ဆွီဒင်နဲ့ပွဲက စပိန်ပရိသတ်တွေ သီချင်းလုပ်ဆိုရလောက်တဲ့  ၁၇ နှစ်သားလေးဂါဗီ

ဆွီဒင်ကို ၁-၀ ဂိုးနဲ့အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားဆီ တက်လှမ်းနိုင်ခဲ့တဲ့

နိုင်ပွဲမှာ ဘာစီလိုနာကွင်းလယ်လူဂါဗီဟာ စပိန်အတွက်

အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဘက်စ်ကွက်၊ ကားလို့စ်ဆိုလာတို့နဲ့

စပိန်ကွင်းလယ်မှာ အဲဒီ ၁၇ နှစ်သားလေးဟာ မမောနိုင် မပန်းနိုင်အောင်

အတက်အဆင်းများများလုပ်ခဲ့ပြီး ဆွီဒင်ကွင်းလယ်လူတွေရဲ့နောက်

နေရာလွတ်များများရအောင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဆီဗီလာဖွား အဲဒီကွင်းလယ်လူဟာ ကလပ်နဲ့နိုင်ငံအတွက်

အရေးပါသူဖြစ်လာခဲ့ပြီး ပွဲပြီးခါနီး မိနစ် ၉၀ မှာ လူစားလဲခံရလို့ ကွင်းထဲကထွက်တော့

စပိန်ပရိသတ်တွေရဲ့မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

စပိန်ပရိသတ်တွေဟာ ပွဲချိန်တစ်လျှောက်လုံးမှာလည်း ဂါဗီရဲ့နာမည်ကို

သီချင်းလုပ် အားပေးခဲ့ကြပါတယ်။ သူဟာ တစ်ပွဲလုံးမှာ ဘောလုံးပေးပို့တိကျမှု

၉၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဘောလုံးထိချက် ၉၁ ကြိမ်၊ တစ်ဦးချင်း

ကျော်ြဖတ်နိုင်မှု ၅ ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှု ၂ ကြိမ်ရှိခဲ့ပါတယ်။

ပထမပိုင်းရဲ့ ၁၇ မိနစ်မှာဆိုရင် ပြိုင်ဘက်ကစးသမားနှစ်ယောက်

ငုတ်တုန်မေ့သွားတဲ့ စကေးမျိုးပြနိုင်ခဲ့ပါတယ်။

ဂါဗီဟာ လက်ရွေးစင်အသင်းအတွက် ၄ ပွဲသာ ကစားထားရပေမယ့်လည်း

အရင်ပွဲတွေကတည်းက ခြေစွမ်းပြနိုင်လို့ နိုင်ငံမှာ အားကိုးရတဲ့သူဖြစ်နေတာပါ။

သူဟာ ပြီးခဲ့တဲအောက်တိုဘာလကမှ စပိန်အတွက် ပွဲဦးထွက်ခဲ့တာဖြစ်ပြီး

၁၇ နှစ်နဲ့ ၆၂ ရက်အရွယ်မို့ စပိန်အသင်းသမိုင်းတစ်လျှောက် ပွဲထွက်ခွင့်ရတဲ့

အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာ ဒီရာသီဘာစီလိုနာမှာလည်း ခြေစွမ်းပြနေသူဖြစ်ကာ

အရင်နည်းပြကိုးမန်းလက်ထက်မှာ အသင်းကြီးကစားသမား စဖြစ်လာတာပါ။

ကိုးမန်းဟာ ဘာစီလိုနာနည်းပြဘဝမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပေမယ့်

ပြီးခဲ့တဲ့သြဂုတ်လ ဂီတာဖေးနဲ့ပွဲမှာဂါဗီကို လာလီဂါပွဲဦးထွက်ခွင့်ပေးခဲ့ပါတယ်။

အသက်ငယ်သေးပေမယ့်လည်း အဲဒီကတည်းက ဂါဗီဟာ ဘာစီလိုနာမှာ

ပုံမှန်ပွဲထွက်ခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။သူဟာ ဒီရာသီမှာ ဘာစီလိုနာအတွက်

ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲကစားပေးထားပါတယ်။ အနာဂါတ်မှာ

အားကိုးရမယ့်သူဖြစ်တာကြောင့် ဘာစီလိုနာကလည်း

ဂါဗီကို ၅ နှစ်စာချုပ်သစ်ချုပ်နိုင်ဖို့ ပြင်ဆင်ေနပါတယ်။

ဘာစီလိုနာနည်းပြသစ်ဇာဗီကဆိုရင်”အရမ်းကို စကေးကောင်းတဲ့

ကောင်လေးတစ်ယောက်ပါ။ ကျွန်တော်အံ့အားအသင့်ဆုံးက ၁၇ နှစ်ပဲရှိသေးပေမယ့်

၃၀ အရွယ်ကစားသမားတစ်ယောက်လို ကစားနေတာပါ။ ဒါဟာ ဂါဗီမှာ

ကျွန်တော်မြင်ရတဲ့ကြီးကျယ်တဲ့အရည်အသွေးပါ”လို့ ချီးကျူးခဲ့ပါတယ်။

zawgyi

ဆြီဒင္နဲ႔ပြဲက စပိန္ပရိသတ္ေတြ သီခ်င္းလုပ္ဆိုရေလာက္တဲ့  ၁၇ ႏွစ္သားေလးဂါဗီ

ဆြီဒင္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရၿပီး ၂၀၂၂ ကမာၻ႔ဖလားဆီ တက္လွမ္းႏိုင္ခဲ့တဲ့

