
နည်းပြသစ်အဖြစ် ဂန္ထဝင်ကစားသမားဇာဗီကို ခန့်အပ်လိုက်ချိန်ကတည်းက
ရလဒ်ကောင်းတွေရယူနေတဲ့ ဘာစီလိုနာအသင်းဟာ မနေ့က ဗီလာရီးယဲလ်နဲ့
ကစားခဲ့တဲ့လာလီဂါပွဲမှာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီရာသီပထမဆုံး
အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် (၄၈)မိနစ်မှ
ာ ဖရန်ကီဒီယွန်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် (၇၆)မိနစ်မှာ
ဗီလာရီးယဲလ်ကွင်းလယ်လူချူကွာဇီက ချေပဂိုးပြန်သွင်းခဲ့ပြီး
ဘာစီလိုနာအသင်းပထမဆုံးအဝေးကွင်းနိုင်ပွဲရဖို့ ဂိုးတွေကိုတော့ ပွဲပြီးခါနီးမှာ
ဒီပိုင်း၊ ပယ်နယ်တီကနေကော်တင်ဟိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပိုင်းဟာ လာလီဂါနောက်ဆုံး(၄)ပွဲဆက်တိုက်မှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို
သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့
လိုင်ယွန်အသင်းမှာကစားခဲ့တုန်းက ၂၀၁၈၊ ဧပြီလမှာ (၆)ပွဲဆက်(၇)ဂိုး
သွင်းယူခဲ့တဲ့မှတ်တမ်းကို ပြန်လည်ရယူနိုင်ဖို့နီးစပ်နေပါပြီ။
ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်လ်ကိုးမန်းကို ရာထူးကထုတ်ပယ်ခဲ့ပြီး
ဇာဗီကိုနည်းပြသစ်ခန့်အပ်ခဲ့တဲ့လုပ်ရပ်က အကျိုးရှိစေတယ်လို့
သတ်မှတ်ရမှာဖြစ်ပြီး အခုဆိုရင် ဘာစီလိုနာအသင်း ဒီရာသီလာလီဂါမှာ
ပထမဆုံးအကြိမ်(၂)ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ
အခုပွဲမတိုင်ခင် လာလီဂါအဝေးကွင်း(၅)ပွဲကစားပြီးချိန်မှာ (၃)ပွဲသရေ၊
(၂)ပွဲရှုံးရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ ဇာဗီဟာ ပထမဆုံးကိုင်တွယ်ခဲ့တဲ့
အက်စ်ပန်ညိုနဲ့ကတ်တလန်ဒါဘီပွဲမှာ (၁-၀)ဂိုးရလဒ်နဲ့နိုင်ပွဲရခဲ့ပြီး
စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ပေးဂိုးမရှိ
နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ကြားရက်က ဘင်ဖီကာနဲ့ကစားခဲ့တဲ့
ချန်ပီယံလိဂ်ပွဲမှာတော့ ဘာစီလိုနာအသင်း သရေကျခဲ့တာကြောင့်
ချန်ပီယံလိဂ်အုပ်စုကတက်ဖို့ နောက်ဆုံးပွဲအထိဆက်လက်ရုန်းကန်ရမှာပါ။
ဘာစီလိုနာအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့
အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အနိုင်ကစားနိုင်မှ စိတ်ချရမှာဖြစ်လို့
ဇာဗီအနေနဲ့ ဘာစီလိုနာအသင်းကို အုပ်စုအဆင့်ကကျော်ဖြတ်နိုင်အောင်
စွမ်းဆောင်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
zawgyi
ဇာဗီလက္ထက္ ရလဒ္ေကာင္းေတြရယူေနတဲ့ ဘာစီလိုနာ
