တခြားကမ္ဘာက ရောက်လာတဲ့ ဒိုင်ကတုံးကြီးရဲ့ အထင်ကရ ဖြစ်ရပ်တစ်ခု

ပီယာလူဂီ ကိုလီနာဆိုတဲ့ ကတုံးပြောင်ပြောင်နဲ့ ဒိုင်လူကြီးကို

ဘောလုံးပရိသတ်တိုင်းမှတ်မိကြလိမ့်မယ်ထင်ပါတယ်။

စီရော်နယ်ဒိုနဲ့ မက်ဆီကို တခြားကမ္ဘာက ဘောလုံးသမားတွေလို့

သုံးနှုန်းကြမယ်ဆိုရင် ကိုလီနာကိုလည်း တခြားကမ္ဘာက ရောက်လာတဲ့

ဒိုင်လူကြီးလို့ သတ်မှတ်ရလိမ့် မယ်ထင်ပါတယ်။

ကွင်းလယ်ဒိုင်ဘ၀ ၂၈နှစ်တာ အတွင်းမှာ ကိုလီနာဟာ

ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား၊ ယူအီအက်ဖ်အေဖလား ဗိုလ်လုပွဲတွေကို

ကိုင်တွယ်ခွင့်ရခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက နည်းပြတွေ၊

ကစားသမားတွေ၊ ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိခဲ့ပါတယ်။

အနားယူခဲ့ပြီးနောက် ကိုလီနာက “ကွင်းလယ်ဒိုင်တစ်ယောက်ဖြစ်တဲ့အတွက်

ကွင်းထဲက ဖြစ်လာသမျှကို လက်ခံနိုင်ရပါမယ်။

လူတွေက ကျွန်တော်တို့ကို ယုံထားတာပါ။

ဒါကြောင့် ကွင်းလယ်ဒိုင်တစ်ယောက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်

ချခဲ့ရင်တောင် လက်ခံရတာပါ”လို့ ပြောခဲ့ပါတယ်။

ကိုလီနာဟာ ၁၉၉၈ခုနှစ်ကနေ ၂၀၀၃အထိ

တစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်ဒိုင်ဆုကို ၆နှစ်ဆက် ရရှိခဲ့ပါတယ်။

ဒိုင်လူကြီးဘဝက အနားယူခဲ့ပြီးနောက် ကိုလီနာဟ PES ဂိမ်းရဲ့ ကာဗာမှာ

ဟင်နရီ၊ တော့တီတို့နဲ့အတူ ဖော်ပြခံခဲ့ရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။

ကိုလီနာက သူ့ရဲ့ ဒိုင်လူကြီးဘဝ (၂၈)နှစ်တာ ကာလအတွင်းမှာ

ပွဲချိန်အတွင်း စိတ်အေးအေးထားပြီး ဆုံးဖြတ်ချက်တွေ

ချမှတ်တတ်သူတစ်ယောက်ဖြစ်သလို ကစားသမားတွေကလည်း

သူ့ရဲ့ဆုံးဖြတ်ချက်အောက်မှာ လိုက်နာရလောက်အောင်

လေးစားမှုကို ရရှိထားသူလည်း ဖြစ်ခဲ့ပါတယ်။

ဥပမာအနေနဲ့ ချက်နောက်ခံလူ သော်မတ်စ်ရပ်ကာနဲ့

ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ညွှန်းဆိုရမှာပါပဲ။

ချက်အသင်းနဲ့ နယ်သာလန်အသင်းတို့ ကစားခဲ့တဲ့

ယူရို ၂၀၀၀ ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုကို ကိုလီနာက

ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။

အဲဒီပွဲမှာ ချက်နောက်ခံလူ ရပ်ကာနဲ့ နယ်သာလန်ကွင်းလယ်လူ

အက်ဂါဒေးဗစ်တို့ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားရာကနေ

ထိပ်တိုက်ဆုံခဲ့ကြပါတယ်။

ရပ်ကာဆိုတာကလည်း သိတဲ့အတိုင်း WWE နပမ်းသမားအထာနဲ့

ပြိုင်ဘက်ကစားသမားကို ခပ်ကြမ်းကြမ်း ရင်ဆိုင်လေ့ရှိတဲ့

ကစားသမားဖြစ်ပေမယ့် ကိုလီနာရဲ့ အဝါကတ် ဆုံးဖြတ်ချက် အပေါ်

စောဒကမတက်ခဲ့သလို အက်ဂါဒေးဗစ်နဲ့ အငြင်းပွားနေချိန်မှာလည်း

ကိုလီနာရဲ့ အော်ဟစ်တွန်းထုတ်မှု ကိုခံခဲ့ရပေမယ့်

ရပ်ကာတစ်ယောက် ဘာမှတုန့်ပြန်ခဲ့တာမျိုးမရှိခဲ့ပါဘူး။

ဒါဟာ ကိုလီနာရဲ့ ဆုံးဖြတ်ချက်အပေါ် ကစားသမားတွေရဲ့

ယုံကြည်စိတ်ချမှုပို ပြသရာရောက်ခဲ့သလို ကိုလီနာကလည်း

သူ့ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုလီနာတစ်ယောက် (၂၀၂၂) ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာ

