တစ်ကျော့ပြန်မန်ယူကစားသမားဘဝကိုတစ်ဝက်တစ်ပျက်နဲ့အဆုံးသတ်သွားနိုင်တဲ့ စီရော်နယ်ဒို

အိုးလ်ထရက်ဖို့ဒ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ စိတ်ပျက်လာတဲ့

စီရော်နယ်ဒိုဟာ သူ့ရဲ့တစ်ကျော့ပြန်မန်ယူကစားသမားဘဝကို

တစ်ဝက်တစ်ပျက်နဲ့အဆုံးသတ်နိုင်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

သူဟာ ရီးရဲလ်ကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ကြေး

ပေါင်သန်း ၈၀ နဲ့ထွက်ခွာသွားပြီး ၁၂ နှစ်အကြာမှာ

အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့တာပါ။

တစ်ကျော့ပြန်မန်ယူကစားသမားဘ၀ ပထမဆုံး ၄ ပွဲမှာလည်း

၅ ဂိုးသွင်းခဲ့ပြီး ယူနိုက်တက်တောင့်တနေတဲ့

ဂိုးသွင်းစက်တစ်ယောက်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ခြေစွမ်းတည်ငြိမ်ရေးအတွက် မန်ယူရဲ့ရုန်းကန်နေရမှုဟာ

ပြန်ရောက်လာတဲ့စီရော်နယ်ဒိုရဲ့အားခဲထားမှုကို ထိခိုက်စေတယ်လို့

အင်္ဂလန်က The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အဲဒီ Balllon d’Or ၅ ဆုရှင်ဟာ စာချုပ်ပြည့်မယ့်

၂၀၂၃ နွေရာသီမတိုင်ခင် အသင်းကနေ ဒုတိယအကြိမ်ထွက်ခွာဖို့

စဉ်းစားနေတယ်လို့ ဆိုပါတယ်။

စီရော်နယ်ဒိုအနေနဲ့ မန်ယူရဲ့ကွင်းတွင်း၊ကွင်းပြင် ကျဆင်းနေမှုကို

စိတ်ပျက်နေတာဖြစ်ပြီး ကလပ်ဟာလည်း လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ

မန်စီးတီး၊လီဗာပူးနဲ့ချဲလ်ဆီးတို့ရဲ့နောက်ရောက်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ကိုင်မြှောက်နိုင်ခြင်းမရှိတာ

၈ နှစ်ကြာရှိသွားပြီဖြစ်သလို ဒီရာသီမှာလည်း ပြည်တွင်းပြိုင်ပွဲနှစ်ခုစလုံးက

ထွက်ထားရကာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ ရောက်နေပြီး

ထိပ်ဆုံးက မန်စီးတီးနဲ့ ၂၁ မှတ်တောင် ကွာနေပါတယ်။

ဒါ့အပြင် နည်းပြရန်းနစ်အနေနဲ့ လက်ကျန်ရာသီမှာ ဖြစ်နိုင်ခြေနည်းပါးတဲ့

ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်အောင် သူ့ကစားသမားတွေကို

စေ့ဆော်မပေးနိုင်ရင် မန်ယူဟာ ဖလားလက်မဲ့ ၅ ရာသီဆက်ဖြစ်သွားမှာပါ။

စီရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့ပထမဆုံး ၆ ရာသီမှာ

ဆုဖလား ၉ ခုတောင် ရရှိခဲ့ပြီး အဲဒီထဲမှာ ပရီမီးယားလိဂ် ၃ ကြိမ်ဆက်နဲ့

ချန်ပီယံလိဂ် ၁ ကြိမ်ပါဝင်ပါတယ်။

သူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၁၄ ဂိုးသွင်းထားပြီး

မန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှုင်ဖြစ်နေပေမယ့် ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး

၅ ပွဲဆက်ဂိုးပေါက်ပျောက်ထားကာ ၁၂ နှစ်အတွင်း

သူ့ရဲ့အဆိုးဆုံးဂိုးပေါက်ပျောက်မှုနဲ့ ကြုံတွေ့နေရတာပါ။

zawgyi

တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝကိုတစ္ဝက္တစ္ပ်က္နဲ႔အဆုံးသတ္သြားႏိုင္တဲ့ စီေရာ္နယ္ဒို

