ဇီဒန်းကိုခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ သတင်းထွက်လာပြန်တဲ့ မန်ယူ

မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကိုခေါ်ယူဖို့အတွက်

အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ Sunday Times သတင်း မှာဖော်ပြသွားပါတယ်။

မန်ယူဟာလက်ရှိနည်းပြ ဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ရင်သူ့နေရာမှာ

အစားဝင်ဖို့အတွက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက

ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဘွတ်ကီတွေကကြေးဖွင့်ထားပေမယ့်

ဇီဒန်း ကိုခေါ်ယူဖို့မန်ယူအသင်းကြိုးပမ်းလာတာကိုတော့

တွေ့မြင်နေရတယ်လို့အဲဒီသတင်းစာကဖော်ပြခဲ့တာပါ။

ဒီအတွက်လည်း ရီးရဲလ်ကစားသမားဟောင်းတွေဖြစ်ပြီး

မန်ယူကိုရောက်နေကြတဲ့ စီရော်နယ်ဒိုနဲ့ ဗာရန်း တို့ကိုအသုံးချလိမ့်မယ်လို့လည်း

ဆိုပါတယ်။ သူတို့နှစ်ဦးဟာပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်းမှာ မန်ယူကိုရောက်လာ

ခဲ့ကြသူတွေဖြစ်ပြီး ရီးရဲလ်မှာရှိတုန်းက ဇီဒန်းရဲ့လက်အောက်မှာအတူတွဲကစားကာ

ဆုဖလားတွေအများကြီးရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင်နှစ်ဦးစလုံးဟာ

ဇီဒန်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားတာကြောင့်လည်းခေါ်ယူနိုင်မယ်လို့

မန်ယူဘက်ကယုံကြည်ချက်ထားနေတာဖြစ်ပါတယ်။

လက်ရှိမှာ ဆိုးလ်ရှားကိုချက်ခြင်းထုတ်ပယ်ဦးမှာမဟုတ်ပေမယ့်

သူ့အနေအထားကလုံးဝမရေရာတော့တာကြောင့် မန်ယူဟာနည်းပြသစ်ခန့်ဖို့အတွက်

အခုကတည်းက ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇီဒန်းဟာရီးရဲလ်ကို

၂ ကြိမ်တာဝန်ယူခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နဲ့ လာလီဂါချန်ပီယံဘွဲ့

၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်အချိန်တိုအတွင်းဆုဖလားတွေရယူနိုင်ခဲ့တဲ့

မှတ်တမ်းနဲ့ လူငယ်တွေကိုအရောင်တင်ပေးနိုင်တဲ့ မှတ်တမ်းတွေကြောင့်လည်း

မန်ယူကသူ့ကိုခေါ်ဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇီဒန်းကို

ပီအက်စ်ဂျီအသင်းကလည်းသူတို့ရဲ့အနာဂတ်နည်းပြအဖြစ်ပစ်မှတ်ထားနေတာကြောင့်

အခက်အခဲတွေတော့ရှိလာနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်။

မန်ယူဟာလက်ရှိမှာ ဆိုးလ်းရှားကိုနောက် ၃ ပွဲအခွင့်အရေးပေးထားပြီး

အခြေအနေမဟန်ရင်တော့ ဒီဇင်ဘာလအတွင်းမှာထုတ်ပယ်လိမ့်မယ်လို့

ခန့်မှန်းရပါတယ်။ သူဟာ ၂၀၁၈ ဒီဇင်ဘာလအတွင်းမှာ မန်ယူကို

ယာယီနည်းပြအဖြစ်နဲ့စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။

zawgyi

ဇီဒန္းကိုေခၚယူဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းေနတယ္လို႔ သတင္းထြက္လာျပန္တဲ့ မန္ယူ

မန္ယူအသင္းဟာ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကိုေခၚယူဖို႔အတြက္

