဟုတ္ေတာ့ေပမဲ့ ခႏၶာကိုယ္ကခြင့္ျပဳရင္အေကာင္းဆုံးလုပ္ျပႏိုင္ေသးတယ္လို႔ အီဒင္ဟာဇက္ ႀကဳံးဝါးလိုက္
ရီးရဲလ္ေတာင္ပံကစားသမားအီဒင္ဟာဇက္က တစ္ခ်ိန္ကလိုအေကာင္းဆုံးမဟုတ္ေတာ့ေပမဲ့ ဘယ္လ္ဂ်ီယံအတြက္အမ်ားႀကီးလုပ္ေပးႏိုင္ေသးတယ္လို႔ ႀကဳံးဝါးလိုက္ပါတယ္။ ၂၀၁၉ မွာ ခ်ဲလ္ဆီးကေန





ဘာေနဗ်ဴးေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ ဟာဇက္ရဲ႕ကစားသမားဘဝကအေမွာင္မိုက္ဆုံးကာလထဲကိုေရာက္ရွိသြားခဲ့တာျဖစ္တယ္။ ရီးရဲလ္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ၿပီး ဒဏ္ရာျပႆနာေတြနဲ႔ခ်ာလည္႐ိုက္ခဲ့တဲ့
ဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ ဥေရာပခ်န္ပီယံအသင္းအတြက္ ၇၂ပြဲ သာကစားခြင့္ရထားပါတယ္။ ပုံမွန္အားျဖင့္ ညံ့ဖ်င္းလြန္းေနေပမဲ့ ကမာၻ႔ဖလားမွာေတာ့ ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္အျဖစ္ေျခစြမ္းျပဖို႔
ဟာဇက္က ေမွ်ာ္လင့္ထားတာျဖစ္တယ္။ “အမွန္အတိုင္းေျပာရရင္ ၂၀၁၈ အဆင့္မ်ိဳး ကြၽန္ေတာ့္မွာမရွိေတာ့ဘူး။ အဲ့လိုမလုပ္ျပႏိုင္ေတာ့ဘူး။ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာအရပါ အရမ္းကိုခံစားခဲ့ရတယ္။





ဒါကိုဝန္ခံရမွာ မရွက္ပါဘူး။ ၂၀၁၈ တုန္းက ကမာၻ႔အေကာင္းဆုံးထိပ္တန္းကစားသမား ၁၀ဦး စာရင္းဝင္ခဲ့တယ္။ ငါ အဲ့ဒီလိုျပန္လာႏိုင္မွာလား။ မထင္ေတာ့ပါဘူး။
ဒါေပမဲ့ ငါ့ရဲ႕ခႏၶာကိုယ္က ခြင့္ျပဳမယ္ဆိုရင္ႀကီးက်ယ္တဲ့အရာေတြကို လုပ္ျပႏိုင္ေသးတယ္” လို႔ Goalနဲ႔ေတြ႕ဆုံမႈမွာ ဟာဇက္ကေျပာဆိုသြားပါတယ္။





ၿပီးခဲ့တဲ့ အပါတ္မွာေတာ့ ဟာဇက္က သူ႔ကိုဘာေနဗ်ဴးဆီေမွ်ာ္လင့္တႀကီးေခၚယူခဲ့ခ်ိန္မွာ ပုံစံေကာင္းျပသဖို႔ပ်က္ကြက္ခဲ့တာေတြအတြက္ ရီးရဲလ္ပရိသတ္ေတြကိုေတာင္းပန္စကားဆိုထားပါတယ္။