





အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းကတော့
ဇနီးသည် ဗစ်တိုးရီးယားနဲ့ပက်သတ်တဲ့ ၂၅ နှစ်ကြာ အစားအသောက်





အမှတ်တရတစ်ခုကိုမျှဝေခဲ့ပါတယ်။ ဘက်ဟမ်းဟာ ၁၉၀၀ နှစ်ပိုင်းမှာ
Spice Girl အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့မေတ္တာမျှခဲ့တာဖြစ်ပြီး
ကမ္ဘာတစ်ဝှမ်းကသူတို့နှစ်ယောက်ရဲ့ချစ်ရေးချစ်ရာတွေကို





စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့
အချစ်ရေးခိုင်မြဲဖို့အတွက်အတားအဆီးများစွာကိုကျော်ဖြတ်ခဲ့ရပါတယ်။





River Cafe Table ပေါ့ကက်စ်ရဲ့ ဆွေးနွေးခန်းမှာတော့ ဘက်ဟမ်းဟာ
ဇနီးသည်နဲ့ ကိုယ်ပိုင်စားသောက်မှုပုံစံတွေကိုဆွေးနွေး
တင်ဆက်ခဲ့တာဖြစ်တယ်။ “အစားအသောက်နဲ့ ဝိုင်အကြောင်းကတော့





အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းတယ်။ တစ်ခုခုစားတဲ့အချိန်တိုင်း
စမ်းကြည့်ချင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက





ထပ်တူကျတဲ့ပုံစံစားသောက်ခဲ့တဲ့ လူတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်။
သူနဲ့စတွေ့ကတည်းက ငါးကင်ပဲစားတယ်၊ အသီးအရွက်ပြုတ်တွေ
စားတယ်၊ ဒါတွေနဲ့လွဲချော်ခဲ့ရတာမရှိဘူး။ သူမရဲ့ပန်းကန်ထဲက





တစ်ခုခုကိုမျှဝေပေးခဲ့တဲ့ အချိန်ကတစ်ခါတည်းသာရှိတယ်၊
ဟာပါကိုယ်ဝန်လွယ်ထားတဲ့အချိန်တုန်းကဖြစ်ပြီး အံ့အားသင့်စရာ





ကောင်းပါတယ်။ အဲ့ဒါက ကျွန်တော်အကြိုက်ဆုံးညနေစာထဲကတစ်ခုပါ။
အဲဒါဘာတွေလဲဆိုတာမမှတ်မိတော့ပေမဲ့ သူမကြိုက်တဲ့အရာတွေ
ဆိုတာတော့သိပါတယ်” လို့ ဒေးဗစ်ဘက်ဟမ်းက ဖွင့်ဟခဲ့ပါတယ်။





လက်တွဲခဲတဲ့ ၂၅ နှစ်အတွင်းမှာ ငါးကင်နဲ့ အသီးအရွက်ပြုတ်သာ
စားခဲ့ရတာသေချာနေပြီး တစ်ကြိမ်လောက်သာ ဗစ်တိုးရီးယား





စားလေ့မရှိတဲ့အရာကို ဘက်ဟမ်းစားခဲ့ရတဲ့ သဘောဖြစ်တယ်။
zawgyi





ဇနီးသည္ ဗစ္တိုးရီးယားႀကိဳက္ႏွစ္သက္တဲ့ တူညီတဲ့အစားအစာကို ၂၅ ႏွစ္ၾကာ စားသုံးခဲ့တယ္လို႔ ေဒးဗစ္ဘက္ဟမ္း ဖြင့္ဟလာ
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ဟမ္းကေတာ့





ဇနီးသည္ ဗစ္တိုးရီးယားနဲ႔ပက္သတ္တဲ့ ၂၅ ႏွစ္ၾကာ အစားအေသာက္
အမွတ္တရတစ္ခုကိုမွ်ေဝခဲ့ပါတယ္။ ဘက္ဟမ္းဟာ ၁၉၀၀ ႏွစ္ပိုင္းမွာ
Spice Girl အဖြဲ႕ဝင္ ဗစ္တိုးရီးယားနဲ႔ေမတၱာမွ်ခဲ့တာျဖစ္ၿပီး





ကမာၻတစ္ဝွမ္းကသူတို႔ႏွစ္ေယာက္ရဲ႕ခ်စ္ေရးခ်စ္ရာေတြကို
စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕





အခ်စ္ေရးခိုင္ၿမဲဖို႔အတြက္အတားအဆီးမ်ားစြာကိုေက်ာ္ျဖတ္ခဲ့ရပါတယ္။
River Cafe Table ေပါ့ကက္စ္ရဲ႕ ေဆြးေႏြးခန္းမွာေတာ့ ဘက္ဟမ္းဟာ
ဇနီးသည္နဲ႔ ကိုယ္ပိုင္စားေသာက္မႈပုံစံေတြကိုေဆြးေႏြး





တင္ဆက္ခဲ့တာျဖစ္တယ္။ “အစားအေသာက္နဲ႔ ဝိုင္အေၾကာင္းကေတာ့
အေတာ္ေလးစိတ္လႈပ္ရွားဖို႔ေကာင္းတယ္။ တစ္ခုခုစားတဲ့အခ်ိန္တိုင္း





စမ္းၾကည့္ခ်င္ခဲ့တယ္။ ကံမေကာင္းစြာနဲ႔ပဲ လြန္ခဲ့တဲ့ ၂၅ ႏွစ္ကတည္းက
ထပ္တူက်တဲ့ပုံစံစားေသာက္ခဲ့တဲ့ လူတစ္ေယာက္နဲ႔ အိမ္ေထာင္က်ခဲ့တယ္။
သူနဲ႔စေတြ႕ကတည္းက ငါးကင္ပဲစားတယ္၊ အသီးအ႐ြက္ျပဳတ္ေတြ





စားတယ္၊ ဒါေတြနဲ႔လြဲေခ်ာ္ခဲ့ရတာမရွိဘူး။ သူမရဲ႕ပန္းကန္ထဲက
တစ္ခုခုကိုမွ်ေဝေပးခဲ့တဲ့ အခ်ိန္ကတစ္ခါတည္းသာရွိတယ္၊





ဟာပါကိုယ္ဝန္လြယ္ထားတဲ့အခ်ိန္တုန္းကျဖစ္ၿပီး အံ့အားသင့္စရာ
ေကာင္းပါတယ္။ အဲ့ဒါက ကြၽန္ေတာ္အႀကိဳက္ဆုံးညေနစာထဲကတစ္ခုပါ။
အဲဒါဘာေတြလဲဆိုတာမမွတ္မိေတာ့ေပမဲ့ သူမႀကိဳက္တဲ့အရာေတြ





ဆိုတာေတာ့သိပါတယ္” လို႔ ေဒးဗစ္ဘက္ဟမ္းက ဖြင့္ဟခဲ့ပါတယ္။
လက္တြဲခဲတဲ့ ၂၅ ႏွစ္အတြင္းမွာ ငါးကင္နဲ႔ အသီးအ႐ြက္ျပဳတ္သာ





စားခဲ့ရတာေသခ်ာေနၿပီး တစ္ႀကိမ္ေလာက္သာ ဗစ္တိုးရီးယား
စားေလ့မရွိတဲ့အရာကို ဘက္ဟမ္းစားခဲ့ရတဲ့ သေဘာျဖစ္တယ္။