ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ကလပ်တချို့ရဲ့ကစားသမားခေါ်ယူမှုများ

ဇန်နဝါရီအပြောင်းအရွှေ့ကာလကတော့ မနေ့ကပိတ်သိမ်းသွားပြီဖြစ်ပြီး

အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပရိသတ်မျှာ်လင့်သလို

နာမည်ကျော်ကစားသမားတွေရဲ့အပြောင်းအရွှေ့တွေဖြစ်မလာပေမယ့်

စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားအရွှေ့အပြောင်းတွေတော့ရှိခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းကို အသင်းက စာချုပ်ဖျက်သိမ်းပြီး

ဘာစီလိုနာအသင်းဆီ လက်လွှတ်ခဲ့တာ၊ ယူနိုက်တက်ကွင်းလယ်လူ

ဗန်ဒီဘိခ်ကို အဲဗာတန်အသင်းအငှားခေါ်ယူနိုင်ခဲ့ပြီး

စပါးအသင်းတိုက်စစ်ကစားသမားအယ်လီကို အပြီးသတ်ခေါ်ယူခဲ့တာအပါအဝင်

ပရိသတ်အကြိုက်ဖြစ်စေမယ့် အပြောင်းအရွှေ့တွေပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊

မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးတို့ကတော့

သတင်းတွေမျိုးစုံထွက်ခဲ့ပေမယ့် ဘာမှမလှုပ်ရှားဘဲ ဇန်နဝါရီစျေးကွက်ကို

ပိတ်သိမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့

ပေါ်တိုတောင်ပံတိုက်စစ်ကစားသမားလူးဝစ်ဒီယက်ဇ်ကို

ပေါင်သန်း(၄၀)နဲ့ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း

ပရီးမီးယားလိဂ်ကလပ်တချို့ရဲ့ကစားသမားခေါ်ယူမှုတွေကို

ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . .

ဗီလာ –

ဒစ်ဂ်နေး(ပေါင် ၂၅သန်း-အဲဗာတန်)၊ ကော်တင်ဟို(အငှား-ဘာစီလိုနာ)၊

ချိန်ဘာစ်(အငှား-အာဆင်နယ်) အော်လ်ဆင်(အငှား-ရိုးမား)

အဲဗာတန် –

ဗန်ဒီဘိခ်(အငှား-ယူနိုက်တက်)၊ အယ်လ်လီ(အလွတ်-စပါး)၊

မိုလန်ကို(ပေါင် ၂၁သန်း-ဒိုင်နမိုကိဗ်)၊ ပတ်တာဆင်(ပေါင် ၁၂သန်း-ရိန်းဂျားစ်)

လီဗာပူးလ် –

လူးဝစ်ဒီယက်ဇ်(ပေါင်သန်း၄၀-ပေါ်တို)

စပါး –

ကူလူဆက်ဗ်စကီး(အငှား-ဂျူဗင်တပ်စ်)၊ ဘန်တန်ကာ(ပေါင် ၁၅.၈သန်း-ဂျူဗင်တပ်စ်)

ဘရန့်ဖို့ဒ် –

အဲရစ်ဆင်(အလွတ်)

နယူးကာဆယ် – ခရစ္စဝုဒ်(ပေါင် ၂၅သန်း-ဘန်လေ)၊

ထရစ်ပီယာ(ပေါင် ၁၃သန်း-အက်သလက်တီကို)၊

တားဂတ်(အငှား-ဗီလာ)၊ ဂွီမာရေ့စ်(ပေါင်သန်း၄၀-လိုင်ယွန်)

zawgyi













သတင်းတွေမျိုးစုံထွက်ခဲ့ပေမယ့် ဘာမှမလှုပ်ရှားဘဲ ဇန်နဝါရီဈေးကွက်ကို







ဗီလာ –



အဲဗာတန် –



လီဗာပူးလ် –


စပါး –


ဘရန့်ဖို့ဒ် –

အဲရစ်ဆင်(အလွတ်)


