
ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်





လန်ဒန်စတေဒီယံအပြင်ဘက်မှာ ဝက်စ်ဟမ်းထောက်ခံသူကို ‘မင်း အသက် ၅၀ရှိနေပြီ’ လို့
ချဲလ်ဆီးလူငယ်ပရိသတ်တစ်ယောက်က လှောင်ပြောင်ခဲ့တာပါ။





ဟမ်းမားပရိသတ်ဟာ ဒေါသထွက်ခဲ့ပြီးတဲ့နောက် တစ်ချက်ထဲပြေးထိုးခဲ့ရာမှာ
ချဲလ်ဆီးထောက်ခံသူဟာ မြေပြင်ပေါ်ကိုအရုပ်ကြိုးပြတ်လဲကျခဲ့ပြီး ဆေးအဖွဲ့ဝင်တွေနဲ့
ကွင်းလုံခြုံရေးတွေက ဝိုင်းဝန်းစောင့်ရှောက်နေးခဲ့ရပါတယ်။





တစ်ချက်ထဲအမှောက်သိပ်ခံလိုက်ရတဲ့ ချဲလ်ဆီးပရိသတ်ဟာ မေးရိုးကသွေးတွေစီးကျခဲ့ပြီး
သွားကျွတ်ထွက်ခဲ့သလို ကျူးလွန်သူကိုတော့ ရဲတပ်ဖွဲ့ကလက်ထိတ်ခတ်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်။





အထိုးခံလိုက်ရသူကိုတော့ ဘီးတပ်ကုလားထိုင်နဲ့ခေါ်ထုတ်ပြီးဆေးရုံတင်ပေးခဲ့တာပါ။
ဆေးရုံရောက်နေတဲ့ ချဲလ်ဆီးလူငယ်ပရိသတ်ဟာ ရယ်ရယ်မောမောရှိနေခဲ့တဲ့
ဗီဒီယိုဖိုင်တစ်ခုကိုလူမှုကွန်ယက်မှာမျှဝေခဲ့ပြီး ဘေးနားမှာရှိတဲ့ သူ့ရဲ့မိခင်ကတော့





စိတ်မကောင်းခြင်းများစွာနဲ့မလုပ်ဖို့ငြင်းဆန်နေခဲ့ပါတယ်။ မိခင်ဖြစ်သူက
“ရယ်စရာမဟုတ်ဘူး၊ ရယ်စရာမဟုတ်ဘူး” လို့ ပြောဆိုနေခဲ့တဲ့နောက် လူငယ်ပရိသတ်က





“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ မင်း မရယ်ချင်ဘူးလား” လို့ တုံ့ပြန်နေတာတွေ့ရပါတယ်။
မိခင်ဖြစ်သူကတော့ “မဟုတ်ဘူး၊ ရယ်စရာမဟုတ်ဘူး” လို့ထပ်မံပြောဆိုနေခဲ့တာပါ။
ထိတ်လန့်စရာအဖြစ်အပျက်ကိုတော့ ချဲလ်ဆီးနောက်ခံလူရီစီဂျိမ်းစ်သိခဲ့ပြီးတဲ့နောက်





ပြိုင်ဆိုင်မှုပြင်းထန်တာကိုနားလည်ပေမယ့် အကြမ်းဖက်တာကအဖြေတစ်ခုမဟုတ်သလို
အထိုးခံလိုက်ရတဲ့ ပရိသတ်ကိုဝိုင်းဝန်းကူညီပေးကြဖို့တောင်းဆိုထားပါတယ်။





zawgyi
တစ္ခ်က္ထဲအေမွာက္သိပ္ခံရတာေတာင္ ေဆး႐ုံကုတင္ေပၚမွာအေၾကာေထာင္ေနေသးတဲ့ ခ်ဲလ္ဆီးပရိသတ္
ဝက္စ္ဟမ္းနဲ႔ ခ်ဲလ္ဆီးတို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္





