
ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူရဲ့ဘဏ္ဍာရေးပြဿနာ၊ စီမံခန့်ခွဲမှု အမှားတွေကြောင့်
မက်ဆီဟာအသင်းကအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ရသလို မနှစ်ကလည်း
အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကိုလည်း အသင်းကထွက်ခွာသွားအောင်
ဖိအားပေးခဲ့တာတွေကြောင့် အသင်းရဲ့ပုံရိပ်တွေဟာ ဆက်တိုက်ကျဆင်းခဲ့ပါတယ်။
အသင်းရဲ့စီနီယာကစားသမားတွေ အချင်းချင်းမှာတောင်
အသင်းနဲ့ဘုတ်အဖွဲ့ကြားမှာ ရပ်တည်မှုတွေ မတူညီကြတော့လို့
စိတ်ဝမ်းကွဲမှုတွေဖြစ်နေရချိန်မှာ ဇာဗီပြန်လည်ရောက်ရှိလာခဲ့တာဟာ
အကောင်းဆုံးထိန်းကွတ်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။
ဒါဟာလည်း လက်ရှိ ဥက္ကဌ လာပေါ်တာရဲ့ ချီးကျူးရမယ့် ဆောင်ရွက်မှုတစ်ခုပါပဲ။
မနေ့ကညမှာ တော့ လာလီဂါချန်ပီယံ အက်သလက်ကို ၄-၂ ဂိုးနဲ့ အနိုင်ယူပြီး
လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသလို တစ်ချိန်တုန်းက အောင်မြင်မှုရယူနိုင်ခဲ့တဲ့
အတိတ်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
ဘာစီလိုနာဟာ အဲဒီပွဲမှာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၄-၁ ဂိုးနဲ့
ဦးဆောင်နိုင်တဲ့အချိန် ခြေစွမ်းပြနိုင်ခဲ့ပြီး ၄-၂ ဂိုးနဲ့ ဦးဆောင်နေချိန် နောက်ခံလူ
အဲလ်ဗက်စ် ထုတ်ပယ်ခံခဲ့ရတောင် ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ အဲလ်ဗက်စ်က ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို
အသင်းဖော် အယ်လ်ဘာအတွက်လည်း
အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး အယ်လ်ဘာ ဂိုးသွင်းအပြီး
သူတို့နှစ်ယောက်ရဲ့ပူးပေါင်းအောင်ပွဲခံပုံက
တစ်ချိန်က ဘာစီလိုနာအသင်းရဲ့ပုံရိပ်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
အယ်လ်ဘာဟာ အဲလ်ဗက်စ် အသာလေးခုတ်တင်ပေးလိုက်တာကို
ဧရိယာဘက်ဘယ်ကနေဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ထဲ
မြေမကျ လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးသွင်းအပြီး
အဲလ်ဗက်စ်နဲ့အတူ အောင်ပွဲခံခဲ့တဲ့ပုံစံက ဘာစီလိုနာပရိသတ်တွေကို
အရင်တုန်းကအမှတ်တရတွေ ပြန်လည်သတိရစေခဲ့ပါတယ်။
အဲလ်ဗက်စ်က ဒူးနှစ်ဘက်ကို ညွတ်ကာ လက်ညှိုးထိုးရင်း
ပြင်းပြင်းပြပြ အောင်ပွဲခံခဲ့တာဖြစ်ပြီး
အယ်လ်ဘာကလည်း အဲလ်ဗက်စ်ရဲ့ရှေ့မှာ အပီအပြင်အောင်ပွဲခံ့တာဖြစ်ပါတယ်။
အဲလ်ဗက်စ်ဟာ အဲဒီပွဲမှာ ပွဲချိန် ၆၉မိနစ်အရောက်
အနီကတ်ပြသခံခဲ့ရပေမယ့် ပရိသတ်တွေကတော့
သူတို့နှစ်ယောက်ရဲ့အောင်ပွဲခံမှုဟာ အရင်တုန်းကနဲ့ တစ်ထေရာတည်းပဲဆိုပြီး
လူမှုမီဒီယာမှာအသီးသီးရေးသားခဲ့ကြပါတယ်။
ဘာစီလိုနာကလည်း အဲဒီပွဲအနိုင်ကြောင့်
အဆင့် ၄ နေရာ ရောက်လာပြီး အဆင့် ၃ နေရာက
ဘက်တစ်နဲ့ တစ်ပွဲလျော့ ၂ မှတ်အကွာဆိုတော့ လက်ကျန်ပွဲသာ အနိုင်ရရင်
တတိယနေရာ တက်လှမ်းနိုင်မှာဖြစ်သလို အဆင့် ၅ နေရာက အက်သလက်ကိုလည်း
၂ မှတ်ဖြတ်ထားတာကြောင့် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
မျှော်လင့်ချက် အားကောင်းလာပါတယ်။
zawgyi
