
ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ်နောက်ဆုံးနေ့ရက်တွေမှာ





အဆက်အဆံမလုပ်ခဲ့တဲ့ ကစားသမားတစ်ယောက်ရှိခဲ့တယ်လို့
sportbible ကဖော်ပြလိုက်ပါတယ်။ ပဲလေ့စ်တိုက်စစ်မှူး





ဇာဟာကတော့ ဖာဂီကြီးရဲ့နောက်ဆုံးခေါ်ယူခံရတဲ့
ကစားသမားဖြစ်ပြီး ယူနိုက်တက်အတွက်အကျိုးမပြုနိုင်ခဲ့တာကြောင့်
စကော့တလန်သားကြီးဟာ အိုင်ဗရီကို့စ်ကြယ်ပွင့်ကို





စကားတောင်မပြောခဲ့ဘူးလို့သိရပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၃
ဇန်နဝါရီမှာ ဇာဟာကို အိုးလ်ထရက်ဖို့ဒ်အရောက်ခေါ်ယူခဲ့ပြီးနောက်





မေလအရောက်မှာ နည်းပြလောက ကနေအနားယူခဲ့တာဖြစ်တယ်။
အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ ယူနိုက်တက်ကစားသမားဘ၀
၁၈ လ ကြာဖြတ်သန်းပြီးခဲ့တဲ့နောက် အသင်းဟောင်းပဲလေ့စ်ကို





ပြန်ရောက်သွားခဲ့ပါတယ်။ ဆဲလ်ဟာ့ပါ့ခ် တကျော့ပြန်ခရီးမှာ
နည်းပြနေးလ်ဝါးနော့နဲ့အတူ ဇာဟာကခြေစွမ်းပြနိုင်ခဲ့တာ





ဖြစ်တယ်။ ဖာဂူဆန်ဘက်က ဇာဟာကို တစ်ယောက်ချင်း
သီးသန့်စကားပြောဆိုမှုမရှိခဲ့တာကို နေးလ်ဝါးနော့က
အံ့အားသင့်ခဲ့ပြီး သရဲနီတွေအတွက်ကစားသမားကောင်း





တစ်ယောက်ဖြစ်လာနိုင်ခဲ့တယ်လို့ အသိအမှတ်ပြုပေးခဲ့ပါတယ်။
talkSPORT နဲ့တွေ့ဆုံမှုမှာ နေးလ်ဝါးနော့က “ကျွန်တော်





ပဲလေ့စ်ကိုရောက်တော့ သူ့ကိုလက်မှတ်ထိုးခဲ့တယ်။
သူက ဒီနေရာကိုအမြဲတမ်းချစ်ခဲ့တယ်။ ကျွန်တော် သူ့ကို
တခြားထိပ်တန်းကလပ်တစ်သင်းဆီကို သွားကြည့်စေချင်ပါတယ်။





သူ့ကိုတကျော့ပြန်ခေါ်ယူတုန်းက ဥက္ကဌရုံးခန်းထဲမှာ
စကားပြောဖြစ်တာကို မှတ်မိနေပါသေးတယ်။





ကျွန်တော် သူ့ကိုမေးခဲ့တယ် ‘ဆာအဲလက်စ်နဲ့ အဆင်ပြေလား’ လို့ပါ။
သူက ‘ငါ့ကို တစ်ခါမှစကားတောင်မပြောဘူး’ လို့ပြန်ဖြေခဲ့ပါတယ်။
လူငယ်ဘဝမှာ ယူနိုက်တက်ရောက်ခဲ့ပြီး အဲ့ဒီမှာအကူအညီမရခဲ့ပါဘူး။





ကျွန်တော်ကတော့ သူ့ကို ထိပ်တန်းကလပ်မှာမြင်ချင်တာပါ။
သူ့ကို ဝန်းရံပေးမယ်ဆိုရင် ကြည့်ရတာအရမ်းကိုစိတ်လှုပ်ရှားစရာဖြစ်ပြီး





သွက်လက်လွန်းပါတယ်။ ဒီနှစ်မှာ ကောင်းမွန်တဲ့ရာသီတစ်ခုကို
ပိုင်ဆိုင်မယ်လို့ထင်တယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
zawgyi





ဇာဟာနဲ႔ပက္သတ္လို႔တစ္ခြန္းမွ်မဟဘဲ ပဲေလ့စ္ျပန္ပို႔ခဲ့တဲ့ ဖာဂူဆန္လုပ္ရပ္ကို ေနးလ္ဝါးေနာ့ အံ့အားသင့္
ဂႏၲဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ေနာက္ဆုံးေန႔ရက္ေတြမွာ





