တစ်ခါတည်းနဲ့ မှတ်သွားတဲ့ မန်စီးတီးက အာဆင်နယ်ကို လူမရောင်းတော့ဘူး ဆိုပဲ

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးဟာ သူတို့အသင်းရဲ့ ကစားသမားတွေကို တခြားပရီးမီးယားလိဂ် ကလပ်တွေဆီ ရောင်းချတော့မှာ မဟုတ်ဘဲ အထူးသဖြင့် အာဆင်နယ်ဆို

ပိုပြီး မရောင်းချင်တဲ့ ဆန္ဒမျိုး ရှိနေပြီလို့ သိ ရပါတယ်။ မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ တိုက်စစ် မှူး ဂျေဇူးနဲ့ နောက်ခံလူ ဇင်ချန်ကိုတို့ကို ဂန်းနားတွေဆီ ရောင်းထုတ်ပစ်ခဲ့ပါတယ်။

အဲဒီအတွက် အကျိုးရလဒ်ကတော့ ဒီရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၅ မှတ်ပြတ်နဲ့ ဦးဆောင်နေ ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ဂျေဇူးအတွက်

ပေါင် ၄၅ သန်း၊ ဇင်ချန်ကို အတွက်က ပေါင် ၃၂ သန်း အဆိုပြီး ထိုက်သင့်တဲ့ တန်ဖိုးမျိုး ရလိုက်ပေမဲ့ သူတို့ ပေးဆပ်လိုက်ရတာကတော့ ချန်ပီယံဆုအတွက် ရတက်မအေးစရာ ပြိုင်ဘက်အသင်းတစ်သင်း

ပိုတိုးလာခဲ့တာပါပဲ။ ဒါကြောင့် လက်ရှိ ဦးစားပေး အသင်းကြီးမှာ ကစားနေတဲ့ ဘယ်လို ကစားသမားမျိုးကိုမဆို နောက်နောင် ကာလာတွေမှာ အာဆင်နယ်ဆီကို မရောင်းဖို့ မန်စီးတီး ဆုံးဖြတ်လိုက်တယ်လို့

ဘောလုံးအတွင်းသတင်းတွေကို ရှာရှာကြံကြံ ထုတ်ဖော် ရေးသားတတ် တဲ့ Football Insider သတင်းဝက်ဘ်ဆိုက်က ရေးသားခဲ့ပါတယ်။ ဒီလို ဆုံး ဖြတ်ချက်မျိုးရဲ့ အဓိက မြစ်ဖျားခံရာ

အကြောင်းအရင်းကတော့ နည်းပြဂွါဒီ ယိုလာကိုယ်တိုင် ဖြစ်နိုင်ပြီး မလိုချင်လို့ ရောင်းထုတ်လိုက်တဲ့ ကစားသမား တွေက ဒီရာသီမှာ သူ့အသင်းကို ဒုက္ခပေးမယ့် ကစားသမားမျိုးတွေ ဖြစ်နေတာကြောင့်လည်း

ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဒီရာသီအစောပိုင်းမှာ ဘရာဇီး တိုက်စစ်မှူး ဂျေဇူးနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း အခုလို ပြောဆိုထားခဲ့တာလည်း ရှိပါတယ်။ ‘’အခုလိုမျိုး တစ်ဦးတစ်ယောက်ချင်း

ပြုပြင်ပြောင်းလဲမှုကနေပြီး ဘောလုံးမှာ မတူကွဲပြားမှုတွေကို လုပ်ပြနိုင် ပြီး ဂျေဇူးဟာဆိုရင် သီတင်းပတ်တိုင်းမှာ အဲဒီလိုမျိုး လုပ်ဆောင်နေတာဖြစ် ပါတယ်’’ လို့ အာတီတာက ဖွင့်ဟခဲ့ဖူးပါတယ်။

ဒါ့အပြင် နောက်ခံလူ ဇင်ချန်ကိုနဲ့ ပတ်သက်ပြီးတော့လည်း အာတီတာက ‘’သူ့ကို ကွင်းလယ်မှာ ဝင်ပြီး ကစားဖို့ ကျွန်တော်တို့ တွန်းအားပေးထားတယ်။ နောက်ပြီး သူက နောက်ခံလူအဖြစ်

ကစားနေတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ အဲဒီလို က စားတာမျိုးဟာ တိုက်စစ်ဆင်ဖို့အတွက် ကျွန်တော်တို့ကို နေရာမျိုးစုံ ဖြည့်စွက် ပြီး ကစားပေးနိုင်ပါတယ်’’ လို့ ပြောဆိုထားခဲ့ပါတယ်။

(Zawgyi)

တစ္ခါတည္းနဲ႔ မွတ္သြားတဲ့ မန္စီးတီးက အာဆင္နယ္ကို လူမေရာင္းေတာ့ဘူး ဆိုပဲ

ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ မန္စီးတီးဟာ သူတို႔အသင္းရဲ႕ ကစားသမား ေတြကို တျခားပရီးမီးယားလိဂ္ ကလပ္ေတြဆီ ေရာင္းခ်ေတာ့မွာ မဟုတ္ဘဲ အထူးသျဖင့္

