တကယ့်တော်တဲ့ စစ်သည်တော်ပဲ  ဒါလော့တ်

မန်ယူအသင်းညာနောက်ခံလူ ဒီယေဂိုဒါလော့တ် ဟာ

အက်စ်တွန်ဗီလာကို ၁-၀ နဲ့ကပ်ပြီးအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား

တတိ ယအဆင့်ပွဲမှာ ဆိုးရွားတဲ့ဒဏ်ရာရာခဲ့ပေမယ့်

ပွဲပြီးတဲ့အထိကစားပေးခဲ့တယ်လို့ သိရပါတယ်။

ပွဲချိန်မိနစ် ၃၀ မှာ ဒါလော့တ်ဟာကွင်းထဲမှာ ဗီလာက ဘူအန်ဒီယာနဲ့

ထိခိုက်မိခဲ့လို ထိုင်ကျသွားခဲ့တာပါ။

သူထိခိုက်မိခဲ့တာ ခြေချင်းဝတ်မှာဖြစ်ပြီး ဘောလုံးကန်ဖိနပ်က

ဘားနဲ့ထိသွားလို့ ဟက်တက်ကွဲသွားခဲ့တာပါ။

အစောပိုင်းမှာသူ့ဒဏ်ရာဘယ်လိုဆိုတာ မသိခဲ့ရပေမယ့်

နောက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တော့မှ အနီးကပ်မြင်တွေ့မှုက

ကြောက်စရာဖြစ်ပြီး အထဲကအရိုးပေါ်နေတာတောင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

သူ့နေရာမှာ ဝမ်ဘစ်ဆာကာ ကအစားဝင်ဖို့လုပ်နေခဲ့ပေမယ့်

ဒါလော့တ်ဟာစိတ်ဓာတ်မာကျောစွာနဲ့ပြန်ကစားနိုင်ခဲ့တာ ပွဲပြီးခဲ့တဲ့အထိပါဘဲ။

မန်ယူဆေးအဖွဲ့ကသူ့ဒဏ်ရာကိုကွင်းထဲမှာဆေးထည့်ကာကုသပေးခဲ့ရပြီး

ပွဲပြီးချိန်မှာတော့ချုပ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

အသက် ၂၂ နှစ်ရှိတဲ့ ဒါလော့တ်ဟာ ဒဏ်ရာရပြီးဆက်ကစားခဲ့ပေမယ့်

ကံကောင်းထောက်မပြီးထပ်မံမထိခိုက်ခဲ့ပါဘူး။

သူ့ဒဏ်ရာကို တွစ်တာပေါ်ကနေတစ်ဆင့်ပြသခဲ့ရာမှာ

အသည်းယားစရာအဖြစ်တွေ့ခဲ့ရလို့ သူ့ရဲ့မာကျောသတ္တိရှိမှုကို

မန်ယူပရိသတ်တွေကချီးကျူးနေကြပါတယ်။

ဒါလော့တ်ကသူ့တွစ်တာမှာ” ခင်ဗျားတို့ရဲ့မက်ဆေ့ချ်အတွက်ကျေးဇူးပါ။

ဆရာဝန်တွေရဲ့ကူညီမှုနဲ့အခုတော့ကောင်းသွားပါပြီ။

ခန္ဓာဗေဒသမားတွေအတွက်တော့ ပုံရိပ်ကောင်းပေါ့ဗျာ” လို့ရေးသားခဲ့ပါတယ်။

ပရိသတ်တွေကဒါလော့တ်ပြတဲ့ဒဏ်ရာပုံကိုကြည့်ပြီး

သူဆက်ကစားနိုင်ခဲ့တာကိုအံ့ဩမဆုံးဖြစ်နေပါတယ်။

တွစ်တာသုံးတဲ့သူတစ်ဦးက” ခင်ဗျားကတကယ့်စစ်သည်တော်ဘဲ ဒီယေဂို။

ခင်ဗျားလိုကစားသမားမျိုးကို ကျုပ်တို့ထပ်လိုတယ်”လို့ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း” ဒီလိုပုံစံနဲ့ဆက်ကစားနိုင်ခဲ့တယ်?

မန်ယူရဲ့ညာနောက်ခံလူနေရာမှာ ဒီတစ်ရာသီလုံး

သူ့ကိုနေရာပေးလိုက်ကြတော့” လို့ပြောသွားပါတယ်။

ဒါလော့တ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း

မန်ယူရဲ့ညာနောက်ခံလူနေရာမှာခြေစွမ်းပြနေမှုနဲ့အတူ

နည်းပြရန်းနစ်ခ်ရဲ့ ဦးစားပေးနေရာကိုလည်း ရယူထားနိုင်သူဖြစ်ပါတယ်။

zawgyi

တကယ့္ေတာ္တဲ့ စစ္သည္ေတာ္ပဲ  ဒါေလာ့တ္

မန္ယူအသင္းညာေနာက္ခံလူ ဒီေယဂိုဒါေလာ့တ္ ဟာ

အက္စ္တြန္ဗီလာကို ၁-၀ နဲ႔ကပ္ၿပီးအႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား

