ယူနိုက်တက်ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့်လေး ဂါနာချိုရဲ့
လူမှုကွန်ယက်ပို့စ်နဲ့ပက်သတ်လို့ ဒေါသတကြီးတုံ့ပြန်ခဲ့ကြပါတယ်။
တန်ဟတ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ပြန်လည်လှုပ်ရှားမှုအစမှာ
နော်တင်ဟမ်ကို ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဖရက်ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့
အနိုင်ယူကျော်ဖြတ်ပြထားပါတယ်။ လာမယ့်ပွဲစဉ်မှာတော့
Molineux ကိုသွားရောက်ပြီး နည်းပြလိုပီတီဂူရဲ့ ဝုဗ်အသင်းနဲ့
ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့ ဂါနာချိုဟာ
သူ့ခြေထောက်ကတက်တူးအသစ်ကို Instagram story တင်ခဲ့ပါတယ်။
သရဲနီပရိသတ်တွေအတွက်တော့ မြင်ရတာအဆင်မပြေသလို
အထူးသဖြင့် ၂ရက်အတွင်းပွဲကစားဖို့ရှိနေချိန်မှာ တက်တူးထိုးတဲ့
လုပ်ရပ်ကို ဒေါသထွက်ခဲ့ကြတာဖြစ်တယ်။ “ဒီနေ့ တက်တူး ဂိမ်းက
စနေနေ့၊ ဘာရောဂါထနေတာလဲ” လို့ ပရိသတ်တစ်ယောက်က
တုံ့ပြန်ခဲ့သလို ဒုတိယတစ်ယောက်က “စနေနေ့တစ်ပွဲရှိတယ်…
အချိန်ကိုက်ပဲ ညံ့ဖျင်းတယ်နော်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တတိယတစ်ယောက်ကတော့ “ပွဲကောင်းတွေထက်
တက်တူးကပိုများနေတယ်။ ကောင်းကောင်းမဆုံးမရင်တော့
သူ့အရည်အချင်းတွေကို စွန့်လွှတ်သွားရနိုင်တယ်” လို့
ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့
“၄၈ နာရီအတွင်းမှာ ဂိမ်းတစ်ခုလာတော့မယ်။
စံနမှုနာဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး” လို့ မှတ်ချက်ပေးသွားပါတယ်။
zawgyi
တက်တူးရောဂါထနေတဲ့ ဂါနာချိုရဲ့ နောက်ဆုံးပေါ်လူမှုကွန်ယက်ပို့စ်ကို သရဲနီပရိသတ်တွေ ဒေါသတကြီး တုံ့ပြန်