ဇာတ်လမ်း ပြီးသွားပြီဆိုတော့ မန်ယူက အရေးမကြီးတော့ဘူးဆိုတဲ့ စီရော်နယ်ဒို

မန်ယူအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီဖြစ်တာကြောင့် အိုးလ်ထရက်ဖို့ဒ် ဇာတ်လမ်း တစ်ခန်းရပ်သွားပြီဖြစ်လို့ အဲဒီအကြောင်းတွေဟာ ဘာမှ အရေးမကြီးတော့ဘဲ လက်ရှိ ပေါ်တူဂီအသင်းကသာ

အရေးကြီးတယ်လို့ တိုက်စစ် မှူး စီရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ဂါနာနဲ့ ပွဲစဉ်မှာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ရပ်မှာ

ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ နောက် ပြီး အခုလိုမျိုး ဂါနာနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် စီရော်နယ်ဒိုဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲသွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး

မဟာပြိုင်ဘက် ကမ္ဘာ့အကောင်း ဆုံး ကစားသမားဖြစ်တဲ့ မက်ဆီထက် တစ်ဂိုး ပိုသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ စီရော်နယ်ဒိုဟာ ပွဲအပြီး

ပြောစကားမှာတော့ လက်ရှိအချိန်ဟာ မန်ယူနဲ့ လမ်းခွဲပြတ်စဲခဲ့ပြီဖြစ်တာ ကြောင့် အိုးလ်ထရက်ဖို့ဒ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဟာ ဘာမှ အရေးမပါတော့ ဘဲ နိုင်ငံအသင်း အောင်မြင်မှု ရဖို့ကသာ

အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ‘’ဒီအချိန်က အရမ်းကို လှပလွန်းတဲ့ ကာလတစ်ခုပါ။ ကျွန် တော့်ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားလည်း ဖြစ်တယ်။ ကျွန်တော်တို့ ခြေစွမ်းကောင်းနဲ့

စတင်နိုင်ခဲ့ပြီး အနိုင်ရခဲ့တယ်။ အရမ်းကို အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲ ပေါ့ဗျာ။ ပထမဆုံးပွဲက အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိတယ်လေ။ ဒါ့ အပြင် ကမ္ဘာ့စံချိန်ပေါ့။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်မှာ

ဂိုးသွင်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ကစားသမားပေါ့။ အဲဒါက ကျွန်တော့်ကို တကယ်ပဲ ဂုဏ်ဆာမိစေတယ်ဗျာ။ အရေးအကြီးဆုံး ခြေလှမ်းက ကျွန်တော်တို့ အနိုင်ရတာပဲ။ အခုက မန်ယူနဲ့ဇာတ်လမ်း ပြီးသွားတဲ့

သီတင်းပတ်ပါ။ ဇာတ်သိမ်းပြီပေါ့။ ခြေစွမ်း ကောင်းနဲ့ ကျွန်တော်တို့ စတင်ဖို့ ဆန္ဒရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကျွန်တော့်အသင်းကိုလည်း ကူညီပေးနိုင်ခဲ့တယ်။ ကျန်တဲ့ဟာတွေ အားလုံး ဘာမှ

အရေးမပါဘူး’’ လို့ အသက် ၃၇ နှစ်အရွယ် စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဇာတ္လမ္း ၿပီးသြားၿပီဆိုေတာ့ မန္ယူက အေရးမႀကီးေတာ့ဘူးဆိုတဲ့ စီေရာ္နယ္ဒို

မန္ယူအသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ၿပီျဖစ္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ ဇာတ္လမ္း တစ္ခန္းရပ္သြားၿပီျဖစ္လို႔ အဲဒီအေၾကာင္းေတြဟာ ဘာမွ အေရး မႀကီးေတာ့ဘဲ လက္ရွိ ေပၚတူဂီအသင္းကသာ

အေရးႀကီးတယ္လို႔ တိုက္စစ္ မႉး စီေရာ္နယ္ဒိုက ေျပာဆိုလိုက္ပါတယ္။ ဂါနာနဲ႔ ပြဲစဥ္မွာ ေပၚတူဂီအတြက္ ဦးေဆာင္ဂိုး သြင္းေပးႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ မတူညီတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ရပ္မွာ

ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။ ေနာက္ ၿပီး အခုလိုမ်ိဳး ဂါနာနဲ႔ပြဲစဥ္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့အတြက္ စီေရာ္နယ္ဒိုဟာ ကမာၻ႔ ဖလားၿပိဳင္ပြဲသြင္းဂိုး ၈ ဂိုးအထိ ရွိလာခဲ့ၿပီး

မဟာၿပိဳင္ဘက္ ကမာၻ႔အေကာင္း ဆုံး ကစားသမားျဖစ္တဲ့ မက္ဆီထက္ တစ္ဂိုး ပိုသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ပြဲအ ၿပီး

ေျပာစကားမွာေတာ့ လက္ရွိအခ်ိန္ဟာ မန္ယူနဲ႔ လမ္းခြဲျပတ္စဲခဲ့ၿပီျဖစ္တာ ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္နဲ႔ သက္ဆိုင္တဲ့ ကိစၥေတြဟာ ဘာမွ အေရးမပါေတာ့ ဘဲ ႏိုင္ငံအသင္း ေအာင္ျမင္မႈ ရဖို႔ကသာ

အေရးအႀကီးဆုံး ျဖစ္တယ္လို႔ ေျပာ ဆိုသြားခဲ့ပါတယ္။ ‘’ဒီအခ်ိန္က အရမ္းကို လွပလြန္းတဲ့ ကာလတစ္ခုပါ။ ကြၽန္ ေတာ့္ရဲ႕ ၅ ႀကိမ္ေျမာက္ ကမာၻ႔ဖလားလည္း ျဖစ္တယ္။ ကြၽန္ေတာ္တို႔

ေျခစြမ္း ေကာင္းနဲ႔ စတင္ႏိုင္ခဲ့ၿပီး အႏိုင္ရခဲ့တယ္။ အရမ္းကို အေရးပါတဲ့ ႏိုင္ပြဲ တစ္ပြဲ ေပါ့ဗ်ာ။ ပထမဆုံးပြဲက အေရးပါတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္ေလ။ ဒါ့ အျပင္ ကမာၻ႔စံခ်ိန္ေပါ့။

ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ႀကိမ္မွာ ဂိုးသြင္းႏိုင္တဲ့ ကမာၻ႔ ပထမဆုံး ကစားသမားေပါ့။ အဲဒါက ကြၽန္ေတာ့္ကို တကယ္ပဲ ဂုဏ္ဆာမိ ေစတယ္ဗ်ာ။ အေရးအႀကီးဆုံး ေျခလွမ္းက ကြၽန္ေတာ္တို႔

အႏိုင္ရတာပဲ။ အခု က မန္ယူနဲ႔ဇာတ္လမ္း ၿပီးသြားတဲ့ သီတင္းပတ္ပါ။ ဇာတ္သိမ္းၿပီေပါ့။ ေျခစြမ္း ေကာင္းနဲ႔ ကြၽန္ေတာ္တို႔ စတင္ဖို႔ ဆႏၵရွိခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ တယ္။

ကြၽန္ေတာ့္အသင္းကိုလည္း ကူညီေပးႏိုင္ခဲ့တယ္။ က်န္တဲ့ဟာေတြ အားလုံး ဘာမွ အေရးမပါဘူး’’ လို႔ အသက္ ၃၇ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုက ေျပာဆိုသြားခဲ့ပါတယ္။