ဇင်ချန်ကို မျက်ရည်တွေ တားမရဆီးမရ ကျလာစေတဲ့အကြောင်းရင်း

မန်စီးတီးဘယ်နောက်ခံလူ ဇင်ချန်ကိုက သူ့ရဲ့နိုင်ငံ

ယူကရိန်းအတွက် ဆုတောင်းပေးနေတယ်ဆိုတဲ့အကြောင်း
ဗြိတိန်ကျောင်းသားလေးတွေ လာပြောတဲ့အခါတိုင်း
မျက်ရည်တွေ တားမရဆီးမရ အလိုလို
ထွက်ကျလာတယ်လို့ ဝန်ခံပြောဆိုပါတယ်။
မွေးရပ်မြေ ယူကရိန်းနိုင်ငံကို ရုရှားက

အကြမ်းဖက်ကျူးကျော်ဝင်ရောက်လာပြီးနောက်ပိုင်း
ဇင်ချန်ကိုက သူ့ရဲ့ကလပ်အသင်းနဲ့
ဗြိတိန်ပြည်သူတွေရဲ့ထောက်ခံအားပေးမှုအပေါ်
အထူးကျေးဇူးတင်ကြောင်း ပြောပါတယ်။


ယူကရိန်းအသင်းအတွက် ပွဲပေါင်း
၄၈ ပွဲ ကစားပေးထားတဲ့ ဇင်ချန်ကိုက
”မန်စီးတီးအသင်းရဲ့အပြင်ဘက်မှာတောင်
ကျွန်တော် လမ်းလျှောက်ထွက်ချိန် ၁၀ နှစ်လောက်ပဲရှိသေးတဲ့

ကျောင်းသားလေးတွေ ရောက်လာပြီး
ယူကရိန်းနိုင်ငံအတွက် သူတို့ နေ့တိုင်း
ဆုတောင်းပေးနေပါတယ်ဆိုပြီး လာပြောပါတယ်။
ကျွန်တော်လည်း မျက်ရည်တွေ အလိုလိုထွက်ကျလာပါတယ်။
ယူကရိန်းပြည်သူတိုင်းကလည်း တစ်ကမ္ဘာလုံးက

ကျွန်တော်တို့နဲ့အတူတူ ရှိနေတယ်လို့လည်း ခံစားရပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂါနေ့က
ပီတာဘရော့ကို ၂-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့
အက်ဖ်အေဖလားပွဲမှာ ဇင်ချန်ကို,ကို
အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားစေခဲ့ပြီး

စီးတီးအသင်းသားတွေက အဲဗာတန်ကို ဝ-၁ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ ယူကရိန်းနိုင်ငံအလံရဲ့အရောင်ဖြစ်တဲ့
အဝါနဲ့ အပြာအောက်ခံမှာ ‘No War’ ဆိုတဲ့
အင်္ကျီဝတ်ဆင်ရင်း ယူကရိန်းနိုင်ငံကို
ထောက်ခံတဲ့အကြောင်း ပြသခဲ့ကြပါတယ်။


ဇင်ချန်ကိုက အဲဒီလိုထောက်ခံအားပေးမှုတွေကို
ကျေးဇူးတင်ကြောင်းနဲ့ ယူကရိန်းနိုင်ငံကို
ဆက်လက်ထောက်ခံအားပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

”ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့အသင်းမှာ
အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရတာ
ကျွန်တော် အရမ်းကံကောာင်းပါတယ်။
ယူကရန်းပြည်သူတွေကလည်း ဘောလုံးပွဲတွေ
အားပေးကြပြီး ဒီလိုထောက်ခံအားပေးတာတွေကို

မြင်တွေ့မှာ သေချာပါတယ်။ ဒါကြောင့်
အခုလိုလုပ်တာတွေက အများကြီး
အကူအညီဖြစ်ပါတယ်”လို့ ဇင်ချန်ကိုက ဆက်ပြောပါတယ်။