တစ်ကျော့ပြန်လက်တွဲကြမယ့် ဂျရတ်နဲ့ကော်တင်ဟို

အက်စတွန်ဗီလာအသင်းဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့

ကွင်းလယ်တိုက်စစ်ကစားသမားကော်တင်ဟိုကို အငှားနဲ့ကမ်းလှမ်းခဲ့ပြီး

ဘာစီလိုနာအသင်းကလည်း သဘောတူညီလိုက်ပြီလို့ သတင်းထွက်နေပါတယ်။

ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးလ်ကနေ

ဘာစီလိုနာအသင်းဆီ ပေါင်(၁၄၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး

အဲဒီအချိန်ကစလို့ ဒီရာသီအထိ ဘာစီလိုနာကစားသမားဘဝ

(၃)နှစ်တာကာလအတွင်း တောက်လျှောက်ရုန်းကန်ခဲ့ရပြီး

၂၀၁၉-၂၀ ရာသီက ဘိုင်ယန်မြူးနစ်အသင်းဆီ

အငှားနဲ့သွားကစားခဲ့ရဖူးပါတယ်။

ဒီရာသီမှာ အသင်းအတွက်(၁၆)ပွဲကစား၊ (၂)ဂိုးသာသွင်းထားတဲ့ကော်တင်ဟိုကို

ဘာစီလိုနာအသင်းကလည်း လစာငွေမြင့်မားမှုပြဿနာဖြေရှင်းဖို့အတွက်

လက်လွှတ်လိုနေတာကြောင့် အက်စတွန်ဗီလာအသင်းရဲ့

အငှားကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကို လီဗာပူးလ်ဂန္ထဝင်ဂျရတ်က

နည်းပြအဖြစ်ဆောင်ရွက်နေတာကြောင့် တစ်ချိန်က လီဗာပူးလ်အသင်းမှာ

ကစားသမားအဖြစ်လက်တွဲခဲ့ကြဖူးတဲ့ ဂျရတ်နဲ့ကော်တင်ဟိုတို့ဟာ

အခု အက်စတွန်ဗီလာအသင်းမှာ ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့

ဘရာဇီးလ်ကွင်းလယ်လူကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက်

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ စပါး၊ အဲဗာတန်၊

နယူးကာဆယ်တို့အပြင် တခြားဥရောပထိပ်သီးအသင်းတွေနဲ့အပြိုင်

ကြိုးပမ်းခဲ့ရတာဖြစ်ပြီး အခုလောလောဆယ် ရာသီကုန်အထိ

အငှားစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

zawgyi

တစ္ေက်ာ့ျပန္လက္တြဲၾကမယ့္ ဂ်ရတ္နဲ႔ေကာ္တင္ဟို

အက္စတြန္ဗီလာအသင္းဟာ ဘာစီလိုနာမွာ ႐ုန္းကန္ေနရတဲ့

ကြင္းလယ္တိုက္စစ္ကစားသမားေကာ္တင္ဟိုကို အငွားနဲ႔ကမ္းလွမ္းခဲ့ၿပီး

ဘာစီလိုနာအသင္းကလည္း သေဘာတူညီလိုက္ၿပီလို႔ သတင္းထြက္ေနပါတယ္။

ေကာ္တင္ဟိုဟာ ၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးလ္ကေန

ဘာစီလိုနာအသင္းဆီ ေပါင္(၁၄၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး

အဲဒီအခ်ိန္ကစလို႔ ဒီရာသီအထိ ဘာစီလိုနာကစားသမားဘဝ

(၃)ႏွစ္တာကာလအတြင္း ေတာက္ေလွ်ာက္႐ုန္းကန္ခဲ့ရၿပီး

၂၀၁၉-၂၀ ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းဆီ

အငွားနဲ႔သြားကစားခဲ့ရဖူးပါတယ္။

ဒီရာသီမွာ အသင္းအတြက္(၁၆)ပြဲကစား၊ (၂)ဂိုးသာသြင္းထားတဲ့ေကာ္တင္ဟိုကို

ဘာစီလိုနာအသင္းကလည္း လစာေငြျမင့္မားမႈျပႆနာေျဖရွင္းဖို႔အတြက္

လက္လႊတ္လိုေနတာေၾကာင့္ အက္စတြန္ဗီလာအသင္းရဲ႕

အငွားကမ္းလွမ္းမႈကို လက္ခံခဲ့တာျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းကို လီဗာပူးလ္ဂႏၴဝင္ဂ်ရတ္က

နည္းျပအျဖစ္ေဆာင္႐ြက္ေနတာေၾကာင့္ တစ္ခ်ိန္က လီဗာပူးလ္အသင္းမွာ

ကစားသမားအျဖစ္လက္တြဲခဲ့ၾကဖူးတဲ့ ဂ်ရတ္နဲ႔ေကာ္တင္ဟိုတို႔ဟာ

အခု အက္စတြန္ဗီလာအသင္းမွာ ျပန္လည္ဆုံေတြ႕ခြင့္ရရွိခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့

ဘရာဇီးလ္ကြင္းလယ္လူေကာ္တင္ဟိုကို ေခၚယူႏိုင္ဖို႔အတြက္

ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္၊ စပါး၊ အဲဗာတန္၊

နယူးကာဆယ္တို႔အျပင္ တျခားဥေရာပထိပ္သီးအသင္းေတြနဲ႔အၿပိဳင္

ႀကိဳးပမ္းခဲ့ရတာျဖစ္ၿပီး အခုေလာေလာဆယ္ ရာသီကုန္အထိ

အငွားစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။