ဇယားအောက်ခြေက အသင်းကို သရေကျတဲ့ ထူးမခြားနားစွမ်းဆောင်ရည်နဲ့ နည်းပြ

ဇယားအောက်ခြေက အသင်းကို သရေကျပြီး ထိပ်ဆုံး ၄ နေရာက

ဖယ်ပေးလိုက်ရပြီးနောက် သူ့မန်ယူအသင်းဟာ လုံလောက်အောင်

ကောင်းမွန်ခြင်းမရှိကြောင်း နည်းပြရန်းနစ်က ဝန်ခံလိုက်ပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့သလို ပေါဂ့်ဘာရဲ့ဦးဆောင်ဂိုးလည်း

ရရှိခဲ့ပေမယ့် ၂ ဂိုးပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။


အဲဒါက ဒုတိယပိုင်းအစ ချေပဂိုးပေးလိုက်ရမှုမှာ သိသာသွားခဲ့ပြီး နောက်ဆုံးမှာ

သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ အဲဒီလစ်ပ်ဇစ်နည်းပြဟောင်းက ပထမပိုင်းမှာ

ပယ်ဖျက်ခံလိုက်ရတဲ့ဂိုးတွေအတွက် သူ့အသင်းကို အပြစ်မတင်နိုင်ပေမယ့် ဒီလိုပွဲမျိုးမှာ

တစ်မှတ်သာ ယူနိုင်တာဟာ အဆင်မပြေကြောင်း ဆိုခဲ့တာပါ။

”ကျွန်တော်တို့ဟာ ပထမပိုင်းမှာ ၃ ဂိုးသွင်းခဲ့တာပါ။ ပထမပိုင်းဂိုးသွင်းခြေအတွက်

အသင်းကို အပြစ်တင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆုံး ၂၅ မိနစ်မှာ ကျွန်တော်တို့

တည်ကန်ဘောတွေအများကြီးရခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကံတရားကို

နည်းနည်းမေးခွန်းထုတ်မရလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလိုစွမ်းဆောင်မှုမျိုးနဲ့

တစ်မှတ်သာရခဲ့တာဟာ မလုံလောက်ပါဘူး”လို့ ပွဲအပြီးမှာ ရန်းနစ်က ပြောခဲ့ပါတယ်။

ရန်းနစ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းကလည်း ချန်ပီယံရှစ်ကလပ်

မစ်ဒယ်ဘရော့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရသေးတာပါ။

တိုက်ဆိုင်တာက အဲဒီနောက်ဆုံး ၂ ပွဲစလုံးမှာ မန်ယူမှာ ဦးဆောင်ဂိုးတွေသွင်းနိုင်ရက်နဲ့

အနိုင်မရခဲ့တာ ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲ အနိုင်မရမှုကြောင့်လည်း မန်ယူဟာ

အမှတ်ပေးဇယားမှာ ဝက်စ်ဟမ်းရဲ့ကျော်တက်ခြင်းခံခဲ့ရပြီး အဆင့် ၅ နေရာ

ဆင်းပေးခဲ့ရပါတယ်။ မန်ယူဟာ လာမယ့်ပရီးမီးယားလိဂ်နှစ်ပွဲမှာတော့

ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ကို အိမ်ကွင်းဧည့်ခံကစားရမှာပါ။

Zawgyi

ဇယားေအာက္ေျခက အသင္းကို သေရက်တဲ့ ထူးမျခားနားစြမ္းေဆာင္ရည္နဲ့ နည္းျပ
ဇယားေအာက္ေျခက အသင္းကို သေရက်ၿပီး ထိပ္ဆုံး ၄ ေနရာက

ဖယ္ေပးလိုက္ရၿပီးေနာက္ သူ႔မန္ယူအသင္းဟာ လုံေလာက္ေအာင္

ေကာင္းမြန္ျခင္းမရွိေၾကာင္း နည္းျပရန္းနစ္က ဝန္ခံလိုက္ပါတယ္။
ယူႏိုက္တက္ဟာ ပထမပိုင္းမွာ ပြဲကို စိုးမိုးႏိုင္ခဲ့သလို ေပါဂ့္ဘာရဲ႕ဦးေဆာင္ဂိုးလည္း

ရရွိခဲ့ေပမယ့္ ၂ ဂိုးပယ္ဖ်က္ျခင္းခံခဲ့ရပါတယ္။

အဲဒါက ဒုတိယပိုင္းအစ ေခ်ပဂိုးေပးလိုက္ရမႈမွာ သိသာသြားခဲ့ၿပီး ေနာက္ဆုံးမွာ

သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရတာပါ။ အဲဒီလစ္ပ္ဇစ္နည္းျပေဟာင္းက ပထမပိုင္းမွာ

ပယ္ဖ်က္ခံလိုက္ရတဲ့ဂိုးေတြအတြက္ သူ႔အသင္းကို အျပစ္မတင္ႏိုင္ေပမယ့္ ဒီလိုပြဲမ်ိဳးမွာ

တစ္မွတ္သာ ယူႏိုင္တာဟာ အဆင္မေျပေၾကာင္း ဆိုခဲ့တာပါ။

”ကြၽန္ေတာ္တို႔ဟာ ပထမပိုင္းမွာ ၃ ဂိုးသြင္းခဲ့တာပါ။ ပထမပိုင္းဂိုးသြင္းေျခအတြက္

အသင္းကို အျပစ္တင္လို႔ မရႏိုင္ပါဘူး။ ဒါေပမဲ့ ေနာက္ဆုံး ၂၅ မိနစ္မွာ ကြၽန္ေတာ္တို႔

တည္ကန္ေဘာေတြအမ်ားႀကီးရခဲ့ပါတယ္။ အဆုံးသတ္မွာေတာ့ ကံတရားကို

နည္းနည္းေမးခြန္းထုတ္မရလိုျဖစ္ခဲ့တယ္။ ဒါေပမဲ့လည္း ဒီလိုစြမ္းေဆာင္မႈမ်ိဳးနဲ႔

တစ္မွတ္သာရခဲ့တာဟာ မလုံေလာက္ပါဘူး”လို႔ ပြဲအၿပီးမွာ ရန္းနစ္က ေျပာခဲ့ပါတယ္။

ရန္းနစ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကလည္း ခ်န္ပီယံရွစ္ကလပ္

မစ္ဒယ္ဘေရာ့ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရေသးတာပါ။

 

တိုက္ဆိုင္တာက အဲဒီေနာက္ဆုံး ၂ ပြဲစလုံးမွာ မန္ယူမွာ ဦးေဆာင္ဂိုးေတြသြင္းႏိုင္ရက္နဲ႔

အႏိုင္မရခဲ့တာ ျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲ အႏိုင္မရမႈေၾကာင့္လည္း မန္ယူဟာ

အမွတ္ေပးဇယားမွာ ဝက္စ္ဟမ္းရဲ႕ေက်ာ္တက္ျခင္းခံခဲ့ရၿပီး အဆင့္ ၅ ေနရာ

ဆင္းေပးခဲ့ရပါတယ္။ မန္ယူဟာ လာမယ့္ပရီးမီးယားလိဂ္ႏွစ္ပြဲမွာေတာ့

ေဆာက္သမ္တန္နဲ႔ ဘ႐ိုက္တန္တို႔ကို အိမ္ကြင္းဧည့္ခံကစားရမွာပါ။