ဇင်ချန်ကိုမှန်းမသိဘဲ ကွင်းထဲမဝင်အောင်လိုက်ဆွဲခဲ့တဲ့ ပွဲကြီးကြပ်သူအမျိုးသမီး

အာဆင်နယ်က ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပြီးတဲ့နောက် အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ကွင်းထဲကို ဝင်လာတဲ့ နောက်ခံလူ ဇန်ချန်ကိုအပေါ် ပရိသတ်တစ်ယောက်ပဲလို့ ထင်ခဲ့သူရှိပါတယ်။ အဲဒါကတော့ ပွဲကြည့်စင်ကြီးကြပ်သူ အမျိုးသမီးတစ်ဦးပါပဲ။

အီးမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ဖူလ်ဟမ်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်ကနေလိုက်ကစားပြီး အနိုင်ရလဒ်ရယူနိုင် ခဲ့တာကြောင့် ဒီရာသီ ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ ရာနှုန်းပြည့် နိုင် ပွဲဆက်နေတဲ့ တစ်သင်းတည်းသေ

ာ ပရီးမီးယားကလပ် အသင်းဖြစ် နေပါတယ်။ အာဆင်နယ်ဟာ နောက်ခံလူ ဂါဘရီရယ်ရဲ့ အမှားအပေါ် ဖူလ် ဟမ်တိုက်စစ်မှူး မီထရိုဗစ်က အခွင့်အကောင်းယူနိုင်ခဲ့ပေမယ့် အိုဒီဂတ်၊ ဂါ ဘရီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်အသင်းက အနိုင်ရလဒ်ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်အရောက်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် ဂါဘရီရယ်က အနိုင်ဂိုး သွင်းလိုက်ချိန်မှာတော့ ကွင်းဘေးမှာရှိနေတဲ့ ဇင်ချန်ကိုဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့အတွက် ကွင်းထဲကို ပြေး ဝင်လာပါတော့တယ်။ ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့

လေ့ကျင့်ရေး ဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားတာကြောင့် သာမန်ပရိသတ်တစ် ယောက်နဲ့ ဆင်တူနေတဲ့အတွက် ပွဲကြည့်စင်ကြီးကြပ်သူ အမျိုးသမီးက ဇင် ချန်ကို,ကို လိုက်ဆွဲဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဲဒါဟာ အာဆင်နယ် နောက်ခံလူ ဇင်ချန်ကိုဖြစ်နေလို့

လိုက်မဆွဲဖို့ ဘေးကနေ တစ်ယောက်က ပြောလိုက်တဲ့အတွက် သူမ သတိထားမိသွားပြီး နောက်ဆုတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအဖြစ် အပျက်ဟာ အာဆင်နယ်ပွဲအပြီးမှာတော့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်အပြင် လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံမှာ

ပျံ့နှံ့သွားခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အနိုင်ရလဒ်ရရှိဖို့အတွက် နောက်ဆုံး ပွဲချိန်အထိ ကြိုးစားသွားခဲ့တဲ့ အာဆင်နယ်အသင်းသားတွေနဲ့ နည်းပြ အာ တီတာတို့ရဲ့ နိုင်လိုစိတ်ပြင်းထန်မှုကိုလည်း

ဒီရာသီမှာ ပထမဆုံး ပြန်လည် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ပွဲဟာ အရသာရှိပြီး အသင်းရဲ့ စိတ် ဓာတ်အမှန်ကို ပြသနိုင်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပွဲအပြီး မှာ ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

အာဆင္နယ္က ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ဂိုးသြင္းၿပီးတဲ့ေနာက္ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ ကြင္းထဲကို ဝင္လာတဲ့ ေနာက္ခံလူ ဇန္ခ်န္ကိုအေပၚ ပရိသတ္တစ္ေယာက္ပဲလို႔ ထင္ခဲ့သူရွိပါတယ္။ အဲဒါကေတာ့ ပြဲၾကည့္စင္ႀကီးၾကပ္သူ အမ်ိဳးသမီးတစ္ဦးပါပဲ။

