ဇနီးရဲ့  အိမ်ထောင်သက်တမ်း ၁၃ နှစ်ကြမှ တစ်ချက်လွှတ်အမိန့်ထုတ် အထုတ်ခံရတဲ့ ရူနီ

ဒါဘီအသင်းနည်းပြ ဝိန်းရူနီကို တစ်ယောက်တည်းအပြင်မထွက်ဖို့

သူ့ဇနီးသည် ကောလင်းက တစ်ချက်လွှတ်အမိန့်ထုတ် လိုက်တယ်လို့ သိရပါတယ်။

ရူနီနဲ့ကောလင်းတို့ဟာ အိမ်ထောင်သက်တမ်း ၁၃ နှစ်ကြာခဲ့ပြီဖြစ်ပြီး

ဒီလိုသံယောဇဥ်နှောင် တွယ်တာကြာမြင့်နေမှုကို ဆက်လက်ထိန်းနိုင်ဖို့အတွက်

သူမ မပါဘဲအပြင်ကိုမထွက်ဖို့အမိန့်ထုတ်လိုက်တာဖြစ်တယ်လို့

သူ့နဲ့နီးစပ်တဲ့ သူငယ်ချင်းတွေကပြောပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရူနီ ဟာဒါဘီအတွက်

တကယ့် သူရဲကောင်းတစ်ဦးပ မာဖြစ်နေပေမယ့် ဇနီးသည်အမိန့်ကိုတော့

ဒီတစ်ခါမှာလွန်ဆန်နိုင်ဖို့ ခက်လိမ့်မယ်လို့လည်းဆိုကြပါတယ်။

မန်ယူပရိသတ် တွေရဲ့အချစ်တော်ဖြစ်နေသေးတဲ့ ရူနီကလည်း ရူနီပါဘဲ။

သူဟာအပြင်ကိုထွက်တိုင်းမကြာခဏပြဿနာတက်လေ့ရှိတာ ကြောင့်

ကောလင်း ကတော်တော့်ကိုစိတ်ပျက်နေတာပါ။

ကလေး ၄ ယောက်ရဲ့မိခင်ဖြစ်တဲ့ ကောလင်းဟာရူနီနဲ့အပြင်မှ

ာတွဲလေ့ရှိတဲ့ သူငယ်ချင်းတွေကိုလည်းမယုံဘဲ

အရွယ်ရောက် ပြီးသူတစ်ဦးအတိုင်း တာဝန်ခံမှုအပြည့်နဲ့ နေစေလိုတာပါ။

ဒါကြောင့်လည်း သူမရဲ့အစ်ကိုဖြစ်တဲ့ ဂျိုး ဒါမှမဟုတ်

သူမယုံ ကြည်ရတဲ့သူနဲ့ သူမကိုယ်တိုင်မပါဘဲ အပြင်မထွက်ဖို့တားမြစ်ခဲ့တာပါ။

ရူနီနဲ့ ကောလင်းရဲ့အိမ်ထောင်ရေးဟာမကြာသေးခင် နှစ်တွေက

သိပ်ပြီးအဆင်ပြေလှရယ်လို့တော့မဟုတ်ပါဘူး။

ရူနီဟာအပြင်ကိုထွက်တိုင်း အရက်သောက်တာ၊

မိန်းမလိုက်စား တာတွေကို မကြာခဏပြုလုပ်တဲ့သူပါ။

သူတို့နဲ့နီးစပ်သူတစ်ဦးက” သူတို့လင်မယားအဓိက ဖြစ်တဲ့ပြဿနာက

ရူနီအရက် သောက်ပြီဆို စတာပါဘဲ။

သူမူးပြီဆိုရင် ပလပ်ကျွတ်လေ့ရှိတာကိုလည်း ရူနီသိပါတယ်။

မူးလာတိုင်းထိန်းချုပ်နိုင်စွမ်းမရှိ တော့ဘဲ

ပေါက်ကရလေးဆယ်တွေလျှောက်လုပ်တော့တာဘဲ။

ဒါကြောင့်ကောလင်းကလည်း ရူနီကိုရော

သူနဲ့အတူအရက် တွဲသောက်တဲ့သူတွေပါ မယုံတော့ပါဘူး။

ရူနီဆယ်ကျော်သက်ဘဝကလည်း လမ်းကြောင်းမှန်ဖို့အတွက်

ကြိုးစားပေး ခဲ့ရတာကို ကောလင်းကအများကြီးတွေ့ထားပြီးသားပါ။

ဒါကြောင့် သွားလေရာကိုမိန်းမလိုက်တာက ရူနီအမှားမလုပ်ဖို့

တားနိုင်မယ်လို့လည်း ယုံကြည်ထားတာပါ” လို့ပြောသွားပါတယ်။

ရူနီဟာပြီးခဲ့တဲ့ ဇူလိုင်လကလည်း တန်ဖိုးနည်းဟိုတယ်တစ်ခုမှာ အရက်မူးပြီး

အတိုအနှံ့ဝတ်ထားတဲ့မိန်းမတွေနဲ့အိပ်ခဲ့သေး တဲ့သတင်းပျံ့ခဲ့လို့

ကောလင်းနဲ့ ဒါဘီအသင်းတို့ကိုတောင်းပန်ခဲ့ရပါတယ်။

ရူနီရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Amazon က

ထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲကို ဒီတစ်ပတ်ထဲမှာစတင်ထုတ်လွှင့်တော့မှာဖြစ်ပြီး

ဒီရိုက်ကူးမှုအတွက်ရူနီကပေါင် ၁ သန်းအ ထိရရှိခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi






































