ဈေးပေါပေါနဲ့ ရနိုင်မယ့် ဖာမီနိုကို ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ကို ကလီဘာဆင် တိုက်တွန်း

ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားကွက်နဲ့ အံဝင်နိုင်မယ့်

လီဗာပူးတိုက်စစ်မှူး ဖာမီနိုကို လာမယ့်နွေရာသီမှာ
ခေါ်ယူသင့်တယ်လို့ ကွင်းလယ်လူဟောင်း
ကလီဘာဆင်က တိုက်တွန်းလိုက်ပါတယ်။
ဘရာဇီးလက်ရွေးစင် ဖာမီနိုဟာ လီဗာပူးနည်းပြကလော့ပ်လက်ထက်
အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး

လီဗာပူးအတွက် ၃၁၈ပွဲမှာ ၉၆ဂိုးသွင်းယူကာ
အသင်းနဲ့အတူ ဆုဖလား ၅လုံး ရရှိထားပါတယ်။
ဒါပေမဲ့ ဖာမီနိုဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့
တစ်နှစ်ကျော်ပဲကျန်တော့ပြီး လက်ရှိအနေအထားအရ
သူ့ရဲ့ကာလရှည်အနာဂတ်က မသေမချာဖြစ်နေပါတယ်။

၂၀၀၄ ခုနှစ်က ယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလားရရှိခဲ့တဲ့
ကလီဘာဆင်က ယူနိုက်တက်အနေနဲ့ နောက်ထပ်ဆိုးရွားတဲ့
ရာသီနဲ့ စောစောစီးစီးရင်ဆိုင်ခဲ့ရပြီးနောက် စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာမို့လို့ ဈေးပေါပေါနဲ့ ရနိုင်မယ့်
ဖာမီနိုကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပါတယ်။

”ဖာမီနိုရဲ့ကစားပုံက ယူနိုက်တက်နဲ့ အံဝင်နိုင်ပါတယ်။
အထူးသဖြင့် လီဗာပူးမှာ သူကစားနေတဲ့အနေအထားက
ယူနိုက်တက်နဲ့ဆိုရင် လုံးဝကွက်တိပါပဲ။
ဘရာဇီးအသင်းမှာ သူက တိုက်စစ်ပိုင်း
ပိုမိုလိုက်ကစားရပေမယ့် လီဗာပူးမှာတော့

သူက ကွင်းလယ်ပိုင်းပိုဆင်းကစားရပါတယ်။
ဖာမီနိုဟာ ကလော့ပ်ဆီကနေ အများကြီးသင်ယူ
လေ့လာနိုင်ခဲ့ပြီး ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ပါတယ်။
သူ့ရဲ့ရွေ့လျားမှုတွေက အသင်းဖော်တွေအတွက်
နေရာလွတ်တွေအများကြီးဖြစ်ပေါ်စေပြီး

လှုပ်ရှားရ ပိုလွယ်စေပါတယ်။
တကယ်လို့ ယူနိုက်တက်သာ အပြောင်းအလဲတွေ
လုပ်ချင်ရင် သူ့လိုကစားသမားကောင်းက
အများကြီးအကူအညီပေးနိုင်ပါတယ်။
အထူးသဖြင့် ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ တောင်ပံနှစ်ဘက်မှာ

ရှိနေချိန် ဖာမီနိုသာကစားခွင့်ရရင်
သူတို့အတွက် နေရာလွတ်တွေအများကြီးရလာနိုင်ပါတယ်”လို့
ဘရာဇီးလက်ရွေးစင်ဟောင်း ကလီဘာဆင်က ပြောပါတယ်။
ဆက်လက်ပြီး ကလီဘာဆင်က တောင်ပံတိုက်စစ်မှူး
ဆာလာရဲ့အရေးကြီးပုံကိုလည်း ထောက်ပြခဲ့ပြီး

လီဗာပူးအနေနဲ့ ဆာလာကို လစာတိုးပေးကာ
အသင်းမှာ ဆက်ထိန်းထားသင့်တယ်လို့ တိုက်တွန်းပါတယ်။

