ဖခင်ဖြစ်သူ ဟိုဆေးဒီနိစ်အေဗီရိုဟာ အရက်အလွန်အကျွံ
သောက်သူဖြစ်ပြီး အသက် ၅၂နှစ်မှာ အသည်းရောဂါနဲ့
ဆုံးပါးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အရက်သောက်ခြင်းနဲ့ပက်သတ်လို့
တင်းကျပ်တဲ့စည်းမျဉ်းချမှတ်ထားခဲ့ပေမဲ့ သူကိုယ်တိုင်တစ်ကြိမ်
ချိုးဖောက်ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုဟာ
အားကစားသမားတွေထဲမှာ လူနေမှုအပါအဝင်
ကြံ့ခိုင်မှုနဲ့ပက်သတ်လို့ မှတ်တမ်းကောင်းရရှိထားသူဖြစ်တယ်။
သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာကို ကိုကာကိုလာ လို
အချိုရည်နဲ့ ဆီကြော်မုန့်တွေစားသုံးခြင်းကနေတားမြစ်
တားသူလည်းဖြစ်တယ်။ ကိုကာကိုလာ(coke)ဟာ
ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့စပွန်ဆာအဖြစ်ရှိခဲ့ပြီး သတင်းစာ
ရှင်းလင်းပွဲတစ်ခုမှာတော့ ရော်နယ်ဒိုဟာ ကိုလာဘူးတွေကို
လူမြင်ကွင်းကနေဖယ်ရှားပြီး အဲ့ဒီအစားရေသောက်ဖို့
ပြောဆိုခဲ့ဖူးပါတယ်။ ပေါ်တူဂီနဲ့အတူ ယူရို ၂၀၁၆ ချန်ပီယံ
ဖြစ်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ရှန်ပိန်ပုလင်းကိုလက်ထဲမှာ
တင်းကြပ်စွာကိုင်ဆွဲထားတာကိုမြင်ရမှာဖြစ်တယ်။
အီတလီအမျိုးသမီးရုပ်သံတင်ဆက်သူ ဒီရော့တာနဲ့
အင်တာဗျူးမှာတော့ ရော်နယ်ဒိုက “ယူရိုချန်ပီယံဆုက
ကျွန်တော့်ဘဝမှာ အရေးကြီးဆုံးဆုဖလားဖြစ်ခဲ့တယ်။
မမေ့နိုင်စရာ ညနေခင်းတစ်ခုဖြစ်ခဲ့တာပါ။ သောက်လိုက်တော့
မူးပြီး ငိုတယ်၊ ရယ်တယ်၊ နာကျင်တယ်၊ အော်ခဲ့တယ်။
အဲ့ဒီပွဲမှာအရမ်းငိုခဲ့တော့ ရေဓာတ်ခမ်းခြောက်ခဲ့တယ်။
အောင်ပွဲခံချိန်မှာတော့ ရှန်ပိန်တစ်ခွက်သောက်ချလိုက်တော့
ခေါင်းထဲမှာချက်ချင်းမူးဝေသွားခဲ့တယ်။ တစ်ခါမှမသောက်ဖူးပေမဲ့
အဲ့နေ့ကတော့အရမ်းထူးခြားတယ်။ ကျွန်တော့်အတွက်
အရေးအကြီးဆုံးဆုဖလားဖြစ်ခဲ့လို့ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။
zawgyi
တင်းကျပ်ထားတဲ့ အရက်မသောက်ရစည်းမျဉ်းကို တစ်ကြိမ်ချိုးဖောက်ဖူးတယ်လို့ ရော်နယ်ဒို ဖွင့်ဟလာ
တားသူလည်းဖြစ်တယ်။ ကိုကာကိုလာ(coke)ဟာ