ဇီဒန်းကတော့ အင်္ဂလိပ်စကား သင်နေပြီ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့

နာမည်ကျော်နည်းပြဇီဒန်းဟာ အခုဆိုရင် အင်္ဂလိပ်ဘာသာစကား စတင်

သင်ယူနေပြီဖြစ်ပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဇီဒန်းဟာ ပြီးခဲ့တဲ့

မေလတုန်းက ရီးယဲလ်အသင်းနဲ့ဒုတိယအကြိမ်မြောက်လမ်းခွဲခဲ့ပြီးကတည်းက

နည်းပြလောက,ကနေ ခဏအနားယူနေပြီး အခု ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့

နေရာမှာ အစားထိုးခန့်အပ်ခံရဖို့နီးစပ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲမှာ(၁)ပွဲသာအနိုင်ရခဲ့သလို

(၄)ပွဲအထိရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၆)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့်

နည်းပြဆိုးလ်ရှားအတွက် ဖိအားတွေကြီးမားနေပါတယ်။

လာမယ့်ပွဲတွေမှာ ဝက်ဖို့ဒ်၊ ဗီလာရီးယဲလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့

ရလဒ်မကောင်းခဲ့ရင်တော့ ဆိုးလ်ရှားရဲ့အနာဂတ်က အာမခံချက်မရှိနိုင်တော့ပါဘူး။

ဇီဒန်းရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်သလို ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်တဲ့

ပြင်သစ်နာမည်ကျော်ကစားသမားဟောင်း ပီတစ်က ဇီဒန်းဟာ အင်္ဂလိပ်ဘာသာစကား

စတင်သင်ကြားနေတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပီတစ်က ဇီဒန်းအနေနဲ့ အင်္ဂလိပ်စကားသင်ယူနေတာက

ယူနိုက်တက်အသင်းနည်းပြဖြစ်လာမယ်ဆိုတဲ့ကိစ္စနဲ့ မသက်ဆိုင်လောက်ဘူးလို့

သုံးသပ်ပြောဆိုခဲ့ပါတယ်။

ပီတစ်က ” “နည်းပြတစ်ယောက်အနေနဲ့ ဘာသာစကားတော်တော်များများ

ပြောနိုင်ဆိုနိုင်ဖို့လိုပါတယ်။ ကိုယ့်အသင်းက,ကစားသမားတွေကို

ညွှန်ကြားနိုင်ဖို့ဆိုတာ ဘာသာစကားကျွမ်းကျင်ဖို့က အရေးပါပြီး

တကယ်လို့ ယူနိုက်တက်လိုအသင်းမျိုးမှာ နည်းပြအဖြစ်ဆောင်ရွက်ရမယ်ဆိုရင်

အင်္ဂလိပ်လိုမပြောတတ်လို့ကတော့ အခက်ကြုံရဖို့ရှိပါတယ်။

ဇီဒန်းဟာ ဘာသာစကားတော်တော်များများပြောတတ်ပေမယ့် အင်္ဂလိပ်စကားတော့

မပြောတတ်လောက်ပါဘူး။ အခု ဇီဒန်းက အင်္ဂလိပ်ဘာသာစကားကို

စတင်သင်ကြားနေပြီလို့ ကျွန်တော်ကြားသိရပြီး ဒါက သူ့အတွက်

တတ်သင့်တဲ့ဘာသာရပ်ပါ။ ဒါပေမဲ့ ယူနိုက်တက်အသင်းက သူ့ကို

ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကိုတော့ ကျွန်တော်မယုံပါဘူး။

ဇီဒန်းဟာ ဘောလုံးသမားဘဝမှာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ခဲ့ပေမယ့်

ပရီးမီးယားလိဂ်မှာမကစားခဲ့ဖူးဘဲ အင်္ဂလိပ်ကလပ်တွေနဲ့ချိတ်ဆက်မှုသိပ်မရှိလို့

ဒီသတင်းတွေကို မယုံတာပါ”ဆိုပြီးပြောကြားခဲ့ပါတယ်။

Zawgyi

ဇီဒန္းကေတာ့ အဂၤလိပ္စကား သင္ေနၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပသစ္ျဖစ္လာဖို႔ေရပန္းစားေနတဲ့

နာမည္ေက်ာ္နည္းျပဇီဒန္းဟာ အခုဆိုရင္ အဂၤလိပ္ဘာသာစကား စတင္

သင္ယူေနၿပီျဖစ္ပါတယ္။ အသက္(၄၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဇီဒန္းဟာ ၿပီးခဲ့တဲ့

