ဇန်နဝါရီကမှ ရောက်လာပေမယ့် အဆိုးရွားဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အယ်လီ

အဲဗာတန်အသင်းကွင်းလယ်လူ အယ်လီဟာ ဇန်နဝါရီလကမှ

အသင်းကို ရောက်လာတာမှန်ပေမယ့် ယခုရာသီရဲ့
အဆိုးရွားဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အယ်လီဟာ ဇန်နဝါရီဈေးကွက်ရဲ့နောက်ဆုံးရက်မှာ
ပေါင်သန်း ၄၀အထိ မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့
စပါးကနေ ရောက်လာခဲ့တာဖြစ်ပြီး အဲဗာတန်နည်းပြ

လမ်းပတ်အနေနဲ့ အရဲစွန့်ခေါ်ယူလိုက်တာဖြစ်ပေမယ့်
ကစားသမားဖြစ်သူကတော့ အခုချိန်အထိ အသင်းသစ်အတွက်
ဦးစားပေးကစားသမားအဖြစ် ၁ပွဲပဲ ကစားခွင့်ရထားပါသေးတယ်။
ချဲလ်ဆီးနဲ့ လီဗာပူးညာနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က
အဆိုပါအပြောင်းအရွှေ့ကို ဝေဖန်ခဲ့ပြီး နှစ်ဦးနှစ်ဘက်စလုံးအတွက်

အလုပ်မဖြစ်တဲ့ အပြောင်းအရွှေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။
”အဲဗာတန်ကို အယ်လီရောက်လာခဲ့တာက
အဆိုးရွားဆုံးအပြောင်းအရွှေ့တစ်ခုပါပဲ။
ပထမတော့ ဒါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ထင်လို့
ကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့

ထင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဗာတန်အသင်းဘက်က
ပေါင်သန်း ၄၀အထိ ပေးရနိုင်တယ်လို့ သိလိုက်ရပါတယ်။
အယ်လီက ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့်
အဲဗာတန်မှာ ကစားခွင့်ရလိမ့်မယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။
အယ်လီဟာ ၂၀၁၅ ခုနှစ်က လိဂ်-၁ ကလပ်

အမ်ကေဒွန်းစ်ကနေ ရောက်လာပြီးနောက် စပါးနဲ့အတူ
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး စပါးကစားသမားဘဝ
ပထမဆုံး ၂ရာသီဆက် PFA လူငယ်အကောင်းဆုံးကစားသမားဆု
ဆက်တိုက်ရရှိခဲ့သလို အင်္ဂလန်အသင်းမှာလည်း ပုံမှန်ပါဝင်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ အယ်လီရဲ့တိုးတက်မှုမှာ အဓိကကျတဲ့ နည်းပြပိုချက်တီနိုကို

စပါးအသင်း ထုတ်ပယ်လိုက်ပြီးနောက် အယ်လီလည်း
စတင်ရုန်းကန်ခဲ့ရပြီး မော်ရင်ညို၊ နူနိုဆန်တိုနဲ့ လက်ရှိနည်းပြ
ကွန်တီတို့ရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။
အယ်လီကို ခေါ်ယူခဲ့တဲ့ အဲဗာတန်အသင်းလည်း ယခုရာသီမှာ
တန်းမဆင်းရဖို့အထိ ရုန်းကန်နေရပြီး တန်းဆင်းဇုန်နဲ့

၃ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေရပါတယ်။

Zawgyi

ဇန္န၀ါရီကမွ ေရာက္လာေပမယ့္ အဆုိးရြားဆုံးေခၚယူမႈအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ အယ္လီ

အဲဗာတန္အသင္းကြင္းလယ္လူ အယ္လီဟာ ဇန္န၀ါရီလကမွ
အသင္းကို ေရာက္လာတာမွန္ေပမယ့္ ယခုရာသီရဲ႕
အဆုိးရြားဆုံးေခၚယူမႈအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
အယ္လီဟာ ဇန္န၀ါရီေစ်းကြက္ရဲ႕ေနာက္ဆုံးရက္မွာ
ေပါင္သန္း ၄၀အထိ ျမင့္တက္ႏိုင္တဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔

