ဈေးအကြီးဆုံးနောက်ခံလူ နှစ်ဦးရဲ့ တူညီတဲ့ခံစစ်ကစားဟန်အပေါ် တွစ်တာမှာ ပရိသတ်တွေ ပွဲကျနေ

ဒီရက်ထဲ တွစ်တာမှာ

ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူတွေရဲ့
အံ့အားသင့်ဖွယ် တူညီတဲ့
ခံစစ်ကစားပုံနဲ့ပတ်သက်လို့
ပရိသတ်တွေ အတော်လေး
ပွဲကျနေပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းမှာ
ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့
၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ
လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး
နောက်ခံလူဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ

မက်ဂွိုင်းယားတစ်ယောက်
နောက်ပြန်ခံစစ်ကစားပုံကို
အားလုံး အံ့အားသင့်သွားအောင် လုပ်ပြခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ မက်ဂွိုင်းယားဟာ
ဆောက်သမ်တန်တိုက်စစ်မှူး

ဘရော်ဂျာရဲ့လှည့်စားမှုအောက်မှာ
အရှိန်လွန်သွားပြီးနောက်
ချက်ချင်းပြန်မလှည့်ဘဲ
နောက်ခြေထောက်ထုတ်ကာ
တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ ပရိသတ်တွေလည်း
မက်ဂွိုင်းယားကို လှောင်ပြောင်ခဲ့ကြပြီး
တခြားကစားသမားတွေက
No-Look pass, No-Look Goal တွေ
လုပ်ပြနေချိန်မှာ မက်ဂွိုင်းယားက

No-Look Defending လုပ်ပြသွားတာပဲလို့
လှေင်ပြောင်ခဲ့ကြပါတယ်။
အခုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ
မက်ဂွိုင်းယားမတိုင်ခင် ကမ္ဘာ့ဈေးအကြီးဆုံး
နောက်ခံလူအဖြစ် ရပ်တည်ခဲ့တဲ့

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကလည်း
မက်ဂွိုင်းယားရဲ့ခြေရာအတိုင်း
လိုက်နင်းသူအဖြစ် လူမှုမီဒီယာမှာ
ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။
ဗန်ဒိုက်ဟာ ရီးရဲလ်ကွင်းလယ်လူ

ဗယ်လ်ဗာဒီရဲ့ဖြတ်တင်ဘောကို
တားဆီးဖို့ ကြိုးစားရင်း
လူက နောက်လှည့်နေလို့
ဗယ်လ်ဗာဒီ ဖြတ်တင်လိုက်ချိန်မှာ
နောက်ခြေထောက် ထုတ်ပြီး

တားဆီးဖို့ လုပ်လိုက်တာပါ။
အဲဒီထောင့်ဖြတ်ဘောကနေ
ဗင်နီစီးယပ်စ်က ရီးရဲလ်အတွက်
တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူသွားပါတယ်။
”ဗန်ဒိုက်က မက်ဂွိုင်းယားရဲ့

ပွဲကစားပုံဗီဒီယိုတွေကို
အသားကုန်ကြည့်ထားတယ်ထင်တယ်”
”ပြိုင်ဘက်တိုက်စစ်ကို
ဘယ်လိုတားဆီးရမလဲဆိုတာ
မက်ဂွိုင်းယားက ဗန်ဒိုက်ကို

သေချာသင်ပေးလိုက်တာပဲ”
”ပရီးမီးယားလိဂ်ရဲ့
အကောင်းဆုံးနောက်ခံလူက
မက်ဂွိုင်းယားရဲ့ No-Look
Defending ကို ကော်ပူပြန်ကူးလိုက်ပါတယ်”

”မက်ဂွိုင်းယားတုန်းက လီဗာပူးဖန်တွေ
လှောင်ပြောင်ရယ်မောခဲ့တာ
မှတ်မိသေးတယ်။ အခု
ဗန်ဒိုက်အလှည့်ကျတော့
သူတို့ အသံတွေ တိတ်နေတာပဲ”လို့

ပရိသတ်တွေက မှတ်ချက် ပေးခဲ့ကြပါတယ်။

Zawgyi

ေစ်းအႀကီးဆုံးေနာက္ခံလူ ႏွစ္ဦးရဲ႕ တူညီတဲ့ခံစစ္ကစားဟန္အေပၚ တြစ္တာမွာ ပရိသတ္ေတြ ပြဲက်ေန

