ဇန်နဝါရီမှာ သူ့ကို အက်သလက်တီကိုဆီပြန်ပို့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတဲ့ ဆောလ်

ဆောလ်နီဂွက်ဇ်ရဲ့ချဲလ်ဆီးကစားသမားဘဝဟာ အခုချိန်ထိတော့

မျှော်လင့်ထားသလို ဖြစ်မလာသေးသလို လာမယ့်ဇန်နဝါရီမှာ သူ့ကို

အက်သလက်တီကိုဆီပြန်ပို့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဆောလ်နီဂွက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အက်သလက်တီကိုကနေ

တစ်ရာသီအငှားနဲ့ရောက်လာတာဖြစ်ပြီး အဲဒီအပြောင်းအရွှေ့က ၂၀၁၉ ကတည်းက

စပိန်အတွက် ကိုယ်စားပြုခွင့်မရတော့တဲ့ သူ့ရဲ့အခြေအနေကို

ပြောင်းလဲနိုင်မယ်လို့လည်း ဆောလ်က မျှော်လင့်ခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒီစပိန်သားဟာ လန်ဒန်က သူ့ရဲ့အချိန်အများစုကို အရန်ခုံမှာသာ

ကုန်ဆုံးခဲ့ရလို့ စပိန်ရဲ့နောက်ဆုံးရွေးချယ်တဲ့လူစာရင်းမှာလည်း ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

သူဟာ စက်တင်ဘာ ၁၁ က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ပွဲဦးထွက်ပြီးကတည်းက

တူချယ်ရဲ့အသင်းအတွက် ၅ ပွဲကစားခဲ့ရပါတယ်။

ဗီလာနဲ့ပွဲမှာလည်း သူဟာ ပထမပိုင်းပြီးချိန်မှာ လူစားလဲခံလိုက်ရပြီး

နောက်ဆက်ကစားတဲ့ပရီးမီးယားလိဂ် ၅ ပွဲမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

အောက်တိုဘာ ၃၀ မှာကစားခဲ့တဲ့ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲရောက်မှသာ

ခဏဝင်ကစားခွင့်ရခဲ့တာပါ။

ဒါပေမဲ့လည်း ဆောလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘန်လေနဲ့

အိမ်ကွင်းသရေပွဲမှာ အသုံးပြုခြင်းမရှိတဲ့လူစားဝင်အဖြစ်သာ ရှိနေခဲ့ပါတယ်။

ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကာရာဘောင်းဖလားမှာသာ

ဝင်ကစားခွင့်မရဘူးဆိုရင် အဲဒီစပိန်သားရဲ့ကစားချိန်ဟာ ပိုလို့တောင် နည်းဖို့ရှိပါတယ်။

အခုရာသီ ချဲလ်ဆီးမှာ သူ့ထက် ပွဲကစားခွင့်မိနစ်ပိုနည်းတာဆိုလို့

တတိယဂိုးသမားဘတ်တီနယ်လီသာ ရှိပါတယ်။

ချဲလ်ဆီးရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ ဆောလ်အတွက်

ပုံမှန်ကစားခွင့်မျှော်လင့်နိုင်ချိန် အတော်လေးနည်းပါးနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ လက်ရှိအခြေအနေအတွက်

လက်မလျှော့သေးဘူးလို့ နီးစပ်တဲ့သတင်းရင်းမြစ်က The Sun သတင်းစာကို ပြောပါတယ်။

zawgyi

ဇန္နဝါရီမွာ သူ႔ကို အက္သလက္တီကိုဆီျပန္ပို႔မယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနတဲ့ ေဆာလ္

ေဆာလ္နီဂြက္ဇ္ရဲ႕ခ်ဲလ္ဆီးကစားသမားဘဝဟာ အခုခ်ိန္ထိေတာ့

ေမွ်ာ္လင့္ထားသလို ျဖစ္မလာေသးသလို လာမယ့္ဇန္နဝါရီမွာ သူ႔ကို

အက္သလက္တီကိုဆီျပန္ပို႔မယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ေဆာလ္နီဂြက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အက္သလက္တီကိုကေန

တစ္ရာသီအငွားနဲ႔ေရာက္လာတာျဖစ္ၿပီး အဲဒီအေျပာင္းအေ႐ႊ႕က ၂၀၁၉ ကတည္းက

စပိန္အတြက္ ကိုယ္စားျပဳခြင့္မရေတာ့တဲ့ သူ႔ရဲ႕အေျခအေနကို

ေျပာင္းလဲႏိုင္မယ္လို႔လည္း ေဆာလ္က ေမွ်ာ္လင့္ခဲ့တာပါ။

ဒါေပမဲ့လည္း အဲဒီစပိန္သားဟာ လန္ဒန္က သူ႔ရဲ႕အခ်ိန္အမ်ားစုကို အရန္ခုံမွာသာ

ကုန္ဆုံးခဲ့ရလို႔ စပိန္ရဲ႕ေနာက္ဆုံးေ႐ြးခ်ယ္တဲ့လူစာရင္းမွာလည္း ပါဝင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။

သူဟာ စက္တင္ဘာ ၁၁ က ကစားခဲ့တဲ့ ဗီလာနဲ႔ပြဲမွာ ပြဲဦးထြက္ၿပီးကတည္းက

တူခ်ယ္ရဲ႕အသင္းအတြက္ ၅ ပြဲကစားခဲ့ရပါတယ္။

ဗီလာနဲ႔ပြဲမွာလည္း သူဟာ ပထမပိုင္းၿပီးခ်ိန္မွာ လူစားလဲခံလိုက္ရၿပီး

ေနာက္ဆက္ကစားတဲ့ပရီးမီးယားလိဂ္ ၅ ပြဲမွာ ပါဝင္ခြင့္မရခဲ့ပါဘူး။

ေအာက္တိုဘာ ၃၀ မွာကစားခဲ့တဲ့ နယူးကာဆယ္ကို ၃ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့ပြဲေရာက္မွသာ

ခဏဝင္ကစားခြင့္ရခဲ့တာပါ။

ဒါေပမဲ့လည္း ေဆာလ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဘန္ေလနဲ႔

အိမ္ကြင္းသေရပြဲမွာ အသုံးျပဳျခင္းမရွိတဲ့လူစားဝင္အျဖစ္သာ ရွိေနခဲ့ပါတယ္။

ရႈံးထြက္ဖလားၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ကာရာေဘာင္းဖလားမွာသာ

ဝင္ကစားခြင့္မရဘူးဆိုရင္ အဲဒီစပိန္သားရဲ႕ကစားခ်ိန္ဟာ ပိုလို႔ေတာင္ နည္းဖို႔ရွိပါတယ္။

အခုရာသီ ခ်ဲလ္ဆီးမွာ သူ႔ထက္ ပြဲကစားခြင့္မိနစ္ပိုနည္းတာဆိုလို႔

တတိယဂိုးသမားဘတ္တီနယ္လီသာ ရွိပါတယ္။

ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ ၆ ပြဲမွာ ပါဝင္ခြင့္မရခဲ့တဲ့ ေဆာလ္အတြက္

ပုံမွန္ကစားခြင့္ေမွ်ာ္လင့္ႏိုင္ခ်ိန္ အေတာ္ေလးနည္းပါးေနတဲ့အေျခအေနလည္း ျဖစ္ပါတယ္။

ကစားသမားကိုယ္တိုင္ကေတာ့ လက္ရွိအေျခအေနအတြက္

လက္မေလွ်ာ့ေသးဘူးလို႔ နီးစပ္တဲ့သတင္းရင္းျမစ္က The Sun သတင္းစာကို ေျပာပါတယ္။