နည္းျပသစ္အျဖစ္ ဂႏၴဝင္ကစားသမားဇာဗီကို ခန႔္အပ္လိုက္ခ်ိန္ကတည္းက
ရလဒ္ေကာင္းေတြရယူေနတဲ့ ဘာစီလိုနာအသင္းဟာ မေန႔က ဗီလာရီးယဲလ္နဲ႔
ကစားခဲ့တဲ့လာလီဂါပြဲမွာ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒီရာသီပထမဆုံး
အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းအတြက္ (၄၈)မိနစ္မွ
ာ ဖရန္ကီဒီယြန္းက ဦးေဆာင္ဂိုးစတင္သြင္းယူခဲ့ေပမယ့္ (၇၆)မိနစ္မွာ
ဗီလာရီးယဲလ္ကြင္းလယ္လူခ်ဴကြာဇီက ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး
ဘာစီလိုနာအသင္းပထမဆုံးအေဝးကြင္းႏိုင္ပြဲရဖို႔ ဂိုးေတြကိုေတာ့ ပြဲၿပီးခါနီးမွာ
ဒီပိုင္း၊ ပယ္နယ္တီကေနေကာ္တင္ဟိုတို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒီပိုင္းဟာ လာလီဂါေနာက္ဆုံး(၄)ပြဲဆက္တိုက္မွာ (၄)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္သလို
သူ႔ရဲ႕ကစားသမားဘဝအေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္တဲ့
လိုင္ယြန္အသင္းမွာကစားခဲ့တုန္းက ၂၀၁၈၊ ဧၿပီလမွာ (၆)ပြဲဆက္(၇)ဂိုး
သြင္းယူခဲ့တဲ့မွတ္တမ္းကို ျပန္လည္ရယူႏိုင္ဖို႔နီးစပ္ေနပါၿပီ။
ဘာစီလိုနာအသင္းဟာ နည္းျပေရာ္နယ္လ္ကိုးမန္းကို ရာထူးကထုတ္ပယ္ခဲ့ၿပီး
ဇာဗီကိုနည္းျပသစ္ခန႔္အပ္ခဲ့တဲ့လုပ္ရပ္က အက်ိဳးရွိေစတယ္လို႔
သတ္မွတ္ရမွာျဖစ္ၿပီး အခုဆိုရင္ ဘာစီလိုနာအသင္း ဒီရာသီလာလီဂါမွ
ာ ပထမဆုံးအႀကိမ္(၂)ပြဲဆက္တိုက္အႏိုင္ရခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ
အခုပြဲမတိုင္ခင္ လာလီဂါအေဝးကြင္း(၅)ပြဲကစားၿပီးခ်ိန္မွာ (၃)ပြဲသေရ၊
(၂)ပြဲရႈံးရလဒ္သာထြက္ေပၚခဲ့ပါတယ္။ ဇာဗီဟာ ပထမဆုံးကိုင္တြယ္ခဲ့တဲ့
အက္စ္ပန္ညိဳနဲ႔ကတ္တလန္ဒါဘီပြဲမွာ (၁-၀)ဂိုးရလဒ္နဲ႔ႏိုင္ပြဲရခဲ့ၿပီး
စက္တင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ေပးဂိုးမရွိ
ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၾကားရက္က ဘင္ဖီကာနဲ႔ကစားခဲ့တဲ့
ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ဘာစီလိုနာအသင္း သေရက်ခဲ့တာေၾကာင့္
ခ်န္ပီယံလိဂ္အုပ္စုကတက္ဖို႔ ေနာက္ဆုံးပြဲအထိဆက္လက္႐ုန္းကန္ရမွာပါ။
ဘာစီလိုနာအသင္းဟာ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဘိုင္ယန္ျမဴးနစ္နဲ႔
အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး အႏိုင္ကစားႏိုင္မွ စိတ္ခ်ရမွာျဖစ္လို႔
ဇာဗီအေနနဲ႔ ဘာစီလိုနာအသင္းကို အုပ္စုအဆင့္ကေက်ာ္ျဖတ္ႏိုင္ေအာင္
စြမ္းေဆာင္ႏိုင္မလားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။