အသက် (၆၂)နှစ်ပြည့်ခဲ့ပါပြီ။

(၂၀၀၅)မှာတော့ ကိုလီနာဟာ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့

စပွန်ဆာစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပြီးနောက်

ဒိုင်လူကြီးဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒိုင်လူကြီးတွေအပေါ်

မယုံကြည်တဲ့အတွက် ဘယ်လိုမှရှေ့ဆက်လို့ရမှာ မဟုတ်ဘူးလို့လည်း

အနားယူပြီးနောက်မှာ ကိုလီနာက သူယုံကြည်ရာကို သေချာစွာပြောကြားခဲ့ပါတယ်။

ကိုလီနာဆိုတာ သူ့ရဲ့ အလုပ်အကိုင်ကို အဲဒီလို တန်ဖိုးထားသူတစ်ယောက်ပါ။

ရန်ပုံငွေပွဲအတော်များများကိုလည်း ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့

ကိုလီနာဟာ အခု ဖီဖာဒိုင်လူကြီး ကော်မတီမှာ

အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လှုပ်ရှားနေပါတယ်။

zawgyi

တျခားကမာၻက ေရာက္လာတဲ့ ဒိုင္ကတုံးႀကီးရဲ႕ အထင္ကရ ျဖစ္ရပ္တစ္ခု

ပီယာလူဂီ ကိုလီနာဆိုတဲ့ ကတုံးေျပာင္ေျပာင္နဲ႔ ဒိုင္လူႀကီးကို

ေဘာလုံးပရိသတ္တိုင္းမွတ္မိၾကလိမ့္မယ္ထင္ပါတယ္။

စီေရာ္နယ္ဒိုနဲ႔ မက္ဆီကို တျခားကမာၻက ေဘာလုံးသမားေတြလို႔

သုံးႏႈန္းၾကမယ္ဆိုရင္ ကိုလီနာကိုလည္း တျခားကမာၻက ေရာက္လာတဲ့

ဒိုင္လူႀကီးလို႔ သတ္မွတ္ရလိမ့္ မယ္ထင္ပါတယ္။

ကြင္းလယ္ဒိုင္ဘ၀ ၂၈ႏွစ္တာ အတြင္းမွာ ကိုလီနာဟာ

ခ်န္ပီယံလိဂ္၊ ကမာၻ႔ဖလား၊ ယူအီအက္ဖ္ေအဖလား ဗိုလ္လုပြဲေတြကို

ကိုင္တြယ္ခြင့္ရခဲ့ၿပီး ကမာၻတစ္ဝွမ္းက နည္းျပေတြ၊

ကစားသမားေတြ၊ ပရိသတ္ေတြရဲ႕ ေလးစားမႈကို ရရွိခဲ့ပါတယ္။

အနားယူခဲ့ၿပီးေနာက္ ကိုလီနာက “ကြင္းလယ္ဒိုင္တစ္ေယာက္ျဖစ္တဲ့အတြက္

ကြင္းထဲက ျဖစ္လာသမွ်ကို လက္ခံႏိုင္ရပါမယ္။

လူေတြက ကြၽန္ေတာ္တို႔ကို ယုံထားတာပါ။

ဒါေၾကာင့္ ကြင္းလယ္ဒိုင္တစ္ေယာက္ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္