အဆက္အဆံမလုပ္ခဲ့တဲ့ ကစားသမားတစ္ေယာက္ရွိခဲ့တယ္လို႔
sportbible ကေဖာ္ျပလိုက္ပါတယ္။ ပဲေလ့စ္တိုက္စစ္မႉး
ဇာဟာကေတာ့ ဖာဂီႀကီးရဲ႕ေနာက္ဆုံးေခၚယူခံရတဲ့





ကစားသမားျဖစ္ၿပီး ယူႏိုက္တက္အတြက္အက်ိဳးမျပဳႏိုင္ခဲ့တာေၾကာင့္
စေကာ့တလန္သားႀကီးဟာ အိုင္ဗရီကို႔စ္ၾကယ္ပြင့္ကို





စကားေတာင္မေျပာခဲ့ဘူးလို႔သိရပါတယ္။ ဖာဂူဆန္ဟာ ၂၀၁၃
ဇန္နဝါရီမွာ ဇာဟာကို အိုးလ္ထရက္ဖို႔ဒ္အေရာက္ေခၚယူခဲ့ၿပီးေနာက္
ေမလအေရာက္မွာ နည္းျပေလာက ကေနအနားယူခဲ့တာျဖစ္တယ္။





အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာ ယူႏိုက္တက္ကစားသမားဘ၀
၁၈ လ ၾကာျဖတ္သန္းၿပီးခဲ့တဲ့ေနာက္ အသင္းေဟာင္းပဲေလ့စ္ကို





ျပန္ေရာက္သြားခဲ့ပါတယ္။ ဆဲလ္ဟာ့ပါ့ခ္ တေက်ာ့ျပန္ခရီးမွာ
နည္းျပေနးလ္ဝါးေနာ့နဲ႔အတူ ဇာဟာကေျခစြမ္းျပႏိုင္ခဲ့တာ
ျဖစ္တယ္။ ဖာဂူဆန္ဘက္က ဇာဟာကို တစ္ေယာက္ခ်င္း





သီးသန႔္စကားေျပာဆိုမႈမရွိခဲ့တာကို ေနးလ္ဝါးေနာ့က
အံ့အားသင့္ခဲ့ၿပီး သရဲနီေတြအတြက္ကစားသမားေကာင္း





တစ္ေယာက္ျဖစ္လာႏိုင္ခဲ့တယ္လို႔ အသိအမွတ္ျပဳေပးခဲ့ပါတယ္။
talkSPORT နဲ႔ေတြ႕ဆုံမႈမွာ ေနးလ္ဝါးေနာ့က “ကြၽန္ေတာ္
ပဲေလ့စ္ကိုေရာက္ေတာ့ သူ႔ကိုလက္မွတ္ထိုးခဲ့တယ္။





သူက ဒီေနရာကိုအၿမဲတမ္းခ်စ္ခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို
တျခားထိပ္တန္းကလပ္တစ္သင္းဆီကို သြားၾကည့္ေစခ်င္ပါတယ္။





သူ႔ကိုတေက်ာ့ျပန္ေခၚယူတုန္းက ဥကၠဌ႐ုံးခန္းထဲမွာ
စကားေျပာျဖစ္တာကို မွတ္မိေနပါေသးတယ္။
ကြၽန္ေတာ္ သူ႔ကိုေမးခဲ့တယ္ ‘ဆာအဲလက္စ္နဲ႔ အဆင္ေျပလား’ လို႔ပါ။





သူက ‘ငါ့ကို တစ္ခါမွစကားေတာင္မေျပာဘူး’ လို႔ျပန္ေျဖခဲ့ပါတယ္။
လူငယ္ဘဝမွာ ယူႏိုက္တက္ေရာက္ခဲ့ၿပီး အဲ့ဒီမွာအကူအညီမရခဲ့ပါဘူး။





ကြၽန္ေတာ္ကေတာ့ သူ႔ကို ထိပ္တန္းကလပ္မွာျမင္ခ်င္တာပါ။
သူ႔ကို ဝန္းရံေပးမယ္ဆိုရင္ ၾကည့္ရတာအရမ္းကိုစိတ္လႈပ္ရွားစရာျဖစ္ၿပီး
သြက္လက္လြန္းပါတယ္။ ဒီႏွစ္မွာ ေကာင္းမြန္တဲ့ရာသီတစ္ခုကို





ပိုင္ဆိုင္မယ္လို႔ထင္တယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။