
မန်စီးတီးက အဲဗာတန်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း သရေတစ်မှတ်ရနိုင်တဲ့
အခွင့်အရေးကို လစ်လျူရှုခဲ့တဲ့ VAR ကို အဲဗာတန်မန်နေဂျာ လမ်းပတ်က
ဝေဖန်မှု လုပ်သွားပါတယ်။
ဦးဆောင်ဂိုးရပြီး မိနစ်ပိုင်းအကြာမှာ စီးတီး ကွင်းလယ်လူ ရိုဒရီဟာ ဧရိယာထဲ
လက်ထိမှုဖြစ်ခဲ့ပြီး အဲဗာတန်အသင်းသားတွေက ပင်နယ်တီ တောင်းဆိုခဲ့ပေမယ့်
ငြင်းဆန်ခံခဲ့ရတာပါ။
လမ်းပတ်က “အခု ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က ကွင်းလယ်ဒိုင်ကိုလည်း
လက်ညှိုးငေါက်ငေါက် ထိုးပြီး ဆဲဆိုနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရသင့်တဲ့
ပင်နယ်တီကို လူကျွံအနေအထား မဟုတ်ပါပဲနဲ့ ဘာလို့ မရခဲ့တာလဲ။ အစကတော့
လူကျွံအနေအထား ရှိနေလို့ ပင်နယ်တီ မပေးဘူးလို့ ပြောခဲ့ပေမယ့် လူမကျွံဘူး ဆိုတာကို
သိသွားတာတောင် ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က အတော်လေး
ဆိုးဝါးနေပါတယ်။ ပြီးတော့ ကွင်းလယ်ဒိုင်ရဲ့ အမြင်ကို ဘေးဖယ်ထားရင်တောင် ဒီဖြစ်ရပ်ကို
၁မိနစ်ခွဲ ၊ ၂မိနစ်လောက် သေချာကြည့်ခဲ့တဲ့ VARဒိုင်က ဘာကြောင့် ပင်နယ်တီ မပေးခဲ့တာလဲ။
ကျွန်တော့်ရဲ့ ၃နှစ် အရွယ် သမီးလေးတောင် ဒီဖြစ်ရပ်က ပင်နယ်တီ ဆိုတာ ပြောနိုင်ပါတယ်။
အခုချိန်မှာ ကျွန်တော်တို့က တန်းဆင်းဇုန် ကနေ လွတ်အောင် ရုန်းကန်နေရသလို မန်စီးတီးကလည်း
ချန်ပီယံဆုအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် နှစ်သင်းစလုံး အတွက် အရာအားလုံးက
အရေးကြီးပါတယ်။ ဒီလို လွယ်လွယ်ကူကူ သိနိုင်တဲ့ ပင်နယ်တီကိုတောင် မပေးခဲ့တဲ့
ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ သူက ဘယ်အသင်းကို အသာစီးရစေချင်တာလဲ” လို့
ထုတ်ဖော် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ ရှုံးပွဲကြောင့် အဲဗာတန်ဟာ တန်းဆင်းဇုန်နဲ့ ၁ မှတ်ပဲ ကွာဟတော့တာဖြစ်ပါတယ်။
မန်စီးတီးကတော့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေပြီး လီဗာပူးကို ၆ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။
Zawgyi
ဉာဏ္ရည္မမီတဲ့ ဒိုင္နဲ့ လမ္းပတ္တုိ့ အျဖစ္အပ်က္
မန္စီးတီးက အဲဗာတန္ကို ၁-၀ ျဖင့္ အႏိုင္ရတဲ့ပြဲအတြင္း သေရတစ္မွတ္ရႏိုင္တဲ့
အခြင့္အေရးကို လစ္လ်ဴရႈခဲ့တဲ့ VAR ကို အဲဗာတန္မန္ေနဂ်ာ လမ္းပတ္က
ေဝဖန္မႈ လုပ္သြားပါတယ္။
ဦးေဆာင္ဂိုးရၿပီး မိနစ္ပိုင္းအၾကာမွာ စီးတီး ကြင္းလယ္လူ ႐ိုဒရီဟာ ဧရိယာထဲ
လက္ထိမႈျဖစ္ခဲ့ၿပီး အဲဗာတန္အသင္းသားေတြက ပင္နယ္တီ ေတာင္းဆိုခဲ့ေပမယ့္
ျငင္းဆန္ခံခဲ့ရတာပါ။
လမ္းပတ္က “အခု ကြၽန္ေတာ္ အဆင္ေျပပါတယ္။ ကြၽန္ေတာ္က ကြင္းလယ္ဒိုင္ကိုလည္း
လက္ညႇိဳးေငါက္ေငါက္ ထိုးၿပီး ဆဲဆိုေနမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ရသင့္တဲ့
ပင္နယ္တီကို လူကြၽံအေနအထား မဟုတ္ပါပဲနဲ႔ ဘာလို႔ မရခဲ့တာလဲ။ အစကေတာ့
လူကြၽံအေနအထား ရွိေနလို႔ ပင္နယ္တီ မေပးဘူးလို႔ ေျပာခဲ့ေပမယ့္ လူမကြၽံဘူး ဆိုတာကို
သိသြားတာေတာင္ ပင္နယ္တီ မေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္က အေတာ္ေလး
ဆိုးဝါးေနပါတယ္။ ၿပီးေတာ့ ကြင္းလယ္ဒိုင္ရဲ႕ အျမင္ကို ေဘးဖယ္ထားရင္ေတာင္ ဒီျဖစ္ရပ္ကို
၁မိနစ္ခြဲ ၊ ၂မိနစ္ေလာက္ ေသခ်ာၾကည့္ခဲ့တဲ့ VARဒိုင္က ဘာေၾကာင့္ ပင္နယ္တီ မေပးခဲ့တာလဲ။
ကြၽန္ေတာ့္ရဲ႕ ၃ႏွစ္ အ႐ြယ္ သမီးေလးေတာင္ ဒီျဖစ္ရပ္က ပင္နယ္တီ ဆိုတာ ေျပာႏိုင္ပါတယ္။
အခုခ်ိန္မွာ ကြၽန္ေတာ္တို႔က တန္းဆင္းဇုန္ ကေန လြတ္ေအာင္ ႐ုန္းကန္ေနရသလို မန္စီးတီးကလည္း
ခ်န္ပီယံဆုအတြက္ ႀကိဳးစားေနတာပါ။ ဒါေၾကာင့္ ႏွစ္သင္းစလုံး အတြက္ အရာအားလုံးက
အေရးႀကီးပါတယ္။ ဒီလို လြယ္လြယ္ကူကူ သိႏိုင္တဲ့ ပင္နယ္တီကိုေတာင္ မေပးခဲ့တဲ့
ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္က ဘာလဲ။ သူက ဘယ္အသင္းကို အသာစီးရေစခ်င္တာလဲ” လို႔
ထုတ္ေဖာ္ ေဝဖန္သြားခဲ့တာပဲ ျဖစ္ပါတယ္။
အဆိုပါ ရႈံးပြဲေၾကာင့္ အဲဗာတန္ဟာ တန္းဆင္းဇုန္နဲ႔ ၁ မွတ္ပဲ ကြာဟေတာ့တာျဖစ္ပါတယ္။
မန္စီးတီးကေတာ့ ထိပ္ဆုံးေနရာမွာ ဆက္ရွိေနၿပီး လီဗာပူးကို ၆ မွတ္ ျဖတ္ႏိုင္ခဲ့ပါတယ္။