
ဘာစီလိုနာက နာပိုလီနဲ့ ၁-၁ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်
အိမ်ကွင်းပွဲမှာ တိုက်စစ်မှူးတောရက်စ် ဝတ်ဆင်ခဲ့ တဲ့အင်္ကျီဟာ
ဘာစီလိုနာရဲ့တံဆိပ်ရောကလပ်ရဲ့အင်္ကျီစပွန်ဆာဖြစ်တဲ့
Nike ရဲ့တံဆိပ်ပါ မပါခဲ့လို့ ဒါနဲ့ပတ်သက်ပြီး ပရိသတ် တွေရော
ကစားသမားကိုယ်တိုင်ကပါ အကြောင်းအရင်းမသိဘဲဖြစ်နေပါတယ်။
တောရက်စ်ဟာ ဒီပွဲမှာ ဘာစီလိုနာအတွက် အရေးပါတဲ့ ချေပဂိုးကို
ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့တာပါ။
ဒီပင်နယ်တီဟာ ထရာအိုရေး ကြောင့်ရရှိခဲ့တာဖြစ် ပြီး
အခွင့်အရေးတွေလွဲချော်ခဲ့သေးတဲ့ တောရက်စ်က
ဝင်အောင်ကန်သွင်းနိုင်ခဲ့တာပါ။
သူဟာပထမပိုင်းမှာ အခြားအသင်း သားတွေလိုဘဲ
ကလပ်တံဆိပ်ရော Nike တံဆိပ်ပါ ပါတဲ့အင်္ကျီကို ဝတ်ခဲ့ပေမယ့်
ဒုတိယပိုင်းမှာတော့သူ့အင်္ကျီက ကလပ်ရဲ့ စပွန်ဆာဖြစ်တဲ့
Rakuten စာတမ်းနဲ့ ကျောနံပါတ် သာပါခဲ့လို့
အွန်လိုင်းပေါ်မှာလူပြောများနေရတာပါ။
ဒီအတွက်လည်း အကြောင်းအရင်းမှန်ကို ဘယ်သူမှမသိသေးသလို
ဘာစီလိုနာဘက်ကလည်း ဘာမှထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ပိုဆိုးတာက ဒီလိုအင်္ကျီဝတ်တာကို တောရက်စ်ကိုယ်တိုင်ကရော
ကျန်တဲ့ဘာစီလိုနာအသင်းကသူတွေကပါ သတိထားမိ ခြင်းမရှိတာပါ။
ဘာစီလိုနာရဲ့အတွင်းလူတစ်ဦးက တောရက်စ်ဟာ ပထမပိုင်းအပြီးမှာ
အင်္ကျီလဲခဲ့တာဖြစ်ပြီး ကလပ်တံဆိပ် နဲ့ Nike တံဆိပ်မပါခဲ့တာကို မသိခဲ့လို့
အားလုံးအတွက်ဆန်းကြယ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်းအွန်လိုင်းပေါ်မှာ ဝေဖန်မှုပေါင်းစုံထွက်ပေါ်နေတာပါ။
တစ်ဦးကဆိုရင်” ဘာစီလိုနာဟာ ငွေတစ်ပြားမှမရှိ တော့လို့
တောရက်စ်ကိုဘာတံဆိပ်မှ မပါတဲ့အင်္ကျီပေးလိုက်တာလား” လို့
မေးခွန်းထုတ်ခဲ့ပါတယ်။ နောက်တစ်ယောက်က လည်း”
တောရက်စ်အင်္ကျီက ကလပ်တံဆိပ်ရော စပွန်ဆာ Nike ရဲ့တံဆိပ်ပါ မပါဘူးဟ။
ဝတ်စုံတာဝန်ခံက ဈေးထဲမှာ ရောင်းတဲ့ အင်္ကျီကိုယူပြီး
တောရက်စ်ကိုပေးလိုက်တာများလား” လို့ဆိုခဲ့ပါတယ်။
သူဟာအဲဒီပွဲမှာ အခွင့်အရေးတွေလွဲခဲ့ သေးလို့ ဝေဖန်ခံနေရပေမယ့်
နည်းပြ ဇာဗီကတော့ တောရက်စ်ဟာ ဘာစီလိုနာအင်္ကျီကြောင့်
ကီလိုဂရမ် အနည်းငယ်ပို လေးသွားတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
zawgyi
ေဈးထဲမွာ ေရာင္းတဲ့ အက်ႌကိုယူၿပီး ေတာရက္စ္ကိုေပးလိုက္တာမ်ားလား