အာဆင္နယ္ဆိုၿ ပိုၿပီး မေရာင္းခ်င္တဲ့ ဆႏၵမ်ိဳး ရွိေနၿပီလို႔ သိ ရပါတယ္။ မန္ခ်က္စတာကလပ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ တိုက္စစ္ မႉး ေဂ်ဇူးနဲ႔ ေနာက္ခံလူ ဇင္ခ်န္ကိုတို႔ကို ဂန္းနားေတြဆီ

ေရာင္းထုတ္ပစ္ခဲ့ ပါတယ္။ အဲဒီအတြက္ အက်ိဳးရလဒ္ကေတာ့ ဒီရာသီမွာ အာဆင္နယ္ဟာ ပရီး မီးယားလိဂ္ အမွတ္ေပးဇယားကို ထိပ္ဆုံးကေန ၅ မွတ္ျပတ္နဲ႔ ဦးေဆာင္ေန ၿပီျဖစ္ပါတယ္။

မန္စီးတီးဟာ ေဂ်ဇူးအတြက္ ေပါင္ ၄၅ သန္း၊ ဇင္ခ်န္ကို အတြက္က ေပါင္ ၃၂ သန္း အဆိုၿပီး ထိုက္သင့္တဲ့ တန္ဖိုးမ်ိဳး ရလိုက္ေပမဲ့ သူတို႔ ေပးဆပ္လိုက္ရတာကေတာ့ ခ်န္ပီယံဆုအတြက္ ရတက္မေအးစရာ

ၿပိဳင္ဘက္အသင္းတစ္သင္း ပိုတိုးလာခဲ့တာပါပဲ။ ဒါေၾကာင့္ လက္ရွိ ဦးစားေပး အသင္းႀကီးမွာ ကစားေနတဲ့ ဘယ္လို ကစားသမားမ်ိဳးကိုမဆို ေနာက္ေနာင္ ကာလာေတြမွာ အာဆင္နယ္ဆီကို

မေရာင္းဖို႔ မန္စီးတီး ဆုံးျဖတ္လိုက္တယ္ လို႔ ေဘာလုံးအတြင္းသတင္းေတြကို ရွာရွာႀကံႀကံ ထုတ္ေဖာ္ ေရးသားတတ္ တဲ့ Football Insider သတင္းဝက္ဘ္ဆိုက္က ေရးသားခဲ့ပါတယ္။

ဒီလို ဆုံး ျဖတ္ခ်က္မ်ိဳးရဲ႕ အဓိက ျမစ္ဖ်ားခံရာ အေၾကာင္းအရင္းကေတာ့ နည္းျပဂြါဒီ ယိုလာကိုယ္တိုင္ ျဖစ္ႏိုင္ၿပီး မလိုခ်င္လို႔ ေရာင္းထုတ္လိုက္တဲ့ ကစားသမား ေတြက ဒီရာသီမွာ သူ႔

အသင္းကို ဒုကၡေပးမယ့္ ကစားသမားမ်ိဳးေတြ ျဖစ္ေန တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး ဒီရာသီအေစာပိုင္းမွာ ဘရာဇီး တိုက္စစ္မႉး ေဂ်ဇူးနဲ႔ ပတ္သက္ၿပီး အာဆင္နယ္နည္းျပ

အာတီတာကလည္း အခုလို ေျပာဆိုထားခဲ့တာလည္း ရွိပါတယ္။ ‘’အခုလိုမ်ိဳး တစ္ဦးတစ္ေယာက္ ခ်င္း ျပဳျပင္ေျပာင္းလဲမႈကေနၿပီး ေဘာလုံးမွာ မတူကြဲျပားမႈေတြကို လုပ္ျပႏိုင္ ၿပီး

ေဂ်ဇူးဟာဆိုရင္ သီတင္းပတ္တိုင္းမွာ အဲဒီလိုမ်ိဳး လုပ္ေဆာင္ေနတာျဖစ္ ပါတယ္’’ လို႔ အာတီတာက ဖြင့္ဟခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေနာက္ခံလူ ဇင္ခ်န္ ကိုနဲ႔ ပတ္သက္ၿပီးေတာ့လည္း အာတီတာက

‘’သူ႔ကို ကြင္းလယ္မွာ ဝင္ၿပီး ကစားဖို႔ ကြၽန္ေတာ္တို႔ တြန္းအားေပးထားတယ္။ ေနာက္ၿပီး သူက ေနာက္ခံ လူအျဖစ္ ကစားေနတဲ့ ကြင္းလယ္ကစားသမားတစ္ေယာက္ပါ။

အဲဒီလို က စားတာမ်ိဳးဟာ တိုက္စစ္ဆင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ကို ေနရာမ်ိဳးစုံ ျဖည့္စြက္ ၿပီး ကစားေပးႏိုင္ပါတယ္’’ လို႔ ေျပာဆိုထားခဲ့ပါတယ္။