ေမလတုန္းက ရီးယဲလ္အသင္းနဲ႔ဒုတိယအႀကိမ္ေျမာက္လမ္းခြဲခဲ့ၿပီးကတည္းက

နည္းျပေလာက,ကေန ခဏအနားယူေနၿပီး အခု ယူႏိုက္တက္နည္းျပဆိုးလ္ရွားရဲ႕

ေနရာမွာ အစားထိုးခန႔္အပ္ခံရဖို႔နီးစပ္ေနၿပီဆိုတဲ့သတင္းေတြထြက္ေပၚေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး(၆)ပြဲမွာ(၁)ပြဲသာအႏိုင္ရခဲ့သလို

(၄)ပြဲအထိရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၁၂)ပြဲမွာ (၆)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္

နည္းျပဆိုးလ္ရွားအတြက္ ဖိအားေတြႀကီးမားေနပါတယ္။ လာမယ့္ပြဲေတြမွာ

ဝက္ဖို႔ဒ္၊ ဗီလာရီးယဲလ္၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ဆက္တိုက္ကစားရမွာျဖစ္လို႔

ရလဒ္မေကာင္းခဲ့ရင္ေတာ့ ဆိုးလ္ရွားရဲ႕အနာဂတ္က အာမခံခ်က္မရွိႏိုင္ေတာ့ပါဘူး။

ဇီဒန္းရဲ႕လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းျဖစ္သလို ခင္မင္ရင္းႏွီးတဲ့သူေတြျဖစ္တဲ့

ျပင္သစ္နာမည္ေက်ာ္ကစားသမားေဟာင္း ပီတစ္က ဇီဒန္းဟာ အဂၤလိပ္ဘာသာစကား

စတင္သင္ၾကားေနတယ္လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ပီတစ္က ဇီဒန္းအေနနဲ႔ အဂၤလိပ္စကားသင္ယူေနတာက

ယူႏိုက္တက္အသင္းနည္းျပျဖစ္လာမယ္ဆိုတဲ့ကိစၥနဲ႔ မသက္ဆိုင္ေလာက္ဘူးလို႔

သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ပီတစ္က ” “နည္းျပတစ္ေယာက္အေနနဲ႔ ဘာသာစကား

ေတာ္ေတာ္မ်ားမ်ားေျပာႏိုင္ဆိုႏိုင္ဖို႔လိုပါတယ္။ ကိုယ့္အသင္းက,ကစားသမား

ေတြကို ၫႊန္ၾကားႏိုင္ဖို႔ဆိုတာ ဘာသာစကားကြၽမ္းက်င္ဖို႔က အေရးပါၿပီး

တကယ္လို႔ ယူႏိုက္တက္လိုအသင္းမ်ိဳးမွာ နည္းျပအျဖစ္ေဆာင္႐ြက္ရမယ္ဆိုရင္

အဂၤလိပ္လိုမေျပာတတ္လို႔ကေတာ့ အခက္ႀကဳံရဖို႔ရွိပါတယ္။ ဇီဒန္းဟာ

ဘာသာစကားေတာ္ေတာ္မ်ားမ်ားေျပာတတ္ေပမယ့္ အဂၤလိပ္စကားေတာ့

မေျပာတတ္ေလာက္ပါဘူး။ အခု ဇီဒန္းက အဂၤလိပ္ဘာသာစကားကို

စတင္သင္ၾကားေနၿပီလို႔ ကြၽန္ေတာ္ၾကားသိရၿပီး ဒါက သူ႔အတြက္

တတ္သင့္တဲ့ဘာသာရပ္ပါ။ ဒါေပမဲ့ ယူႏိုက္တက္အသင္းက သူ႔ကို

ခ်ိတ္ဆက္ေနတယ္ဆိုတဲ့သတင္းေတြကိုေတာ့ ကြၽန္ေတာ္မယုံပါဘူး။

ဇီဒန္းဟာ ေဘာလုံးသမားဘဝမွာ ကမာၻ႔အဆင့္ကစားသမားျဖစ္ခဲ့ေပမယ့္

ပရီးမီးယားလိဂ္မွာမကစားခဲ့ဖူးဘဲ အဂၤလိပ္ကလပ္ေတြနဲ႔ခ်ိတ္ဆက္မႈသိပ္မရွိလို႔

ဒီသတင္းေတြကို မယုံတာပါ”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။