ဘာစီလိုနာက နာပိုလီနဲ႔ ၁-၁ သေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္
အိမ္ကြင္းပြဲမွာ တိုက္စစ္မႉးေတာရက္စ္ ဝတ္ဆင္ခဲ့ တဲ့အက်ႌဟာ
ဘာစီလိုနာရဲ႕တံဆိပ္ေရာကလပ္ရဲ႕အက်ႌစပြန္ဆာျဖစ္တဲ့
Nike ရဲ႕တံဆိပ္ပါ မပါခဲ့လို႔ ဒါနဲ႔ပတ္သက္ၿပီး ပရိသတ္ ေတြေရာ
ကစားသမားကိုယ္တိုင္ကပါ အေၾကာင္းအရင္းမသိဘဲျဖစ္ေနပါတယ္။
ေတာရက္စ္ဟာ ဒီပြဲမွာ ဘာစီလိုနာအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို
ပင္နယ္တီကေနတစ္ဆင့္ သြင္းယူေပးခဲ့တာပါ။
ဒီပင္နယ္တီဟာ ထရာအိုေရး ေၾကာင့္ရရွိခဲ့တာျဖစ္ ၿပီး
အခြင့္အေရးေတြလြဲေခ်ာ္ခဲ့ေသးတဲ့ ေတာရက္စ္က
ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့တာပါ။
သူဟာပထမပိုင္းမွာ အျခားအသင္း သားေတြလိုဘဲ
ကလပ္တံဆိပ္ေရာ Nike တံဆိပ္ပါ ပါတဲ့အက်ႌကို ဝတ္ခဲ့ေပမယ့္
ဒုတိယပိုင္းမွာေတာ့သူ႔အက်ႌက ကလပ္ရဲ႕ စပြန္ဆာျဖစ္တဲ့
Rakuten စာတမ္းနဲ႔ ေက်ာနံပါတ္ သာပါခဲ့လို႔
အြန္လိုင္းေပၚမွာလူေျပာမ်ားေနရတာပါ။
ဒီအတြက္လည္း အေၾကာင္းအရင္းမွန္ကို ဘယ္သူမွမသိေသးသလို
ဘာစီလိုနာဘက္ကလည္း ဘာမွထုတ္ျပန္ျခင္းမရွိေသးပါဘူး။
ပိုဆိုးတာက ဒီလိုအက်ႌဝတ္တာကို ေတာရက္စ္ကိုယ္တိုင္ကေရာ
က်န္တဲ့ဘာစီလိုနာအသင္းကသူေတြကပါ သတိထားမိ ျခင္းမရွိတာပါ။
ဘာစီလိုနာရဲ႕အတြင္းလူတစ္ဦးက ေတာရက္စ္ဟာ ပထမပိုင္းအၿပီးမွာ
အက်ႌလဲခဲ့တာျဖစ္ၿပီး ကလပ္တံဆိပ္ နဲ႔ Nike တံဆိပ္မပါခဲ့တာကို မသိခဲ့လို႔
အားလုံးအတြက္ဆန္းၾကယ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။
ဒါေၾကာင့္လည္းအြန္လိုင္းေပၚမွာ ေဝဖန္မႈေပါင္းစုံထြက္ေပၚေနတာပါ။
တစ္ဦးကဆိုရင္” ဘာစီလိုနာဟာ ေငြတစ္ျပားမွမရွိ ေတာ့လို႔
ေတာရက္စ္ကိုဘာတံဆိပ္မွ မပါတဲ့အက်ႌေပးလိုက္တာလား” လို႔
ေမးခြန္းထုတ္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္က လည္း”
ေတာရက္စ္အက်ႌက ကလပ္တံဆိပ္ေရာ စပြန္ဆာ Nike ရဲ႕တံဆိပ္ပါ မပါဘူးဟ။
ဝတ္စုံတာဝန္ခံက ေဈးထဲမွာ ေရာင္းတဲ့ အက်ႌကိုယူၿပီး
ေတာရက္စ္ကိုေပးလိုက္တာမ်ားလား” လို႔ဆိုခဲ့ပါတယ္။
သူဟာအဲဒီပြဲမွာ အခြင့္အေရးေတြလြဲခဲ့ ေသးလို႔ ေဝဖန္ခံေနရေပမယ့္
နည္းျပ ဇာဗီကေတာ့ ေတာရက္စ္ဟာ ဘာစီလိုနာအက်ႌေၾကာင့္
ကီလိုဂရမ္ အနည္းငယ္ပို ေလးသြားတာျဖစ္ႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။