ဇန်နဝါရီမှာ ရီးရဲလ်ကြယ်ပွင့်ကို ဖြတ်ဈေးနဲ့ခေါ်ယူဖို့ ယူနိုက်တက် စဉ်းစားနေ

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီဈေးကွက်မှာ တိုက်စစ်

အားဖြည့်ဖို့အတွက်အလုပ်များနေသလို နောက်ဆုံးထွက်ပေါ်လာတဲ့

သတင်းအရတော့ ရီးရဲလ်ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား

အဆန်စီယိုကို ဖြတ်ဈေးနဲ့ခေါ်ယူဖို့စဉ်းစားလာပါတယ်။

Dailymail သတင်းစာရဲ့အဆိုအရတော့ နည်းပြတန်ဟတ်ဟာ

ဇန်နဝါရီကာလမှာ အငှားစာချုပ်ကစားသမားတွေကိုဦးစားပေး

စဉ်းစားနေပြီး ငွေပုံအောရမယ့်အခြေအနေတွေကို လက်ရှောင်လိမ့်မယ်လို့

သိရပါတယ်။ ဂျာအိုဖိလစ်ကို အငှားနဲ့ခေါ်ယူဖို့အပြင်းအထန်

ချိတ်ဆက်မှုက အဆင်မပြေသေးတာကြောင့် အခြားသော

ပစ်မှတ်တွေကိုပါဂရုတစိုက်လုပ်ဆောင်ရဖို့ရှိနေတာဖြစ်တယ်။

ပေါ်တူဂီကြယ်ပွင့်ဖိလစ်ဟာ ဇန်နဝါရီမှာအသင်းကနေ

သေချာပေါက်ထွက်ခွာဖို့ရှိနေပြီး ယူနိုက်တက်နဲ့ အာဆင်နယ်က

သဘောကျပေမဲ့ အငှားစာချုပ်ကိန်းဂဏန်းကြီးလွန်းနေတာကြောင့်

အခက်တွေ့နေတာပါ။ စပိန်သတင်းစာ Defensa Central ကတော့

နည်းပြတန်ဟတ်ဟာ ဂတ်ပိုကိုလက်လွှတ်ခဲ့ရတဲ့နောက်

အဆန်စီယိုကိစ္စကိုပိုပြီးအားရုံစိုက်လာတယ်လို့ ဖော်ပြလိုက်ပါတယ်။

စပိန်ကြယ်ပွင့်ဟာ ရာသီကုန်မှာ ရီးရဲလ်နဲ့စာချုပ်သက်တမ်း

ပြည့်တော့မှာဖြစ်တာကြောင့် ဇန်နဝါရီမှာ ယူနိုက်တက်

ကမ်းလှမ်းမယ်ဆိုရင် တော်ဝင်ကလပ်ဟာ ယူရို ၁၅ သန်းထက်

နည်းပါးတဲ့ပမာဏလောက်နဲ့ ရောင်းချသွားနိုင်ပါတယ်။

ရာသီကုန်မှာစာချုပ်ပြည့်တော့မယ့် ကစားသမားတစ်ယောက်

ဖြစ်တဲ့အတွက် ယူနိုက်တက်ကဖြတ်ဈေးနဲ့ခေါ်ယူခွင့်ရနိုင်တာဖြစ်တယ်။

အဆန်စီယိုဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ၁၁ ပွဲသာကစားခွင့်ရထားပြီး

အန်ဆလော့တီလက်အောက်မှာ ပွဲထွက်ခွင့်အတွက်ရုန်းကန်

နေရသူဖြစ်တယ်။ Defensa Central ရဲ့အဆိုအရတော့

ယူနိုက်တက်ဟာ အဆန်စီယိုကို နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့

