ဇန်နဝါရီမှာ ရော်နယ်ဒိုနေရာအစားထိုးမယ့်တိုက်စစ်မှူးသစ်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းနေပြီဖြစ်တဲ့ ယူနိုက်တက်

မန်ယူအသင်းဟာ ရော်နယ်ဒိုနေရာအစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်ရှာဖွေနိုင်ခဲ့ပြီလို့

သတင်းတွေထွက်ပေါ်လာပါတယ်။ သရဲနီတွေရဲ့ပစ်မှတ်ကတော့ အားလုံးနဲ့စိမ်းတဲ့ မျက်နှာသစ်တွေထဲကဖြစ်ပေမဲ့

ခြေစွမ်းပိုင်းအရတော့ပြောစရာမရှိလောက်အောင် ကောင်းနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဗီလာကိုအရေးနိမ့်ပြီး ၉ ပွဲဆက်ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့တဲ့နောက်

ယူနိုက်တက်တာဝန်ရှိသူတွေဟာ တိုက်စစ်မှူးရှာပုံတော်ဖွင့်တာကို အရှိန်မြှင့်လိုက်တာဖြစ်တယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ချီလီတိုက်စစ်မှူး ဘရီရစ်တန်ဒီယက်ဇ်ကို

ခေါ်ယူဖို့အတွက်စျေးညှိနေပြီလို့ သတင်းထွက်လာတာ ဖြစ်တယ်။ နည်းပြတန်ဟတ်ဟာ

မိုဘိုင်း တိုက်စစ်မှူးမျိုးကိုပိုပြီးအလိုရှိခဲ့ပြီး မာရှယ်ကိုနေရာပေးချင်ပေမဲ့ အဆင်မပြေတာကြောင့်

သရဲနီကင်းထောက်တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်အတွင်းမှာ ဘရီရစ်တန်ဒီယက်ဇ် ကို

စောင့်ကြည့်ခဲ့ကြတာဖြစ်တယ်။ ဒီယက်ဇ်ဟာ ချန်ပီယံရှစ်ကလပ်ဘလက်ဘန်းမှာ

ကစားနေသူဖြစ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီမှာအသင်းအတွက် ၂၂ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဘလက်ဘန်းအတွက် ၉ ဂိုးသွင်းပြီး တာထွက်ကောင်းနေပြန်တဲ့

ချီလီသားဟာ အိုးလ်ထရက်ဖို့ဒ်ရောက်ဖို့ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်တယ်။

ဒီကစားသမားဟာ ရာသီကုန်မှာ ဘလက်ဘန်းနဲ့စာချုပ်ပြည့်တော့မှာဖြစ်ပြီး

ယူနိုက်တက်အတွက် စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ ဥရောပတစ်လွှားက အသင်းတိုင်းဟာ

ဒီယက်ဇ်ရဲ့ဂိုးသွင်းနှုန်းကို အစဉ်တစိုက်စောင့်ကြည့်နေခဲ့တာဖြစ်လို့ မန်ယူဘက်က

စာချုပ်ပြည့်တဲ့အထိ မစောင့်တော့ဘဲ ဇန်နဝါရီမှာမှန်ကန်တဲ့ငွေကြေး တစ်ရပ်စိုက်ထုတ်ပြီးခေါ်ယူဖို့ပြင်ဆင်လာတာဖြစ်တယ်။

(Zawgyi)

ဇန္နဝါရီမွာ ေရာ္နယ္ဒိုေနရာအစားထိုးမယ့္တိုက္စစ္မႉးသစ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းေနၿပီျဖစ္တဲ့ ယူႏိုက္တက္

မန္ယူအသင္းဟာ ေရာ္နယ္ဒိုေနရာအစားထိုးဖို႔အတြက္ တိုက္စစ္မႉးသစ္ရွာေဖြႏိုင္ခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာပါတယ္။ သရဲနီေတြရဲ႕ပစ္မွတ္ကေတာ့

အားလုံးနဲ႔စိမ္းတဲ့ မ်က္ႏွာသစ္ေတြထဲကျဖစ္ေပမဲ့ ေျခစြမ္းပိုင္းအရေတာ့ေျပာစရာမရွိေလာက္ေအာင္ ေကာင္းေနခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ

ဗီလာကိုအေရးနိမ့္ၿပီး ၉ ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္ ရပ္တန႔္ခဲ့တဲ့ေနာက္ ယူႏိုက္တက္တာဝန္ရွိသူေတြဟာ တိုက္စစ္မႉးရွာပုံေတာ္ဖြင့္တာ ကိုအရွိန္ျမႇင့္လိုက္တာျဖစ္တယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္ဟာ

ခ်ီလီတိုက္စစ္မႉး ဘရီရစ္တန္ဒီယက္ဇ္ကို ေခၚယူဖို႔အတြက္ေစ်းညႇိေနၿပီလို႔ သတင္းထြက္လာတာျဖစ္တယ္။ နည္းျပတန္ဟတ္ဟာ မိုဘိုင္းတိုက္စစ္မႉးမ်ိဳးကိုပို ၿပီးအလိုရွိခဲ့ၿပီး

မာရွယ္ကိုေနရာေပးခ်င္ေပမဲ့အဆင္မေျပတာေၾကာင့္ သရဲနီကင္းေထာက္ေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပါတ္အတြင္းမွာ ဘရီရစ္တန္ဒီယက္ဇ္ ကိုေစာင့္ၾကည့္ခဲ့ၾကတာျဖစ္တယ္။

ဒီယက္ဇ္ဟာ ခ်န္ပီယံရွစ္ကလပ္ဘလက္ဘန္းမွာ ကစားေနသူျဖစ္သလို ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာအသင္းအတြက္ ၂၂ဂိုး သြင္းေပးႏိုင္ခဲ့ ပါတယ္။

ဒီရာသီမွာလည္း ဘလက္ဘန္းအတြက္ ၉ဂိုးသြင္းၿပီး တာထြက္ေကာင္းေန ျပန္တဲ့ ခ်ီလီသားဟာ အိုးလ္ထရက္ဖို႔ဒ္ေရာက္ဖို႔ေျခတစ္လွမ္းလွမ္းႏိုင္ခဲ့ၿပီျဖစ္တယ္။

ဒီကစားသမားဟာ ရာသီကုန္မွာ ဘလက္ဘန္းနဲ႔စာခ်ဳပ္ျပည့္ေတာ့မွာျဖစ္ၿပီး ယူႏိုက္တက္အတြက္စိန္ေခၚမႈေတြရွိလာႏိုင္ပါတယ္။ ဥေရာပတစ္လႊားက

အသင္းတိုင္းဟာ ဒီယက္ဇ္ရဲ႕ဂိုးသြင္းႏႈန္းကိုအစဥ္တစိုက္ေစာင့္ၾကည့္ေနခဲ့တာျဖစ္လို႔ မန္ယူဘက္က စာခ်ဳပ္ျပည့္တဲ့အထိမေစာင့္ေတာ့ဘဲ

ဇန္နဝါရီမွာမွန္ကန္တဲ့ေငြေၾကး တစ္ရပ္စိုက္ထုတ္ၿပီးေခၚယူဖို႔ျပင္ဆင္လာတာျဖစ္တယ္။