အီးမရိတ္စ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာေတာ့ အာဆင္နယ္ဟာ ဖူလ္ဟမ္ကို ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ေနာက္ကေနလိုက္ကစားၿပီး အႏိုင္ရလဒ္ရယူႏိုင္ ခဲ့တာေၾကာင့္ ဒီရာသီ ၄ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၁၂ မွတ္နဲ႔ ရာႏႈန္းျပည့္ ႏိုင္ ပြဲဆက္ေနတဲ့ တစ္သင္းတည္းေသာ

ပရီးမီးယားကလပ္ အသင္းျဖစ္ ေနပါတယ္။ အာဆင္နယ္ဟာ ေနာက္ခံလူ ဂါဘရီရယ္ရဲ႕ အမွားအေပၚ ဖူလ္ ဟမ္တိုက္စစ္မႉး မီထ႐ိုဗစ္က အခြင့္အေကာင္းယူႏိုင္ခဲ့ေပမယ့္ အိုဒီဂတ္၊ ဂါ ဘရီရယ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ အိမ္ရွင္အသင္းက အႏိုင္ရလဒ္ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္အေရာက္မွာ ေထာင့္ကန္ေဘာကေနတစ္ဆင့္ ဂါဘရီရယ္က အႏိုင္ဂိုး သြင္းလိုက္ခ်ိန္မွာေတာ့ ကြင္းေဘးမွာရွိေနတဲ့ ဇင္ခ်န္ကိုဟာ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔အတြက္ ကြင္းထဲကို ေျပး ဝင္လာပါေတာ့တယ္။

ဇင္ခ်န္ကိုဟာ အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရး ဝတ္စုံ အနက္ေရာင္ကို ဝတ္ဆင္ထားတာေၾကာင့္ သာမန္ပရိသတ္တစ္ ေယာက္နဲ႔ ဆင္တူေနတဲ့အတြက္ ပြဲၾကည့္စင္ႀကီးၾကပ္သူ အမ်ိဳးသမီးက ဇင္ ခ်န္ကို,ကို လိုက္ဆြဲဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒါေပမဲ့ အဲဒါဟာ

အာဆင္နယ္ ေနာက္ခံလူ ဇင္ခ်န္ကိုျဖစ္ေနလို႔ လိုက္မဆြဲဖို႔ ေဘးကေန တစ္ေယာက္က ေျပာလိုက္တဲ့အတြက္ သူမ သတိထားမိသြားၿပီး ေနာက္ဆုတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအျဖစ္ အပ်က္ဟာ အာဆင္နယ္ပြဲအၿပီးမွာေတာ့ တြစ္တာ၊ ေဖ့စ္ဘြတ္ခ္၊ အင္စတာဂရမ္အျပင္

လူမႈကြန္ရက္ ပလက္ေဖာင္းမ်ိဳးစုံမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဖူလ္ဟမ္နဲ႔ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ အႏိုင္ရလဒ္ရရွိဖို႔အတြက္ ေနာက္ဆုံး ပြဲခ်ိန္အထိ ႀကိဳးစားသြားခဲ့တဲ့ အာဆင္နယ္အသင္းသားေတြနဲ႔ နည္းျပ အာ တီတာတို႔ရဲ႕ ႏိုင္လိုစိတ္ျပင္းထန္မႈကိုလည္း

ဒီရာသီမွာ ပထမဆုံး ျပန္လည္ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏိုင္ပြဲဟာ အရသာရွိၿပီး အသင္းရဲ႕ စိတ္ ဓာတ္အမွန္ကို ျပသႏိုင္ခဲ့တယ္လို႔ အာဆင္နယ္နည္းျပ အာတီတာက ပြဲအၿပီး မွာ ေျပာဆိုသြားခဲ့ပါတယ္။