အိုးလ္ထရက္ဖို႔ဒ္က လက္ရွိအေျခအေနေတြနဲ႔ပတ္သက္လို႔ စိတ္ပ်က္လာတဲ့

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝကို

တစ္ဝက္တစ္ပ်က္နဲ႔အဆုံးသတ္ႏိုင္ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

သူဟာ ရီးရဲလ္ကို အဲဒီအခ်ိန္က ကမာၻ႔စံခ်ိန္တင္ေၾကး

ေပါင္သန္း ၈၀ နဲ႔ထြက္ခြာသြားၿပီး ၁၂ ႏွစ္အၾကာမွာ

အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေရာက္လာခဲ့တာပါ။

တစ္ေက်ာ့ျပန္မန္ယူကစားသမားဘ၀ ပထမဆုံး ၄ ပြဲမွာလည္း

၅ ဂိုးသြင္းခဲ့ၿပီး ယူႏိုက္တက္ေတာင့္တေနတဲ့

ဂိုးသြင္းစက္တစ္ေယာက္ဆိုတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ေျခစြမ္းတည္ၿငိမ္ေရးအတြက္ မန္ယူရဲ႕႐ုန္းကန္ေနရမႈဟာ

ျပန္ေရာက္လာတဲ့စီေရာ္နယ္ဒိုရဲ႕အားခဲထားမႈကို ထိခိုက္ေစတယ္လို႔

အဂၤလန္က The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ အဲဒီ Balllon d’Or ၅ ဆုရွင္ဟာ စာခ်ဳပ္ျပည့္မယ့္

၂၀၂၃ ေႏြရာသီမတိုင္ခင္ အသင္းကေန ဒုတိယအႀကိမ္ထြက္ခြာဖို႔

စဥ္းစားေနတယ္လို႔ ဆိုပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔ မန္ယူရဲ႕ကြင္းတြင္း၊ကြင္းျပင္ က်ဆင္းေနမႈကို

စိတ္ပ်က္ေနတာျဖစ္ၿပီး ကလပ္ဟာလည္း လြန္ခဲ့တဲ့ဆယ္စုႏွစ္အတြင္းမွာ

မန္စီးတီး၊လီဗာပူးနဲ႔ခ်ဲလ္ဆီးတို႔ရဲ႕ေနာက္ေရာက္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ကိုင္ေျမႇာက္ႏိုင္ျခင္းမရွိတာ

၈ ႏွစ္ၾကာရွိသြားၿပီျဖစ္သလို ဒီရာသီမွာလည္း ျပည္တြင္းၿပိဳင္ပြဲႏွစ္ခုစလုံးက

ထြက္ထားရကာ ပရီးမီးယားလိဂ္မွာ အဆင့္ ၆ ေရာက္ေနၿပီး

ထိပ္ဆုံးက မန္စီးတီးနဲ႔ ၂၁ မွတ္ေတာင္ ကြာေနပါတယ္။

ဒါ့အျပင္ နည္းျပရန္းနစ္အေနနဲ႔ လက္က်န္ရာသီမွာ ျဖစ္ႏိုင္ေျခနည္းပါးတဲ့

ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရယူႏိုင္ေအာင္ သူ႔ကစားသမားေတြကို

ေစ့ေဆာ္မေပးႏိုင္ရင္ မန္ယူဟာ ဖလားလက္မဲ့ ၅ ရာသီဆက္ျဖစ္သြားမွာပါ။

စီေရာ္နယ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္က သူ႔ရဲ႕ပထမဆုံး ၆ ရာသီမွာ

ဆုဖလား ၉ ခုေတာင္ ရရွိခဲ့ၿပီး အဲဒီထဲမွာ ပရီမီးယားလိဂ္ ၃ ႀကိမ္ဆက္နဲ႔

ခ်န္ပီယံလိဂ္ ၁ ႀကိမ္ပါဝင္ပါတယ္။

သူဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၁၄ ဂိုးသြင္းထားၿပီး

မန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရႈင္ျဖစ္ေနေပမယ့္ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး

၅ ပြဲဆက္ဂိုးေပါက္ေပ်ာက္ထားကာ ၁၂ ႏွစ္အတြင္း

သူ႔ရဲ႕အဆိုးဆုံးဂိုးေပါက္ေပ်ာက္မႈနဲ႔ ႀကဳံေတြ႕ေနရတာပါ။