ဇန်နဝါရီမှာတော့ မန်ယူအတွက် အများကြီး မမျှော်လင့်နဲ့တော့ ညိုကီတို့ရေ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အကောင်းမွန်ဆုံး အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အတွက် လာမယ့် ဇန်နဝါရီမှာတော့ အဲဒီလို မျိုး တစ်ထပ်တည်းကျနေမယ့်

ကစားသမားခေါ်ယူမှုမျိုးကို မျှော်မှန်းလို့ မရ တော့ဘူးလို့ မန်ယူအသင်း အားကစားဒါရိုက်တာ ဂျွန်မာတပ်ချ်က ပြောဆိုလိုက်ပါတယ်။

နည်းပြအဲရစ်တန်ဟတ်ကို ခန့်အပ်ပြီးတဲ့နောက် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ငွေသုံးကြမ်းခဲ့သလို မာလာစီယာ၊ အဲရစ်ဆင်၊ မာတီနက်ဇ်၊ အန်တိုနီ၊ ကက်စ်မီရိုစတဲ့ ကစားသမားတွေအားလုံးအတွက် ပေါင်သန်း ၂၂၀ ကျော် သုံးစွဲခဲ့ပါတယ်။ ဒီလို အင်အားဖြည့်တင်းမှုဟာမန်ယူအတွက် အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ အင် အားဖြည့်တင်းမှုမျိုး မဟုတ်သေးဘူးဆိုတာကို သရဲနီ ပရိသတ်တွေ သိရှိနား လည်ထားကြပါတယ်။

ဒါကြောင့် လာမယ့် ဇန်နဝါရီအဈေးကွက်မှာလည်း အ သင်းရဲ့ ပျော့ကွက်ဟာကွက်တွေကို ဖာထေးပြုပြင်ဖို့အတွက် ကစားသမား ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေ ဒုနဲ့ဒေးပါ။

ဒါပေမဲ့ လာမယ့် ဇန်နဝါရီ ဈေးကွက်ကတော့ ပြီးခဲ့တဲ့ နွေရာသီကလိုမျိုး ထပ်တူကျနေမှာတော့ မဟုတ် ဘူးလို့ မာတပ်ချ်က ပြောဆိုလိုက်ပြီဖြစ်ပါတယ်။

‘’ကစားသမား ၅ ယောက် ကို ပြီးခဲ့တဲ့ ဈေးကွက်မှာ အမြဲတမ်းစာချုပ်နဲ့ ကျွန်တော်တို့ ခေါ်ယူခဲ့ပြီး အရည် အသွေးမြင့် ဂိုးသမားတစ်ယောက်ကိုလည်း အငှားနဲ့ ခေါ်ခဲ့တယ်။

နွေရာသီ ဈေးကွက်ကို ကျွန်တော်တို့ ချောချောမွေ့မွေ့နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပြီး ကျွန် တော်တို့ မျှော်လင့်ထားတဲ့ ကစားသမားမျိုးတွေလည်း ခေါ်ယူနိုင်ခဲ့တယ်။

ဒါကြောင့် အသင်းအနေနဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဦးမှာ ဖြစ်ပေမယ့် လာမယ့် ဈေးကွက်မှာတော့ အလားတူ ပမာဏမျိုး ကျွန်တော်တို့ မျှော်မှန်းလို့ မရနိုင်ပါဘူး။

နောက်ထပ်ခြေလှမ်းက အသင်းကို အချောသပ်ရမှာဖြစ်ပြီး ပြီးခဲ့ တဲ့ နွေရာသီမှာလည်း နည်းပြတန်ဟတ်နဲ့အတူ အနီးကပ် ပူးတွဲလုပ်ဆောင်ခဲ့ ပြီးဖြစ်သလို သူလိုချင်တာတွေလည်း ဝယ်ပေးခဲ့ပြီးပါပြီ။

သတင်းမီဒီယာတွေ ကတော့ အမြဲတမ်း ပွက်ပွက်ညံနေမှာပဲ။

ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက် အဆုံးမှာတော့ ကျွန်တော်တို့ ပျော်ခဲ့ပါတယ်’’ လို့ မာတပ်ချ်က ယူနိုက်တက် စက်တင်ဘာ ဖိုရမ်အစီအစဉ်မှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ဇန္နဝါရီမွာေတာ့ မန္ယူအတြက္ အမ်ားႀကီး မေမွ်ာ္လင့္နဲ႔ေတာ့ ညိဳကီတို႔ေရ