Zawgyi

ေစ်းေပါေပါနဲ႔ ရႏိုင္မယ့္ ဖာမီႏိုကို ေခၚယူသင့္တယ္လုိ႔ ယူႏုိက္တက္ကို ကလီဘာဆင္ တုိက္တြန္း
ယူႏုိက္တက္အေနနဲ႔ အသင္းရဲ႕ကစားကြက္နဲ႔ အံ၀င္ႏုိင္မယ့္
လီဗာပူးတုိက္စစ္မွဴး ဖာမီႏိုကို လာမယ့္ေႏြရာသီမွာ
ေခၚယူသင့္တယ္လုိ႔ ကြင္းလယ္လူေဟာင္း
ကလီဘာဆင္က တိုက္တြန္းလုိက္ပါတယ္။

ဘရာဇီးလက္ေရြးစင္ ဖာမီႏိုဟာ လီဗာပူးနည္းျပကေလာ့ပ္လက္ထက္
အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပေနၿပီး
လီဗာပူးအတြက္ ၃၁၈ပြဲမွာ ၉၆ဂိုးသြင္းယူကာ
အသင္းနဲ႔အတူ ဆုဖလား ၅လုံး ရရွိထားပါတယ္။
ဒါေပမဲ့ ဖာမီႏိုဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔

တစ္ႏွစ္ေက်ာ္ပဲက်န္ေတာ့ၿပီး လက္ရွိအေနအထားအရ
သူ႕ရဲ႕ကာလရွည္အနာဂတ္က မေသမခ်ာျဖစ္ေနပါတယ္။
၂၀၀၄ ခုႏွစ္က ယူႏုိက္တက္နဲ႔အတူ အက္ဖ္ေအဖလားရရွိခဲ့တဲ့
ကလီဘာဆင္က ယူႏုိက္တက္အေနနဲ႔ ေနာက္ထပ္ဆုိးရြားတဲ့
ရာသီနဲ႔ ေစာေစာစီးစီးရင္ဆုိင္ခဲ့ရၿပီးေနာက္ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မွာမို႔လုိ႔ ေစ်းေပါေပါနဲ႔ ရႏိုင္မယ့္
ဖာမီႏိုကို ေခၚယူသင့္တယ္လုိ႔ တုိက္တြန္းပါတယ္။
”ဖာမီႏိုရဲ႕ကစားပုံက ယူႏုိက္တက္နဲ႔ အံ၀င္ႏိုင္ပါတယ္။
အထူးသျဖင့္ လီဗာပူးမွာ သူကစားေနတဲ့အေနအထားက
ယူႏိုက္တက္နဲ႔ဆုိရင္ လုံး၀ကြက္တိပါပဲ။

ဘရာဇီးအသင္းမွာ သူက တုိက္စစ္ပိုင္း
ပိုမိုလုိက္ကစားရေပမယ့္ လီဗာပူးမွာေတာ့
သူက ကြင္းလယ္ပိုင္းပိုဆင္းကစားရပါတယ္။
ဖာမီႏိုဟာ ကေလာ့ပ္ဆီကေန အမ်ားႀကီးသင္ယူ
ေလ့လာႏုိင္ခဲ့ၿပီး ကြင္းထဲမွာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ပါတယ္။

သူ႕ရဲ႕ေရြ႕လ်ားမႈေတြက အသင္းေဖာ္ေတြအတြက္
ေနရာလြတ္ေတြအမ်ားႀကီးျဖစ္ေပၚေစၿပီး
လႈပ္ရွားရ ပိုလြယ္ေစပါတယ္။
တကယ္လုိ႔ ယူႏုိက္တက္သာ အေျပာင္းအလဲေတြ
လုပ္ခ်င္ရင္ သူ႕လုိကစားသမားေကာင္းက

အမ်ားႀကီးအကူအညီေပးႏိုင္ပါတယ္။
အထူးသျဖင့္ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ေတာင္ပံႏွစ္ဘက္မွာ
ရွိေနခ်ိန္ ဖာမီႏိုသာကစားခြင့္ရရင္
သူတုိ႔အတြက္ ေနရာလြတ္ေတြအမ်ားႀကီးရလာႏိုင္ပါတယ္”လုိ႔
ဘရာဇီးလက္ေရြးစင္ေဟာင္း ကလီဘာဆင္က ေျပာပါတယ္။

ဆက္လက္ၿပီး ကလီဘာဆင္က ေတာင္ပံတုိက္စစ္မွဴး
ဆာလာရဲ႕အေရးႀကီးပုံကိုလည္း ေထာက္ျပခဲ့ၿပီး
လီဗာပူးအေနနဲ႔ ဆာလာကို လစာတုိးေပးကာ
အသင္းမွာ ဆက္ထိန္းထားသင့္တယ္လုိ႔ တုိက္တြန္းပါတယ္။