ဒီရက္ထဲ တြစ္တာမွာ
ကမၻာ့ေစ်းအႀကီးဆုံးေနာက္ခံလူေတြရဲ႕
အံ့အားသင့္ဖြယ္ တူညီတဲ့
ခံစစ္ကစားပုံနဲ႔ပတ္သက္လုိ႔
ပရိသတ္ေတြ အေတာ္ေလး

ပြဲက်ေနပါတယ္။
ေဖေဖာ္၀ါရီလအေစာပိုင္းမွာ
ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔
၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ
လက္ရွိကမၻာ့ေစ်းအႀကီးဆုံး

ေနာက္ခံလူျဖစ္တဲ့ ယူႏုိက္တက္ေနာက္ခံလူ
မက္ဂြိဳင္းယားတစ္ေယာက္
ေနာက္ျပန္ခံစစ္ကစားပုံကို
အားလုံး အံ့အားသင့္သြားေအာင္ လုပ္ျပခဲ့ပါတယ္။
ပြဲၿပီးခါနီးမွာ မက္ဂြိဳင္းယားဟာ

ေဆာက္သမ္တန္တိုက္စစ္မွဴး
ဘေရာ္ဂ်ာရဲ႕လွည့္စားမႈေအာက္မွာ
အရွိန္လြန္သြားၿပီးေနာက္
ခ်က္ခ်င္းျပန္မလွည့္ဘဲ
ေနာက္ေျခေထာက္ထုတ္ကာ

တားဆီးဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။
အဲဒီမွာ ပရိသတ္ေတြလည္း
မက္ဂြိဳင္းယားကို ေလွာင္ေျပာင္ခဲ့ၾကၿပီး
တျခားကစားသမားေတြက
No-Look pass, No-Look Goal ေတြ

လုပ္ျပေနခ်ိန္မွာ မက္ဂြိဳင္းယားက
No-Look Defending လုပ္ျပသြားတာပဲလုိ႔
ေလွင္ေျပာင္ခဲ့ၾကပါတယ္။
အခုလည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ
မက္ဂြိဳင္းယားမတုိင္ခင္ ကမၻာ့ေစ်းအႀကီးဆုံး

ေနာက္ခံလူအျဖစ္ ရပ္တည္ခဲ့တဲ့
လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ကလည္း
မက္ဂြိဳင္းယားရဲ႕ေျခရာအတုိင္း
လိုက္နင္းသူအျဖစ္ လူမႈမီဒီယာမွာ
ပရိသတ္ေတြက ေလွာင္ေျပာင္ေနၾကပါတယ္။

ဗန္ဒိုက္ဟာ ရီးရဲလ္ကြင္းလယ္လူ
ဗယ္လ္ဗာဒီရဲ႕ျဖတ္တင္ေဘာကို
တားဆီးဖုိ႔ ႀကိဳးစားရင္း
လူက ေနာက္လွည့္ေနလို႔
ဗယ္လ္ဗာဒီ ျဖတ္တင္လုိက္ခ်ိန္မွာ

ေနာက္ေျခေထာက္ ထုတ္ၿပီး
တားဆီးဖုိ႔ လုပ္လုိက္တာပါ။
အဲဒီေထာင့္ျဖတ္ေဘာကေန
ဗင္နီစီးယပ္စ္က ရီးရဲလ္အတြက္
တစ္လုံးတည္းေသာအႏုိင္ဂုိး သြင္းယူသြားပါတယ္။

”ဗန္ဒိုက္က မက္ဂြိဳင္းယားရဲ႕
ပြဲကစားပုံဗီဒီယိုေတြကို
အသားကုန္ၾကည့္ထားတယ္ထင္တယ္”
”ၿပိဳင္ဘက္တုိက္စစ္ကို
ဘယ္လိုတားဆီးရမလဲဆိုတာ

မက္ဂြိဳင္းယားက ဗန္ဒိုက္ကို
ေသခ်ာသင္ေပးလုိက္တာပဲ”
”ပရီးမီးယားလိဂ္ရဲ႕
အေကာင္းဆုံးေနာက္ခံလူက
မက္ဂြိဳင္းယားရဲ႕ No-Look

Defending ကို ေကာ္ပူျပန္ကူးလုိက္ပါတယ္”
”မက္ဂြိဳင္းယားတုန္းက လီဗာပူးဖန္ေတြ
ေလွာင္ေျပာင္ရယ္ေမာခဲ့တာ
မွတ္မိေသးတယ္။ အခု
ဗန္ဒိုက္အလွည့္က်ေတာ့

သူတုိ႔ အသံေတြ တိတ္ေနတာပဲ”လုိ႔
ပရိသတ္ေတြက မွတ္ခ်က္ ေပးခဲ့ၾကပါတယ္။