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အေကာင္းမြန္ဆုံး အင္အား ျဖည့္တင္းမႈေတြ ျပဳလုပ္ၿပီးျဖစ္တဲ့အတြက္ လာမယ့္ ဇန္နဝါရီမွာေတာ့ အဲဒီလို မ်ိဳး တစ္ထပ္တည္းက်ေနမယ့္ ကစားသမားေခၚယူမႈမ်ိဳးကို ေမွ်ာ္မွန္းလို႔ မရ ေတာ့ဘူးလို႔ မန္ယူအသင္း အားကစားဒါ႐ိုက္တာ ဂြၽန္မာတပ္ခ်္က ေျပာဆို လိုက္ပါတယ္။

နည္းျပအဲရစ္တန္ဟတ္ကို ခန႔္အပ္ၿပီးတဲ့ေနာက္ ယူႏိုက္တက္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ ေငြသုံးၾကမ္းခဲ့သလို မာလာစီယာ၊ အဲရစ္ ဆင္၊ မာတီနက္ဇ္၊ အန္တိုနီ၊ ကက္စ္မီ႐ိုစတဲ့ ကစားသမားေတြအားလုံးအ တြက္ ေပါင္သန္း ၂၂၀ ေက်ာ္ သုံးစြဲခဲ့ပါတယ္။

ဒီလို အင္အားျဖည့္တင္းမႈဟာ မန္ယူအတြက္ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ေပမယ့္ ၿပီးျပည့္စုံတဲ့ အင္ အားျဖည့္တင္းမႈမ်ိဳး မဟုတ္ေသးဘူးဆိုတာကို သရဲနီ ပရိသတ္ေတြ သိရွိနား လည္ထားၾကပါတယ္။

ဒါေၾကာင့္ လာမယ့္ ဇန္နဝါရီအေဈးကြက္မွာလည္း အ သင္းရဲ႕ ေပ်ာ့ကြက္ဟာကြက္ေတြကို ဖာေထးျပဳျပင္ဖို႔အတြက္ ကစားသမား ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့သူေတြ ဒုနဲ႔ေဒးပါ။

ဒါေပမဲ့ လာမယ့္ ဇန္နဝါရီ ေဈးကြက္ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီကလိုမ်ိဳး ထပ္တူက်ေနမွာေတာ့ မဟုတ္ ဘူးလို႔ မာတပ္ခ်္က ေျပာဆိုလိုက္ၿပီျဖစ္ပါတယ္။

‘’ကစားသမား ၅ ေယာက္ ကို ၿပီးခဲ့တဲ့ ေဈးကြက္မွာ အၿမဲတမ္းစာခ်ဳပ္နဲ႔ ကြၽန္ေတာ္တို႔ ေခၚယူခဲ့ၿပီး အရည္ အေသြးျမင့္ ဂိုးသမားတစ္ေယာက္ကိုလည္း အငွားနဲ႔ ေခၚခဲ့တယ္။

ေႏြရာသီ ေဈးကြက္ကို ကြၽန္ေတာ္တို႔ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ၿပီး ကြၽန္ ေတာ္တို႔ ေမွ်ာ္လင့္ထားတဲ့ ကစားသမားမ်ိဳးေတြလည္း ေခၚယူႏိုင္ခဲ့တယ္။

ဒါ ေၾကာင့္ အသင္းအေနနဲ႔ အင္အားျဖည့္တင္းမႈေတြ လုပ္ဦးမွာ ျဖစ္ေပမယ့္ လာမယ့္ ေဈးကြက္မွာေတာ့ အလားတူ ပမာဏမ်ိဳး ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းလို႔ မရႏိုင္ပါဘူး။

ေနာက္ထပ္ေျခလွမ္းက အသင္းကို အေခ်ာသပ္ရမွာျဖစ္ၿပီး ၿပီးခဲ့ တဲ့ ေႏြရာသီမွာလည္း နည္းျပတန္ဟတ္နဲ႔အတူ အနီးကပ္ ပူးတြဲလုပ္ေဆာင္ခဲ့ ၿပီးျဖစ္သလို သူလိုခ်င္တာေတြလည္း ဝယ္ေပးခဲ့ၿပီးပါၿပီ။

သတင္းမီဒီယာေတြ ကေတာ့ အၿမဲတမ္း ပြက္ပြက္ညံေနမွာပဲ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္ အဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္ခဲ့ပါတယ္’’ လို႔ မာတပ္ခ်္က ယူႏိုက္တက္ စက္တင္ဘာ ဖိုရမ္အစီအစဥ္မွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။