ဇန်နဝါရီမှာ မလိုအပ်တော့တဲ့ ကစားသမား ၅ ယောက်ရှင်းထုတ်ဖို့ တန်ဟတ် ပြင်ဆင်နေ

ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ

ကစားသမား ၅ဦး အထိရှင်းထုတ်ဖို့ပြင်ဆင်နေပါတယ်။

နယ်သာလန်သားဟာ သရဲနီတွေကိုစတင်ကိုင်တွယ်ချိန် ဘရိုက်တန်၊

ဘရန်ဖို့ဒ်တို့နဲ့ပွဲစဉ်တွေမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့

နောက်ပိုင်းမှာတော့ အသင်းကိုဟန်ချက်မျှအောင်လုပ်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အဆင့် ၅ နေရာရပ်တည်နေတဲ့ ယူနိုက်တက်ဟာ

ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အဓိကအသက်သွင်းရမှာဖြစ်ပြီး

တန်ဟတ်အနေနဲ့ ကစားသမားအဝင်အထွက်ကိုမျှတအောင်

လုပ်ဆောင်သွားရဖို့ရှိနေတာဖြစ်တယ်။ တန်ဟတ်ဟာ အသင်းနဲ့

စာချုပ်ဖျက်သိမ်းသွားတဲ့ ရော်နယ်ဒိုနေရာမှာ တိုက်စစ်မှူး

တစ်ယောက်အစားထိုးပြီးရှေ့ဆက်ဖို့ပြင်ဆင်နေသလို

အဲ့ဒီနေရာအတွက် ဂတ်ပိုနဲ့ မားကပ်စ်သူရမ်တို့ကိုလျာထားပါတယ်။

ဒါပေမဲ့ အထွက်စာရင်းမှာလည်း ကစားသမား ၅ယောက်အထိကို

ထည့်သွင်းထားပြီး ဘစ်ဆာကာ၊ ပယ်လီစထရီ၊ ဗန်ဒီဘိခ်၊

မန်ဂီနဲ့ ဘားနက်တို့ကိုရှင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်။

ဒီထဲမှာ ဘစ်ဆာကာနဲ့ ဗန်ဒီဘိခ်တို့ကိုရှင်းထုတ်မယ်ဆိုရင်

လစာငွေအတန်အသင့်သက်သာသွားမှာဖြစ်တယ်။

၂၀၁၉ မှာ ပဲလေ့စ်ကနေ ပေါင် ၄၅ သန်းနဲ့ရောက်လာခဲ့တဲ့

ဘစ်ဆာကာ၊ အေဂျက်ကနေ ပေါင် သန်း ၄၀ နဲ့ရောက်လာခဲ့တဲ့

ဗန်ဒီဘိခ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားရဖို့ရှိနေတာဖြစ်တယ်။

zawgyi

ဇန္နဝါရီမွာ မလိုအပ္ေတာ့တဲ့ ကစားသမား ၅ ေယာက္ရွင္းထုတ္ဖို႔ တန္ဟတ္ ျပင္ဆင္ေန

ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ

ကစားသမား ၅ဦး အထိရွင္းထုတ္ဖို႔ျပင္ဆင္ေနပါတယ္။

နယ္သာလန္သားဟာ သရဲနီေတြကိုစတင္ကိုင္တြယ္ခ်ိန္ ဘ႐ိုက္တန္၊

ဘရန္ဖို႔ဒ္တို႔နဲ႔ပြဲစဥ္ေတြမွာ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ရင္ဆိုင္ခဲ့ရေပမဲ့

ေနာက္ပိုင္းမွာေတာ့ အသင္းကိုဟန္ခ်က္မွ်ေအာင္လုပ္ထားႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ အဆင့္ ၅ ေနရာရပ္တည္ေနတဲ့ ယူႏိုက္တက္ဟာ

ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ အဓိကအသက္သြင္းရမွာျဖစ္ၿပီး

တန္ဟတ္အေနနဲ႔ ကစားသမားအဝင္အထြက္ကိုမွ်တေအာင္

လုပ္ေဆာင္သြားရဖို႔ရွိေနတာျဖစ္တယ္။ တန္ဟတ္ဟာ အသင္းနဲ႔

စာခ်ဳပ္ဖ်က္သိမ္းသြားတဲ့ ေရာ္နယ္ဒိုေနရာမွာ တိုက္စစ္မႉး

တစ္ေယာက္အစားထိုးၿပီးေရွ႕ဆက္ဖို႔ျပင္ဆင္ေနသလို

အဲ့ဒီေနရာအတြက္ ဂတ္ပိုနဲ႔ မားကပ္စ္သူရမ္တို႔ကိုလ်ာထားပါတယ္။

ဒါေပမဲ့ အထြက္စာရင္းမွာလည္း ကစားသမား ၅ေယာက္အထိကို

ထည့္သြင္းထားၿပီး ဘစ္ဆာကာ၊ ပယ္လီစထရီ၊ ဗန္ဒီဘိခ္၊

မန္ဂီနဲ႔ ဘားနက္တို႔ကိုရွင္းထုတ္ဖို႔ ျပင္ဆင္ေနတာျဖစ္တယ္။

ဒီထဲမွာ ဘစ္ဆာကာနဲ႔ ဗန္ဒီဘိခ္တို႔ကိုရွင္းထုတ္မယ္ဆိုရင္

လစာေငြအတန္အသင့္သက္သာသြားမွာျဖစ္တယ္။

၂၀၁၉ မွာ ပဲေလ့စ္ကေန ေပါင္ ၄၅ သန္းနဲ႔ေရာက္လာခဲ့တဲ့

ဘစ္ဆာကာ၊ ေအဂ်က္ကေန ေပါင္ သန္း ၄၀ နဲ႔ေရာက္လာခဲ့တဲ့

ဗန္ဒီဘိခ္တို႔ဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေက်ာခိုင္းသြားရဖို႔ရွိေနတာျဖစ္တယ္။