ခေါ်ယူပြီး ကစားသမားရဲ့လုပ်ခလစာတောင်းဆိုမှုကို တတ်နိုင်တဲ့

အနေအထားရှိသလို တစ်နှစ် ယူရို ၆ သန်း ပေးချေဖို့အဆင်သင့်ပဲလို့ သိရပါတယ်။

zawgyi

ဇန္နဝါရီမွာ ရီးရဲလ္ၾကယ္ပြင့္ကို ျဖတ္ေဈးနဲ႔ေခၚယူဖို႔ ယူႏိုက္တက္ စဥ္းစားေန

ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီေဈးကြက္မွာ တိုက္စစ္

အားျဖည့္ဖို႔အတြက္အလုပ္မ်ားေနသလို ေနာက္ဆုံးထြက္ေပၚလာတဲ့

သတင္းအရေတာ့ ရီးရဲလ္ရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား

အဆန္စီယိုကို ျဖတ္ေဈးနဲ႔ေခၚယူဖို႔စဥ္းစားလာပါတယ္။

Dailymail သတင္းစာရဲ႕အဆိုအရေတာ့ နည္းျပတန္ဟတ္ဟာ

ဇန္နဝါရီကာလမွာ အငွားစာခ်ဳပ္ကစားသမားေတြကိုဦးစားေပး

စဥ္းစားေနၿပီး ေငြပုံေအာရမယ့္အေျခအေနေတြကို လက္ေရွာင္လိမ့္မယ္လို႔

သိရပါတယ္။ ဂ်ာအိုဖိလစ္ကို အငွားနဲ႔ေခၚယူဖို႔အျပင္းအထန္

ခ်ိတ္ဆက္မႈက အဆင္မေျပေသးတာေၾကာင့္ အျခားေသာ

ပစ္မွတ္ေတြကိုပါဂ႐ုတစိုက္လုပ္ေဆာင္ရဖို႔ရွိေနတာျဖစ္တယ္။

ေပၚတူဂီၾကယ္ပြင့္ဖိလစ္ဟာ ဇန္နဝါရီမွာအသင္းကေန

ေသခ်ာေပါက္ထြက္ခြာဖို႔ရွိေနၿပီး ယူႏိုက္တက္နဲ႔ အာဆင္နယ္က

သေဘာက်ေပမဲ့ အငွားစာခ်ဳပ္ကိန္းဂဏန္းႀကီးလြန္းေနတာေၾကာင့္

အခက္ေတြ႕ေနတာပါ။ စပိန္သတင္းစာ Defensa Central ကေတာ့

နည္းျပတန္ဟတ္ဟာ ဂတ္ပိုကိုလက္လႊတ္ခဲ့ရတဲ့ေနာက္

အဆန္စီယိုကိစၥကိုပိုၿပီးအား႐ုံစိုက္လာတယ္လို႔ ေဖာ္ျပလိုက္ပါတယ္။

စပိန္ၾကယ္ပြင့္ဟာ ရာသီကုန္မွာ ရီးရဲလ္နဲ႔စာခ်ဳပ္သက္တမ္း

ျပည့္ေတာ့မွာျဖစ္တာေၾကာင့္ ဇန္နဝါရီမွာ ယူႏိုက္တက္

ကမ္းလွမ္းမယ္ဆိုရင္ ေတာ္ဝင္ကလပ္ဟာ ယူ႐ို ၁၅ သန္းထက္

နည္းပါးတဲ့ပမာဏေလာက္နဲ႔ ေရာင္းခ်သြားႏိုင္ပါတယ္။

ရာသီကုန္မွာစာခ်ဳပ္ျပည့္ေတာ့မယ့္ ကစားသမားတစ္ေယာက္

ျဖစ္တဲ့အတြက္ ယူႏိုက္တက္ကျဖတ္ေဈးနဲ႔ေခၚယူခြင့္ရႏိုင္တာျဖစ္တယ္။

အဆန္စီယိုဟာ ဒီရာသီမွာ ရီးရဲလ္အတြက္ ၁၁ ပြဲသာကစားခြင့္ရထားၿပီး

အန္ဆေလာ့တီလက္ေအာက္မွာ ပြဲထြက္ခြင့္အတြက္႐ုန္းကန္

ေနရသူျဖစ္တယ္။ Defensa Central ရဲ႕အဆိုအရေတာ့

ယူႏိုက္တက္ဟာ အဆန္စီယိုကို နည္းပါးတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔

ေခၚယူၿပီး ကစားသမားရဲ႕လုပ္ခလစာေတာင္းဆိုမႈကို တတ္ႏိုင္တဲ့

အေနအထားရွိသလို တစ္ႏွစ္ ယူ႐ို ၆ သန္း ေပးေခ်ဖို႔အဆင္သင့္ပဲလို႔ သိရပါတယ္။