အရွိန္ျမႇင့္ႀကိဳးပမ္းေနတယ္လို႔ Sunday Times သတင္း မွာေဖာ္ျပသြားပါတယ္။

မန္ယူဟာလက္ရွိနည္းျပ ဆိုးလ္ရွားကိုထုတ္ပယ္ခဲ့ရင္သူ႔ေနရာမွာ

အစားဝင္ဖို႔အတြက္ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက

ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ ဘြတ္ကီေတြကေၾကးဖြင့္ထားေပမယ့္

ဇီဒန္း ကိုေခၚယူဖို႔မန္ယူအသင္းႀကိဳးပမ္းလာတာကိုေတာ့

ေတြ႕ျမင္ေနရတယ္လို႔အဲဒီသတင္းစာကေဖာ္ျပခဲ့တာပါ။

ဒီအတြက္လည္း ရီးရဲလ္ကစားသမားေဟာင္းေတြျဖစ္ၿပီး

မန္ယူကိုေရာက္ေနၾကတဲ့ စီေရာ္နယ္ဒိုနဲ႔ ဗာရန္း တို႔ကိုအသုံးခ်လိမ့္မယ္လို႔လည္း

ဆိုပါတယ္။ သူတို႔ႏွစ္ဦးဟာၿပီးခဲ့တဲ့ေႏြရာသီေဈးကြက္အတြင္းမွာ မန္ယူကိုေရာက္လာ

ခဲ့ၾကသူေတြျဖစ္ၿပီး ရီးရဲလ္မွာရွိတုန္းက ဇီဒန္းရဲ႕လက္ေအာက္မွာအတူတြဲကစားကာ

ဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ႏွစ္ဦးစလုံးဟာ

ဇီဒန္းနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိထားတာေၾကာင့္လည္းေခၚယူႏိုင္မယ္လို႔

မန္ယူဘက္ကယုံၾကည္ခ်က္ထားေနတာျဖစ္ပါတယ္။

လက္ရွိမွာ ဆိုးလ္ရွားကိုခ်က္ျခင္းထုတ္ပယ္ဦးမွာမဟုတ္ေပမယ့္

သူ႔အေနအထားကလုံးဝမေရရာေတာ့တာေၾကာင့္ မန္ယူဟာနည္းျပသစ္ခန႔္ဖို႔အတြက္

အခုကတည္းက ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။ ဇီဒန္းဟာရီးရဲလ္ကို

၂ ႀကိမ္တာဝန္ယူခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္နဲ႔ လာလီဂါခ်န္ပီယံဘြဲ႕

၂ ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္အခ်ိန္တိုအတြင္းဆုဖလားေတြရယူႏိုင္ခဲ့တဲ့

မွတ္တမ္းနဲ႔ လူငယ္ေတြကိုအေရာင္တင္ေပးႏိုင္တဲ့ မွတ္တမ္းေတြေၾကာင့္လည္း

မန္ယူကသူ႔ကိုေခၚဖို႔ႀကိဳးပမ္းလာတာျဖစ္ပါတယ္။ ဒါေပမယ့္ ဇီဒန္းကို

ပီအက္စ္ဂ်ီအသင္းကလည္းသူတို႔ရဲ႕အနာဂတ္နည္းျပအျဖစ္ပစ္မွတ္ထားေနတာေၾကာင့္

အခက္အခဲေတြေတာ့ရွိလာႏိုင္တယ္လို႔လည္းသုံးသပ္ၾကပါတယ္။

မန္ယူဟာလက္ရွိမွာ ဆိုးလ္းရွားကိုေနာက္ ၃ ပြဲအခြင့္အေရးေပးထားၿပီး

အေျခအေနမဟန္ရင္ေတာ့ ဒီဇင္ဘာလအတြင္းမွာထုတ္ပယ္လိမ့္မယ္လို႔

ခန႔္မွန္းရပါတယ္။ သူဟာ ၂၀၁၈ ဒီဇင္ဘာလအတြင္းမွာ မန္ယူကို

ယာယီနည္းျပအျဖစ္နဲ႔စတင္တာဝန္ယူခဲ့တာျဖစ္ပါတယ္။