ဇနီးသည်က ၂၅ နှစ်တိုင်တိုင် အစားအစာတစ်မျိုးတည်းကိုသာ စားသောက်ကြောင်း ဘက်ဟမ်းဖွင့်ဟလာ

ဒေးဗစ်ဘက်ဟမ်းကဇနီးသည်ဗစ်တိုးရီးယားမှာ

လွန်ခဲ့တဲ့၂၅နှစ်တုန်းက အတူတွဲလာခဲ့စဉ်ကတည်းက

နေ့တိုင်း တူညီတဲ့အစားအစာတစ်မျိုးတည်းကိုသာ

စားလာကြောင်းဖွင့်ဟလာပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာ၁၉၉၀ခုနှစ်များတုန်းက Spice Girl အဖွဲ့ဝင်

ဗစ်တိုးရီးယားနှင့်တွေ့ဆုံချစ်ကြိုက်လာခဲ့သူဖြစ်ပြီး

ဘောလုံးလောကရဲ့အအောင်မြင်ဆုံးစုံတွဲအဖြစ်ရပ်တည်လာခဲ့ပါတယ်။

ဒေးဗစ်ဘက်ဟမ်းက “အစားအသောက်နဲ့ဝိုင်အပေါ်

ကျွန်တော်အနည်းငယ်တပ်မက်တယ်။အစားကောင်းကောင်းစားရချိန်မှာ

အခြားသူတွေကိုလည်းစားစေချင်တယ်။

ကံဆိုးတာကတော့ကျွန်တော်လက်ထပ်လိုက်တဲ့သူပြီးခဲ့တဲ့၂၅နှစ်လုံးလုံး

တစ်မျိုးတည်းပဲစားလာခဲ့တဲ့သူဖြစ်နေပါတယ်။

သူမနဲ့စတွေ့ကတည်း အသီးအရွက်ပြုတ်၊

ငါးကင်တို့ပဲစားလာခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးအသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက

“ကျွန်တော်စားတာမျိုးသူမစားတာတစ်ခုပဲရှိတယ်။

ဟာပါကိုယ်ဝန်လွယ်ထားရတုန်းက။တကယ့်ကိုအံ့ဩစရာကောင်းတယ်။

ကျွန်တော့်အကြိုက်ဆုံးညနေတွေထဲကတစ်ခုဖြစ်တယ်။

ဘာစားခဲ့လဲဆိုတာကိုတော့မမှတ်မိတော့ဘူး”လို့ပြောကြားသွားပါတယ်။

ဒေးဗစ်ဘက်ဟမ်းနှင့်ဗစ်တိုးရီးယားတို့တွင်သားသမီးလေးဦးပိုင်ဆိုင်ထားပြီး

ဒုတိယသားရိုမီယိုမှာဖခင်ဖြစ်သူရဲ့ခြေရာနင်းကာ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာပြီဖြစ်ပါတယ်။

zawgyi

ဇနီးသည္က ၂၅ ႏွစ္တိုင္တိုင္ အစားအစာတစ္မ်ိဳးတည္းကိုသာ စားေသာက္ေၾကာင္း ဘက္ဟမ္းဖြင့္ဟလာ

ေဒးဗစ္ဘက္ဟမ္းကဇနီးသည္ဗစ္တိုးရီးယားမွာ

လြန္ခဲ့တဲ့၂၅ႏွစ္တုန္းက အတူတြဲလာခဲ့စဥ္ကတည္းက

ေန႔တိုင္း တူညီတဲ့အစားအစာတစ္မ်ိဳးတည္းကိုသာ

စားလာေၾကာင္းဖြင့္ဟလာပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာ၁၉၉၀ခုႏွစ္မ်ားတုန္းက Spice Girl အဖြဲ႕ဝင္

ဗစ္တိုးရီးယားႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္လာခဲ့သူျဖစ္ၿပီး

ေဘာလုံးေလာကရဲ႕အေအာင္ျမင္ဆုံးစုံတြဲအျဖစ္ရပ္တည္လာခဲ့ပါတယ္။

ေဒးဗစ္ဘက္ဟမ္းက “အစားအေသာက္နဲ႔ဝိုင္အေပၚ

ကြၽန္ေတာ္အနည္းငယ္တပ္မက္တယ္။အစားေကာင္းေကာင္းစားရခ်ိန္မွ

ာအျခားသူေတြကိုလည္းစားေစခ်င္တယ္။ကံဆိုးတာကေတာ့

ကြၽန္ေတာ္လက္ထပ္လိုက္တဲ့သူၿပီးခဲ့တဲ့၂၅ႏွစ္လုံးလုံး

တစ္မ်ိဳးတည္းပဲစားလာခဲ့တဲ့သူျဖစ္ေနပါတယ္။

သူမနဲ႔စေတြ႕ကတည္း အသီးအ႐ြက္ျပဳတ္၊

ငါးကင္တို႔ပဲစားလာခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးအသက္၄၆ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းက

“ကြၽန္ေတာ္စားတာမ်ိဳးသူမစားတာတစ္ခုပဲရွိတယ္။

ဟာပါကိုယ္ဝန္လြယ္ထားရတုန္းက။တကယ့္ကိုအံ့ဩစရာေကာင္းတယ္။

ကြၽန္ေတာ့္အႀကိဳက္ဆုံးညေနေတြထဲကတစ္ခုျဖစ္တယ္။

ဘာစားခဲ့လဲဆိုတာကိုေတာ့မမွတ္မိေတာ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

ေဒးဗစ္ဘက္ဟမ္းႏွင့္ဗစ္တိုးရီးယားတို႔တြင္သားသမီးေလးဦးပိုင္ဆိုင္ထားၿပီး

ဒုတိယသား႐ိုမီယိုမွာဖခင္ျဖစ္သူရဲ႕ေျခရာနင္းကာ

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားျဖစ္လာၿပီျဖစ္ပါတယ္။