
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ
ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းပရိသတ်တွေကတော့
နည်းပြသစ်ရာထူးအတွက် အမြင်မတူဘဲ နှစ်ဖက်ကွဲနေကြပါတယ်။ ယူနိုက်တက်
အသင်းဟာ စနေနေ့က ဝက်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက်
ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အသင်းဘုတ်အဖွဲ့က
ပွဲပြီးပြီးချင်းမှာပဲ ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ပတ်သက်လို့ အရေးပေါ်အစည်းအဝေး
ပြုလုပ်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာ
ဖြစ်ပါတယ်။
အခုလောလောဆယ် ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့
ရီးယဲလ်နာမည်ကျော်နည်းပြဟောင်းဇီဒန်းက ရေပန်းစားနေပေမယ့်
လူမှုကွန်ရက်ပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေက ဇီဒန်းကို ထောက်ခံတဲ့အဖွဲ့နဲ့
မထောက်ခံတဲ့အဖွဲ့ကွဲနေကြတာပါ။ ယူနိုက်တက်ပရိသတ်တချို့က ဇီဒန်းဟာ
ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒို၊ ဗာရန်းတို့နဲ့အတူလက်တွဲပြီး ကြီးမားတဲ့
အောင်မြင်မှုတွေရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်နည်းပြသစ်ဖြစ်လာရင်
ကစားသမားတွေရဲ့အရည်အသွေးကို အပြည့်အဝအသုံးချနိုင်စွမ်းရှိတဲ့အတွက်
ဇီဒန်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေပေမယ့် တချို့ကတော့ ဇီဒန်းနဲ့
ဘရန်ဒန်ရော်ဂျာတို့က ယူနိုက်တက်အသင်းရင်ဆိုင်နေရတဲ့အခြေအနေဆိုးအတွက်
အဖြေမဟုတ်ဘူးလို့ ယူဆနေပါတယ်။
ပရိသတ်တစ်ဦးက ‘ယူနိုက်တက်အသင်းအနေနဲ့ ဆိုးလ်ရှားကို ရာထူးက
ထုတ်ပယ်လိုက်ရင် အဲရစ်တန်ဟက်ကို နည်းပြအဖြစ်ခန့်အပ်သင့်တယ်လို့
ထင်ပါတယ်။ ရီးယဲလ်အသင်းကို ဇီဒန်းရောက်လာချိန်မှာ အသင်းက
အကောင်းဆုံးအနေအထားမှာရှိနေပြီး အခြေအနေမကောင်းတော့တဲ့အခါ
ဇီဒန်းဟာ ရီးယဲလ်နဲ့လမ်းခွဲခဲ့ပါတယ်။ ဒီလိုနည်းပြတစ်ယောက်က
ယူနိုက်တက်အသင်းကို ဆွဲတင်ပေးနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး”ဆိုပြီး
Twitter မှာရေးသားခဲ့ပါတယ်။
Zawgyi
ဇီဒန္းကို ခန္႔ရမလို မခန္႔ရမလို ျဖစ္ေနတဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ နည္းျပျဖစ္သူ
ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး အသင္းပရိသတ္ေတြကေတာ့
နည္းျပသစ္ရာထူးအတြက္ အျမင္မတူဘဲ ႏွစ္ဖက္ကြဲေနၾကပါတယ္။ ယူႏိုက္တက္
အသင္းဟာ စေနေန႔က ဝက္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့အတြက္
ပရီးမီးယားလိဂ္ေနာက္ဆုံး(၅)ပြဲမွာ (၄)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ အသင္းဘုတ္အဖြဲ႕က
ပြဲၿပီးၿပီးခ်င္းမွာပဲ ဆိုးလ္ရွားရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ အေရးေပၚအစည္းအေဝး
ျပဳလုပ္ခဲ့ၿပီး နာရီပိုင္းအၾကာမွာ ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔ဆုံးျဖတ္ခဲ့တာ
ျဖစ္ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔
ရီးယဲလ္နာမည္ေက်ာ္နည္းျပေဟာင္းဇီဒန္းက ေရပန္းစားေနေပမယ့္
လူမႈကြန္ရက္ေပၚမွာေတာ့ ယူႏိုက္တက္ပရိသတ္ေတြက ဇီဒန္းကို ေထာက္ခံတဲ့အဖြဲ႕နဲ႔
မေထာက္ခံတဲ့အဖြဲ႕ကြဲေနၾကတာပါ။ ယူႏိုက္တက္ပရိသတ္တခ်ိဳ႕က ဇီဒန္းဟာ
ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒို၊ ဗာရန္းတို႔နဲ႔အတူလက္တြဲၿပီး ႀကီးမားတဲ့
ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာရင္
ကစားသမားေတြရဲ႕အရည္အေသြးကို အျပည့္အဝအသုံးခ်ႏိုင္စြမ္းရွိတဲ့အတြက္
ဇီဒန္းကို လႈိက္လႈိက္လွဲလွဲႀကိဳဆိုေနေပမယ့္ တခ်ိဳ႕ကေတာ့ ဇီဒန္းနဲ႔
ဘရန္ဒန္ေရာ္ဂ်ာတို႔က ယူႏိုက္တက္အသင္းရင္ဆိုင္ေနရတဲ့အေျခအေနဆိုးအတြက္
အေျဖမဟုတ္ဘူးလို႔ ယူဆေနပါတယ္။
ပရိသတ္တစ္ဦးက ‘ယူႏိုက္တက္အသင္းအေနနဲ႔ ဆိုးလ္ရွားကို ရာထူးက
ထုတ္ပယ္လိုက္ရင္ အဲရစ္တန္ဟက္ကို နည္းျပအျဖစ္ခန႔္အပ္သင့္တယ္လို႔
ထင္ပါတယ္။ ရီးယဲလ္အသင္းကို ဇီဒန္းေရာက္လာခ်ိန္မွာ အသင္းက
အေကာင္းဆုံးအေနအထားမွာရွိေနၿပီး အေျခအေနမေကာင္းေတာ့တဲ့အခါ
ဇီဒန္းဟာ ရီးယဲလ္နဲ႔လမ္းခြဲခဲ့ပါတယ္။ ဒီလိုနည္းျပတစ္ေယာက္က
ယူႏိုက္တက္အသင္းကို ဆြဲတင္ေပးႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး”ဆိုၿပီး
Twitter မွာေရးသားခဲ့ပါတယ္။