စပါးကေန ေရာက္လာခဲ့တာျဖစ္ၿပီး အဲဗာတန္နည္းျပ
လမ္းပတ္အေနနဲ႔ အရဲစြန္႔ေခၚယူလုိက္တာျဖစ္ေပမယ့္
ကစားသမားျဖစ္သူကေတာ့ အခုခ်ိန္အထိ အသင္းသစ္အတြက္
ဦးစားေပးကစားသမားအျဖစ္ ၁ပြဲပဲ ကစားခြင့္ရထားပါေသးတယ္။
ခ်ဲလ္ဆီးနဲ႔ လီဗာပူးညာေနာက္ခံလူေဟာင္း ဂလင္းဂၽြန္ဆင္က

အဆုိပါအေျပာင္းအေရႊ႕ကို ေ၀ဖန္ခဲ့ၿပီး ႏွစ္ဦးႏွစ္ဘက္စလုံးအတြက္
အလုပ္မျဖစ္တဲ့ အေျပာင္းအေရႊ႕အျဖစ္ သတ္မွတ္လုိက္ပါတယ္။
”အဲဗာတန္ကို အယ္လီေရာက္လာခဲ့တာက
အဆုိးရြားဆုံးအေျပာင္းအေရႊ႕တစ္ခုပါပဲ။
ပထမေတာ့ ဒါက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ထင္လုိ႔

ေကာင္းမြန္တဲ့အေျပာင္းအေရႊ႕ျဖစ္လာႏိုင္တယ္လုိ႔
ထင္ခဲ့ပါေသးတယ္။ ဒါေပမဲ့ အဲဗာတန္အသင္းဘက္က
ေပါင္သန္း ၄၀အထိ ေပးရႏိုင္တယ္လုိ႔ သိလုိက္ရပါတယ္။
အယ္လီက ကစားသမားေကာင္းတစ္ဦးျဖစ္ေပမယ့္
အဲဗာတန္မွာ ကစားခြင့္ရလိမ့္မယ္လုိ႔ေတာ့ ဆုိလုိတာမဟုတ္ပါဘူး”လုိ႔ ဆုိပါတယ္။

အယ္လီဟာ ၂၀၁၅ ခုႏွစ္က လိဂ္-၁ ကလပ္
အမ္ေကဒြန္းစ္ကေန ေရာက္လာၿပီးေနာက္ စပါးနဲ႔အတူ
အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး စပါးကစားသမားဘ၀
ပထမဆုံး ၂ရာသီဆက္ PFA လူငယ္အေကာင္းဆုံးကစားသမားဆု
ဆက္တုိက္ရရွိခဲ့သလုိ အဂၤလန္အသင္းမွာလည္း ပုံမွန္ပါ၀င္ခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့ အယ္လီရဲ႕တိုးတက္မႈမွာ အဓိကက်တဲ့ နည္းျပပိုခ်က္တီႏိုကို
စပါးအသင္း ထုတ္ပယ္လုိက္ၿပီးေနာက္ အယ္လီလည္း
စတင္ရုန္းကန္ခဲ့ရၿပီး ေမာ္ရင္ညိဳ၊ ႏူႏိုဆန္တိုနဲ႔ လက္ရွိနည္းျပ
ကြန္တီတုိ႔ရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင့္ဆုံးရံႈးခဲ့ရပါတယ္။
အယ္လီကို ေခၚယူခဲ့တဲ့ အဲဗာတန္အသင္းလည္း ယခုရာသီမွာ

တန္းမဆင္းရဖုိ႔အထိ ရုန္းကန္ေနရၿပီး တန္းဆင္းဇုန္နဲ႔
၃ မွတ္အကြာ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနရပါတယ္။