လန္ဒန္စေတဒီယံအျပင္ဘက္မွာ ဝက္စ္ဟမ္းေထာက္ခံသူကို ‘မင္း အသက္ ၅၀ရွိေနၿပီ’ လို႔
ခ်ဲလ္ဆီးလူငယ္ပရိသတ္တစ္ေယာက္က ေလွာင္ေျပာင္ခဲ့တာပါ။





ဟမ္းမားပရိသတ္ဟာ ေဒါသထြက္ခဲ့ၿပီးတဲ့ေနာက္ တစ္ခ်က္ထဲေျပးထိုးခဲ့ရာမွာ
ခ်ဲလ္ဆီးေထာက္ခံသူဟာ ေျမျပင္ေပၚကိုအ႐ုပ္ႀကိဳးျပတ္လဲက်ခဲ့ၿပီး ေဆးအဖြဲ႕ဝင္ေတြနဲ႔
ကြင္းလုံၿခဳံေရးေတြက ဝိုင္းဝန္းေစာင့္ေရွာက္ေနးခဲ့ရပါတယ္။





တစ္ခ်က္ထဲအေမွာက္သိပ္ခံလိုက္ရတဲ့ ခ်ဲလ္ဆီးပရိသတ္ဟာ ေမး႐ိုးကေသြးေတြစီးက်ခဲ့ၿပီး
သြားကြၽတ္ထြက္ခဲ့သလို က်ဴးလြန္သူကိုေတာ့ ရဲတပ္ဖြဲ႕ကလက္ထိတ္ခတ္ေခၚေဆာင္သြားခဲ့တာျဖစ္တယ္။





အထိုးခံလိုက္ရသူကိုေတာ့ ဘီးတပ္ကုလားထိုင္နဲ႔ေခၚထုတ္ၿပီးေဆး႐ုံတင္ေပးခဲ့တာပါ။
ေဆး႐ုံေရာက္ေနတဲ့ ခ်ဲလ္ဆီးလူငယ္ပရိသတ္ဟာ ရယ္ရယ္ေမာေမာရွိေနခဲ့တဲ့
ဗီဒီယိုဖိုင္တစ္ခုကိုလူမႈကြန္ယက္မွာမွ်ေဝခဲ့ၿပီး ေဘးနားမွာရွိတဲ့ သူ႔ရဲ႕မိခင္ကေတာ့





စိတ္မေကာင္းျခင္းမ်ားစြာနဲ႔မလုပ္ဖို႔ျငင္းဆန္ေနခဲ့ပါတယ္။ မိခင္ျဖစ္သူက
“ရယ္စရာမဟုတ္ဘူး၊ ရယ္စရာမဟုတ္ဘူး” လို႔ ေျပာဆိုေနခဲ့တဲ့ေနာက္ လူငယ္ပရိသတ္က





“ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ မင္း မရယ္ခ်င္ဘူးလား” လို႔ တုံ႔ျပန္ေနတာေတြ႕ရပါတယ္။
မိခင္ျဖစ္သူကေတာ့ “မဟုတ္ဘူး၊ ရယ္စရာမဟုတ္ဘူး” လို႔ထပ္မံေျပာဆိုေနခဲ့တာပါ။
ထိတ္လန႔္စရာအျဖစ္အပ်က္ကိုေတာ့ ခ်ဲလ္ဆီးေနာက္ခံလူရီစီဂ်ိမ္းစ္သိခဲ့ၿပီးတဲ့ေနာက္





ၿပိဳင္ဆိုင္မႈျပင္းထန္တာကိုနားလည္ေပမယ့္ အၾကမ္းဖက္တာကအေျဖတစ္ခုမဟုတ္သလို
အထိုးခံလိုက္ရတဲ့ ပရိသတ္ကိုဝိုင္းဝန္းကူညီေပးၾကဖို႔ေတာင္းဆိုထားပါတယ္။