ခ်ခဲ့ရင္ေတာင္ လက္ခံရတာပါ”လို႔ ေျပာခဲ့ပါတယ္။

ကိုလီနာဟာ ၁၉၉၈ခုႏွစ္ကေန ၂၀၀၃အထိ

တစ္ႏွစ္တာ အေကာင္းဆုံး ကြင္းလယ္ဒိုင္ဆုကို ၆ႏွစ္ဆက္ ရရွိခဲ့ပါတယ္။

ဒိုင္လူႀကီးဘဝက အနားယူခဲ့ၿပီးေနာက္ ကိုလီနာဟ PES ဂိမ္းရဲ႕ ကာဗာမွာ

ဟင္နရီ၊ ေတာ့တီတို႔နဲ႔အတူ ေဖာ္ျပခံခဲ့ရတဲ့အထိ နာမည္ႀကီးခဲ့ပါတယ္။

ကိုလီနာက သူ႔ရဲ႕ ဒိုင္လူႀကီးဘဝ (၂၈)ႏွစ္တာ ကာလအတြင္းမွာ

ပြဲခ်ိန္အတြင္း စိတ္ေအးေအးထားၿပီး ဆုံးျဖတ္ခ်က္ေတြ

ခ်မွတ္တတ္သူတစ္ေယာက္ျဖစ္သလို ကစားသမားေတြကလည္း

သူ႔ရဲ႕ဆုံးျဖတ္ခ်က္ေအာက္မွာ လိုက္နာရေလာက္ေအာင္

ေလးစားမႈကို ရရွိထားသူလည္း ျဖစ္ခဲ့ပါတယ္။

ဥပမာအေနနဲ႔ ခ်က္ေနာက္ခံလူ ေသာ္မတ္စ္ရပ္ကာနဲ႔

ျဖစ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခုကို ၫႊန္းဆိုရမွာပါပဲ။

ခ်က္အသင္းနဲ႔ နယ္သာလန္အသင္းတို႔ ကစားခဲ့တဲ့

ယူ႐ို ၂၀၀၀ ၿပိဳင္ပြဲရဲ႕ ပြဲစဥ္တစ္ခုကို ကိုလီနာက

ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခြင့္ရခဲ့ပါတယ္။

အဲဒီပြဲမွာ ခ်က္ေနာက္ခံလူ ရပ္ကာနဲ႔ နယ္သာလန္ကြင္းလယ္လူ

အက္ဂါေဒးဗစ္တို႔ ေဘာလုံးဖ်က္ထုတ္ဖို႔ ႀကိဳးစားရာကေန

ထိပ္တိုက္ဆုံခဲ့ၾကပါတယ္။

ရပ္ကာဆိုတာကလည္း သိတဲ့အတိုင္း WWE နပမ္းသမားအထာနဲ႔

ၿပိဳင္ဘက္ကစားသမားကို ခပ္ၾကမ္းၾကမ္း ရင္ဆိုင္ေလ့ရွိတဲ့

ကစားသမားျဖစ္ေပမယ့္ ကိုလီနာရဲ႕ အဝါကတ္ ဆုံးျဖတ္ခ်က္ အေပၚ

ေစာဒကမတက္ခဲ့သလို အက္ဂါေဒးဗစ္နဲ႔ အျငင္းပြားေနခ်ိန္မွာလည္း

ကိုလီနာရဲ႕ ေအာ္ဟစ္တြန္းထုတ္မႈ ကိုခံခဲ့ရေပမယ့္

ရပ္ကာတစ္ေယာက္ ဘာမွတုန႔္ျပန္ခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။

ဒါဟာ ကိုလီနာရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ကစားသမားေတြရဲ႕

ယုံၾကည္စိတ္ခ်မႈပို ျပသရာေရာက္ခဲ့သလို ကိုလီနာကလည္း

သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာရပ္တည္ႏိုင္တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ကိုလီနာတစ္ေယာက္ (၂၀၂၂) ေဖေဖာ္ဝါရီ(၁၃)ရက္ေန႔မွာ

အသက္ (၆၂)ႏွစ္ျပည့္ခဲ့ပါၿပီ။

(၂၀၀၅)မွာေတာ့ ကိုလီနာဟာ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕

စပြန္ဆာစာခ်ဳပ္ကိစၥနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ ျဖစ္လာခဲ့ၿပီးေနာက္

ဒိုင္လူႀကီးဘဝက အနားယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ဒိုင္လူႀကီးေတြအေပၚ

မယုံၾကည္တဲ့အတြက္ ဘယ္လိုမွေရွ႕ဆက္လို႔ရမွာ မဟုတ္ဘူးလို႔လည္း

အနားယူၿပီးေနာက္မွာ ကိုလီနာက သူယုံၾကည္ရာကို ေသခ်ာစြာေျပာၾကားခဲ့ပါတယ္။

ကိုလီနာဆိုတာ သူ႔ရဲ႕ အလုပ္အကိုင္ကို အဲဒီလို တန္ဖိုးထားသူတစ္ေယာက္ပါ။

ရန္ပုံေငြပြဲအေတာ္မ်ားမ်ားကိုလည္း ဒိုင္လူႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးတဲ့

ကိုလီနာဟာ အခု ဖီဖာဒိုင္လူႀကီး ေကာ္မတီမွာ

အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္လႈပ္ရွားေနပါတယ္။