တတိ ယအဆင့္ပြဲမွာ ဆိုး႐ြားတဲ့ဒဏ္ရာရာခဲ့ေပမယ့္

ပြဲၿပီးတဲ့အထိကစားေပးခဲ့တယ္လို႔ သိရပါတယ္။

ပြဲခ်ိန္မိနစ္ ၃၀ မွာ ဒါေလာ့တ္ဟာကြင္းထဲမွာ ဗီလာက ဘူအန္ဒီယာနဲ႔

ထိခိုက္မိခဲ့လို ထိုင္က်သြားခဲ့တာပါ။

သူထိခိုက္မိခဲ့တာ ေျခခ်င္းဝတ္မွာျဖစ္ၿပီး ေဘာလုံးကန္ဖိနပ္က

ဘားနဲ႔ထိသြားလို႔ ဟက္တက္ကြဲသြားခဲ့တာပါ။

အေစာပိုင္းမွာသူ႔ဒဏ္ရာဘယ္လိုဆိုတာ မသိခဲ့ရေပမယ့္

ေနာက္ပိုင္းဆိုရွယ္မီဒီယာေပၚမွာတင္ခဲ့ေတာ့မွ အနီးကပ္ျမင္ေတြ႕မႈက

ေၾကာက္စရာျဖစ္ၿပီး အထဲကအ႐ိုးေပၚေနတာေတာင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

သူ႔ေနရာမွာ ဝမ္ဘစ္ဆာကာ ကအစားဝင္ဖို႔လုပ္ေနခဲ့ေပမယ့္

ဒါေလာ့တ္ဟာစိတ္ဓာတ္မာေက်ာစြာနဲ႔ျပန္ကစားႏိုင္ခဲ့တာ ပြဲၿပီးခဲ့တဲ့အထိပါဘဲ။

မန္ယူေဆးအဖြဲ႕ကသူ႔ဒဏ္ရာကိုကြင္းထဲမွာေဆးထည့္ကာကုသေပးခဲ့ရၿပီး

ပြဲၿပီးခ်ိန္မွာေတာ့ခ်ဳပ္ေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။

အသက္ ၂၂ ႏွစ္ရွိတဲ့ ဒါေလာ့တ္ဟာ ဒဏ္ရာရၿပီးဆက္ကစားခဲ့ေပမယ့္

ကံေကာင္းေထာက္မၿပီးထပ္မံမထိခိုက္ခဲ့ပါဘူး။

သူ႔ဒဏ္ရာကို တြစ္တာေပၚကေနတစ္ဆင့္ျပသခဲ့ရာမွာ

အသည္းယားစရာအျဖစ္ေတြ႕ခဲ့ရလို႔ သူ႔ရဲ႕မာေက်ာသတၱိရွိမႈကို

မန္ယူပရိသတ္ေတြကခ်ီးက်ဴးေနၾကပါတယ္။

ဒါေလာ့တ္ကသူ႔တြစ္တာမွာ” ခင္ဗ်ားတို႔ရဲ႕မက္ေဆ့ခ်္အတြက္ေက်းဇူးပါ။

ဆရာဝန္ေတြရဲ႕ကူညီမႈနဲ႔အခုေတာ့ေကာင္းသြားပါၿပီ။

ခႏၶာေဗဒသမားေတြအတြက္ေတာ့ ပုံရိပ္ေကာင္းေပါ့ဗ်ာ” လို႔ေရးသားခဲ့ပါတယ္။

ပရိသတ္ေတြကဒါေလာ့တ္ျပတဲ့ဒဏ္ရာပုံကိုၾကည့္ၿပီး

သူဆက္ကစားႏိုင္ခဲ့တာကိုအံ့ဩမဆုံးျဖစ္ေနပါတယ္။

တြစ္တာသုံးတဲ့သူတစ္ဦးက” ခင္ဗ်ားကတကယ့္စစ္သည္ေတာ္ဘဲ ဒီေယဂို။

ခင္ဗ်ားလိုကစားသမားမ်ိဳးကို က်ဳပ္တို႔ထပ္လိုတယ္”လို႔ဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း” ဒီလိုပုံစံနဲ႔ဆက္ကစားႏိုင္ခဲ့တယ္?

မန္ယူရဲ႕ညာေနာက္ခံလူေနရာမွာ ဒီတစ္ရာသီလုံး

သူ႔ကိုေနရာေပးလိုက္ၾကေတာ့” လို႔ေျပာသြားပါတယ္။

ဒါေလာ့တ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း

မန္ယူရဲ႕ညာေနာက္ခံလူေနရာမွာေျခစြမ္းျပေနမႈနဲ႔အတူ

နည္းျပရန္းနစ္ခ္ရဲ႕ ဦးစားေပးေနရာကိုလည္း ရယူထားႏိုင္သူျဖစ္ပါတယ္။