ႏိုင္ပြဲမွာ ဘာစီလိုနာကြင္းလယ္လူဂါဗီဟာ စပိန္အတြက္

အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ ဘက္စ္ကြက္၊ ကားလို႔စ္ဆိုလာတို႔နဲ႔

စပိန္ကြင္းလယ္မွာ အဲဒီ ၁၇ ႏွစ္သားေလးဟာ မေမာႏိုင္ မပန္းႏိုင္ေအာင္

အတက္အဆင္းမ်ားမ်ားလုပ္ခဲ့ၿပီး ဆြီဒင္ကြင္းလယ္လူေတြရဲ႕ေနာက္

ေနရာလြတ္မ်ားမ်ားရေအာင္ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

ဆီဗီလာဖြား အဲဒီကြင္းလယ္လူဟာ ကလပ္နဲ႔ႏိုင္ငံအတြက္

အေရးပါသူျဖစ္လာခဲ့ၿပီး ပြဲၿပီးခါနီး မိနစ္ ၉၀ မွာ လူစားလဲခံရလို႔ ကြင္းထဲကထြက္ေတာ့

စပိန္ပရိသတ္ေတြရဲ႕မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းကို ခံခဲ့ရပါတယ္။

စပိန္ပရိသတ္ေတြဟာ ပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာလည္း ဂါဗီရဲ႕နာမည္ကို

သီခ်င္းလုပ္ အားေပးခဲ့ၾကပါတယ္။ သူဟာ တစ္ပြဲလုံးမွာ ေဘာလုံးေပးပို႔တိက်မႈ

၉၂ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ေဘာလုံးထိခ်က္ ၉၁ ႀကိမ္၊ တစ္ဦးခ်င္း

ေက်ာ္ျဖတ္ႏိုင္မႈ ၅ ႀကိမ္နဲ႔ အခြင့္အေရးဖန္တီးမႈ ၂ ႀကိမ္ရွိခဲ့ပါတယ္။

ပထမပိုင္းရဲ႕ ၁၇ မိနစ္မွာဆိုရင္ ၿပိဳင္ဘက္ကစးသမားႏွစ္ေယာက္

ငုတ္တုန္ေမ့သြားတဲ့ စေကးမ်ိဳးျပႏိုင္ခဲ့ပါတယ္။

ဂါဗီဟာ လက္ေ႐ြးစင္အသင္းအတြက္ ၄ ပြဲသာ ကစားထားရေပမယ့္လည္း

အရင္ပြဲေတြကတည္းက ေျခစြမ္းျပႏိုင္လို႔ ႏိုင္ငံမွာ အားကိုးရတဲ့သူျဖစ္ေနတာပါ။

သူဟာ ၿပီးခဲ့တဲေအာက္တိုဘာလကမွ စပိန္အတြက္ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး

၁၇ ႏွစ္နဲ႔ ၆၂ ရက္အ႐ြယ္မို႔ စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲထြက္ခြင့္ရတဲ့

အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

သူဟာ ဒီရာသီဘာစီလိုနာမွာလည္း ေျခစြမ္းျပေနသူျဖစ္ကာ

အရင္နည္းျပကိုးမန္းလက္ထက္မွာ အသင္းႀကီးကစားသမား စျဖစ္လာတာပါ။

ကိုးမန္းဟာ ဘာစီလိုနာနည္းျပဘဝမွာ ျပင္းျပင္းထန္ထန္ေဝဖန္ခံခဲ့ရေပမယ့္

ၿပီးခဲ့တဲ့ၾသဂုတ္လ ဂီတာေဖးနဲ႔ပြဲမွာဂါဗီကို လာလီဂါပြဲဦးထြက္ခြင့္ေပးခဲ့ပါတယ္။

အသက္ငယ္ေသးေပမယ့္လည္း အဲဒီကတည္းက ဂါဗီဟာ ဘာစီလိုနာမွာ

ပုံမွန္ပြဲထြက္ခြင့္ရသူ ျဖစ္လာခဲ့ပါတယ္။သူဟာ ဒီရာသီမွာ ဘာစီလိုနာအတြက္

ၿပိဳင္ပြဲအရပ္ရပ္ ၁၄ ပြဲကစားေပးထားပါတယ္။ အနာဂါတ္မွာ

အားကိုးရမယ့္သူျဖစ္တာေၾကာင့္ ဘာစီလိုနာကလည္း

ဂါဗီကို ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။

ဘာစီလိုနာနည္းျပသစ္ဇာဗီကဆိုရင္”အရမ္းကို စေကးေကာင္းတဲ့

ေကာင္ေလးတစ္ေယာက္ပါ။ ကြၽန္ေတာ္အံ့အားအသင့္ဆုံးက ၁၇ ႏွစ္ပဲရွိေသးေပမယ့္

၃၀ အ႐ြယ္ကစားသမားတစ္ေယာက္လို ကစားေနတာပါ။ ဒါဟာ ဂါဗီမွာ

ကြၽန္ေတာ္ျမင္ရတဲ့ႀကီးက်ယ္တဲ့အရည္အေသြးပါ”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။