တစ်ချိန်က ဘာစီလိုနာအသင်းရဲ့ပုံရိပ်ကို ပြန်လည်အမှတ်ရစေခဲ့တဲ့ အယ်လ်ဘာနဲ့အဲလ်ဗက်စ်တို့ရဲ့ ပူးပေါင်းအောင်ပွဲခံမှု
ဘာစီလိုနာ ဥကၠဌေဟာင္း ဘာတိုျမဴရဲ႕ဘ႑ာေရးျပႆနာ၊ စီမံခန႔္ခြဲမႈ အမွားေတြေၾကာင့္
မက္ဆီဟာအသင္းကအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာသြားခဲ့ရသလို မႏွစ္ကလည္း
အသင္းရဲ႕ဂႏၲဝင္တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကိုလည္း အသင္းကထြက္ခြာသြားေအာင္
ဖိအားေပးခဲ့တာေတြေၾကာင့္ အသင္းရဲ႕ပုံရိပ္ေတြဟာ ဆက္တိုက္က်ဆင္းခဲ့ပါတယ္။
အသင္းရဲ႕စီနီယာကစားသမားေတြ အခ်င္းခ်င္းမွာေတာင္
အသင္းနဲ႔ဘုတ္အဖြဲ႕ၾကားမွာ ရပ္တည္မႈေတြ မတူညီၾကေတာ့လို႔
စိတ္ဝမ္းကြဲမႈေတြျဖစ္ေနရခ်ိန္မွာ ဇာဗီျပန္လည္ေရာက္ရွိလာခဲ့တာဟာ
အေကာင္းဆုံးထိန္းကြတ္မႈတစ္ခုျဖစ္ေစခဲ့ပါတယ္။
ဒါဟာလည္း လက္ရွိ ဥကၠဌ လာေပၚတာရဲ႕ ခ်ီးက်ဴးရမယ့္ ေဆာင္႐ြက္မႈတစ္ခုပါပဲ။
မေန႔ကညမွာ ေတာ့ လာလီဂါခ်န္ပီယံ အက္သလက္ကို ၄-၂ ဂိုးနဲ႔ အႏိုင္ယူၿပီး
လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာသလို တစ္ခ်ိန္တုန္းက ေအာင္ျမင္မႈရယူႏိုင္ခဲ့တဲ့
အတိတ္ကို ျပန္လည္အမွတ္ရေစခဲ့ပါတယ္။
ဘာစီလိုနာဟာ အဲဒီပြဲမွာ ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္ ၄-၁ ဂိုးနဲ႔
ဦးေဆာင္ႏိုင္တဲ့အခ်ိန္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၄-၂ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္ ေနာက္ခံလူ
အဲလ္ဗက္စ္ ထုတ္ပယ္ခံခဲ့ရေတာင္ ဂိုးမေပးရေအာင္ ထိန္းကစားႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ အဲလ္ဗက္စ္က ကိုယ္တိုင္ဂိုးသြင္းယူႏိုင္ခဲ့သလို
အသင္းေဖာ္ အယ္လ္ဘာအတြက္လည္း
အေကာင္းဆုံး ဖန္တီးေပးႏိုင္ခဲ့ၿပီး အယ္လ္ဘာ ဂိုးသြင္းအၿပီး
သူတို႔ႏွစ္ေယာက္ရဲ႕ပူးေပါင္းေအာင္ပြဲခံပုံက
တစ္ခ်ိန္က ဘာစီလိုနာအသင္းရဲ႕ပုံရိပ္ကို ျပန္လည္အမွတ္ရေစခဲ့ပါတယ္။
အယ္လ္ဘာဟာ အဲလ္ဗက္စ္ အသာေလးခုတ္တင္ေပးလိုက္တာကို
ဧရိယာဘက္ဘယ္ကေနဂိုးသမားရဲ႕ညာဘက္အေပၚေထာင့္ထဲ
ေျမမက် လွလွပပကန္သြင္းခဲ့တာျဖစ္ၿပီး ဂိုးသြင္းအၿပီး
အဲလ္ဗက္စ္နဲ႔အတူ ေအာင္ပြဲခံခဲ့တဲ့ပုံစံက ဘာစီလိုနာပရိသတ္ေတြကို
အရင္တုန္းကအမွတ္တရေတြ ျပန္လည္သတိရေစခဲ့ပါတယ္။
အဲလ္ဗက္စ္က ဒူးႏွစ္ဘက္ကို ၫြတ္ကာ လက္ညႇိဳးထိုးရင္း
ျပင္းျပင္းျပျပ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး
အယ္လ္ဘာကလည္း အဲလ္ဗက္စ္ရဲ႕ေရွ႕မွာ အပီအျပင္ေအာင္ပြဲခံ့တာျဖစ္ပါတယ္။
အဲလ္ဗက္စ္ဟာ အဲဒီပြဲမွာ ပြဲခ်ိန္ ၆၉မိနစ္အေရာက္
အနီကတ္ျပသခံခဲ့ရေပမယ့္ ပရိသတ္ေတြကေတာ့
သူတို႔ႏွစ္ေယာက္ရဲ႕ေအာင္ပြဲခံမႈဟာ အရင္တုန္းကနဲ႔ တစ္ေထရာတည္းပဲဆိုၿပီး
လူမႈမီဒီယာမွာအသီးသီးေရးသားခဲ့ၾကပါတယ္။
ဘာစီလိုနာကလည္း အဲဒီပြဲအႏိုင္ေၾကာင့္
အဆင့္ ၄ ေနရာ ေရာက္လာၿပီး အဆင့္ ၃ ေနရာက
ဘက္တစ္နဲ႔ တစ္ပြဲေလ်ာ့ ၂ မွတ္အကြာဆိုေတာ့ လက္က်န္ပြဲသာ အႏိုင္ရရင္
တတိယေနရာ တက္လွမ္းႏိုင္မွာျဖစ္သလို အဆင့္ ၅ ေနရာက အက္သလက္ကိုလည္း
၂ မွတ္ျဖတ္ထားတာေၾကာင့္ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ အားေကာင္းလာပါတယ္။