တစ်ကျော့ပြန်အန်ဖီးလ်ပွဲမှာ ဂျရတ် ဂိုးသွင်းနိုင်ပေမယ့် ဘာစီလိုနာဂန္ထဝင်အသင်းကို အရေးနိမ့်သွား

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ဟာ အန်ဖီးလ်ပရိသတ်တွေကို

ပျော်ရွှင်စေနိုင်စွမ်းရှိနေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပေမယ့် LFC Foundation အတွက်
ပြုလုပ်တဲ့ ရန်ပုံငွေဖိတ်ခေါ်ပွဲမှာ လီဗာပူးဂန္ထဝင်အသင်းက
ဘာစီလိုနာဂန္ထဝင်အသင်းကို ၁-၂ ဂိုးနဲ့ အရေးနိမ့်သွားပါတယ်။
ဂျေမီကာရေဂါနဲ့ ဒရစ်ကောက်တို့အပါအဝင် အသင်းဖော်ဟောင်းအများစုနဲ့
ပြန်လည်လက်တွဲခွင့်ရခဲ့တဲ့ ဂျရတ်ဟာ ပွဲအစ ၁၄ မိနစ်အကြာမှာပဲ

သူ့ကို ဘာစီလိုနာဂန္ထဝင်နောက်ခံလူ အက်ဒ်မီဆင် ဆွဲလှဲလို့
ရလာတဲ့ ပင်နယ်တီကို ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲရယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် ဂျရတ်ရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူဟောင်း
ဟစ်ပီယာ ခေါင်းတိုက်လိုက်တာ ကောင်းပေမယ့်
ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခြင်း ခံလိုက်ရပါတယ်။

ထောင့်ကျဉ်းလေးထဲ ဂျရတ် အပြင်းကန်သွင်းပေမယ့်
ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားပြီး ဒုတိယပိုင်းပြန်စလို့
သိပ်မကြာခင် ဘရာဇီးတိုက်စစ်မှူးဟောင်း ဂျီယိုဗန်နီက
လီဗာပူးဂိုးသမား ဝက်စ်တာဗဲလ်ကို ကျော်ဖြတ်ကာ
ဘာစီလိုနာဂန္ထဝင်အသင်းအတွက် ချေပဂိုးသွင်းယူသွားပါတယ်။

လီဗာပူးဟာ ပထမပိုင်းအပြီးမှာ ကစားသမား ၁၀ ဦးအထိ
အပြောင်းအလဲပြုလုပ်ခဲ့ပေမယ့် ဂျရတ်ကတော့
ဆက်လက်ပါဝင်ကစားခဲ့ပါတယ်။ အဲဒီနောက်
ဂျီယိုဗန်နီကြောင့် ရလာတဲ့ ပင်နယ်တီကို
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရီဗယ်လ်ဒိုက အနိုင်ဂိုးအဖြစ် သွင်းယူသွားပါတယ်။

လီဗာပူးဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့
တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် လူစားဝင်ကစားသမားတွေဖြစ်တဲ့
ဒေါင်းနင်းနဲ့ ဒရစ်ကောက်တို့ရဲ့ကန်သွင်းချက်တွေ ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်။

Zawgyi

တစ္ေက်ာ့ျပန္အန္ဖီးလ္ပြဲမွာ ဂ်ရတ္ ဂိုးသြင္းႏိုင္ေပမယ့္ ဘာစီလုိနာဂႏၳ၀င္အသင္းကို အေရးနိမ့္သြား
လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ဟာ အန္ဖီးလ္ပရိသတ္ေတြကို
ေပ်ာ္ရႊင္ေစႏိုင္စြမ္းရွိေနဆဲဆုိတာ သက္ေသျပႏိုင္ခဲ့ေပမယ့္ LFC Foundation အတြက္
ျပဳလုပ္တဲ့ ရန္ပုံေငြဖိတ္ေခၚပြဲမွာ လီဗာပူးဂႏၳ၀င္အသင္းက

ဘာစီလုိနာဂႏၳ၀င္အသင္းကို ၁-၂ ဂိုးနဲ႔ အေရးနိမ့္သြားပါတယ္။
ေဂ်မီကာေရဂါနဲ႔ ဒရစ္ေကာက္တုိ႔အပါအ၀င္ အသင္းေဖာ္ေဟာင္းအမ်ားစုနဲ႔
ျပန္လည္လက္တြဲခြင့္ရခဲ့တဲ့ ဂ်ရတ္ဟာ ပြဲအစ ၁၄ မိနစ္အၾကာမွာပဲ
သူ႕ကို ဘာစီလုိနာဂႏၳ၀င္ေနာက္ခံလူ အက္ဒ္မီဆင္ ဆြဲလွဲလုိ႔
ရလာတဲ့ ပင္နယ္တီကို ဦးေဆာင္ဂိုးအျဖစ္ ေျပာင္းလဲရယူႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ ဂ်ရတ္ရဲ႕ေထာင့္ကန္ေဘာကေန ေနာက္ခံလူေဟာင္း
ဟစ္ပီယာ ေခါင္းတုိက္လုိက္တာ ေကာင္းေပမယ့္
ဂိုးစည္းေပၚကေန ရွင္းထုတ္ျခင္း ခံလုိက္ရပါတယ္။
ေထာင့္က်ဥ္းေလးထဲ ဂ်ရတ္ အျပင္းကန္သြင္းေပမယ့္
ဂိုးတိုင္ေဘးကေန ကပ္ထြက္သြားၿပီး ဒုတိယပိုင္းျပန္စလုိ႔

သိပ္မၾကာခင္ ဘရာဇီးတုိက္စစ္မွဴးေဟာင္း ဂ်ီယိုဗန္နီက
လီဗာပူးဂိုးသမား ၀က္စ္တာဗဲလ္ကို ေက်ာ္ျဖတ္ကာ
ဘာစီလုိနာဂႏၳ၀င္အသင္းအတြက္ ေခ်ပဂိုးသြင္းယူသြားပါတယ္။
လီဗာပူးဟာ ပထမပိုင္းအၿပီးမွာ ကစားသမား ၁၀ ဦးအထိ
အေျပာင္းအလဲျပဳလုပ္ခဲ့ေပမယ့္ ဂ်ရတ္ကေတာ့

ဆက္လက္ပါ၀င္ကစားခဲ့ပါတယ္။ အဲဒီေနာက္
ဂ်ီယိုဗန္နီေၾကာင့္ ရလာတဲ့ ပင္နယ္တီကို
ဘရာဇီးဂႏၳ၀င္တိုက္စစ္မွဴး ရီဗယ္လ္ဒိုက အႏိုင္ဂိုးအျဖစ္ သြင္းယူသြားပါတယ္။
လီဗာပူးဟာ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ ရဖို႔
တုိက္စစ္ဖြင့္ကစားခဲ့ေပမယ့္ လူစား၀င္ကစားသမားေတြျဖစ္တဲ့

ေဒါင္းနင္းနဲ႔ ဒရစ္ေကာက္တုိ႔ရဲ႕ကန္သြင္းခ်က္ေတြ ဂိုးေပါက္နဲ႔ကပ္လြဲသြားပါတယ္။