
အိုဆာဆူနာကို အက်သလက်တီကိုမက်ဒရစ်က ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ
လူးဝစ္စဆွာရက်ဇ်ကတော့ အံ့အားသင့်ဖွယ် သွင်းဂိုးတစ်ဂိုးကို ရယူခဲ့ပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာယမန်နေ့ညတုန်းကအားမသန်တဲ့ဘယ်ခြေကိုအသုံးပြုပြီး
ပြိုင်ဘက်ကွင်းလယ်တစ်ဝက်ကနေ ဂိုးသွင်းခဲ့ပါတယ်။
အသက်၃၅နှစ်ရှိလီဗာပူးနှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ၄၅ကိုက်အကွာကနေ
အက်သလက်တီကိုအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ဘယ်တောင်ပံကနေ အိုဆာဆူနာကစားသမားက အက်သလက်တီကို
ဂိုးဧရိယာအတွင်း ဖြတ်တင်ပေးမှုက ယာအိုဖီးလစ်ဆီရောက်ခဲ့ရာမှာ
သူက ကွင်းလယ်စက်ဝိုင်းနားမှာရှိနေတဲ့ ဆွာရက်ဇ်ဆီ တိတိကျကျ ကန်တင်ပေးပို့ခဲ့ပါတယ်။
ဘောလုံးရပြီးတဲ့နောက် ဆွာရက်ဇ်က ဘောလုံးနဲ့အတူ အနည်းငယ်သာ
ပြေးလွှားခဲ့ကာ ဂိုးရှေ့ထွက်နေတဲ့ အိုဆာဆူနာဂိုးသမားရဲ့ အားနည်းချက်ကို
အခွင့်ကောင်းယူပြီး ဘယ်ခြေနဲ့ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
အခြားသော ကန်သွင်းချက်တွေလိုမျိုး ဂိုးသမားကို ကျော်သွင်းယူခဲ့တာ
မဟုတ်ဘဲ ၄၅ ကိုက်အကွာကနေ သေချာပေါက်ဂိုးဝင်စေမယ့်
ကန်ချက်မျိုးနဲ့ သွေးအေးအေးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဆွာရက်ဇ်ကတော့ ဒီရာသီမှာ အေတီကိုအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၁ ဂိုးအထိ
သွင်းယူပေးထားပြီးဖြစ်ပါတယ်။ အဲဒီနိုင်ပွဲကြောင့် အေတီကိုဟာ
အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက
ဆီဗီလာနဲ့ ၈ မှတ်ကွာအနေအထားမှာရှိနေပါတယ်။
Zawgyi
ဆြာရက္ဇ္ ၄၅ ကိုက္အကြာက ေမွာ္ဆန္တဲ့ သြင္းဂိုး
အိုဆာဆူနာကို အက္သလက္တီကိုမက္ဒရစ္က ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ
လူးဝစၥဆြာရက္ဇ္ကေတာ့ အံ့အားသင့္ဖြယ္ သြင္းဂိုးတစ္ဂိုးကို ရယူခဲ့ပါတယ္။
လူးဝစ္ဆြာရက္ဇ္ဟာယမန္ေန႔ညတုန္းကအားမသန္တဲ့ဘယ္ေျခကိုအသုံးျပဳၿပီး
ၿပိဳင္ဘက္ကြင္းလယ္တစ္ဝက္ကေန ဂိုးသြင္းခဲ့ပါတယ္။
အသက္၃၅ႏွစ္ရွိလီဗာပူးႏွင့္ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာ၄၅ကိုက္အကြာကေန
အက္သလက္တီကိုအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
ဘယ္ေတာင္ပံကေန အိုဆာဆူနာကစားသမားက အက္သလက္တီကို
ဂိုးဧရိယာအတြင္း ျဖတ္တင္ေပးမႈက ယာအိုဖီးလစ္ဆီေရာက္ခဲ့ရာမွာ
သူက ကြင္းလယ္စက္ဝိုင္းနားမွာရွိေနတဲ့ ဆြာရက္ဇ္ဆီ တိတိက်က် ကန္တင္ေပးပို႔ခဲ့ပါတယ္။
ေဘာလုံးရၿပီးတဲ့ေနာက္ ဆြာရက္ဇ္က ေဘာလုံးနဲ႔အတူ အနည္းငယ္သာ
ေျပးလႊားခဲ့ကာ ဂိုးေရွ႕ထြက္ေနတဲ့ အိုဆာဆူနာဂိုးသမားရဲ႕ အားနည္းခ်က္ကို
အခြင့္ေကာင္းယူၿပီး ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။
အျခားေသာ ကန္သြင္းခ်က္ေတြလိုမ်ိဳး ဂိုးသမားကို ေက်ာ္သြင္းယူခဲ့တာ
မဟုတ္ဘဲ ၄၅ ကိုက္အကြာကေန ေသခ်ာေပါက္ဂိုးဝင္ေစမယ့္
ကန္ခ်က္မ်ိဳးနဲ႔ ေသြးေအးေအးအဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
ဆြာရက္ဇ္ကေတာ့ ဒီရာသီမွာ ေအတီကိုအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၁ ဂိုးအထိ
သြင္းယူေပးထားၿပီးျဖစ္ပါတယ္။ အဲဒီႏိုင္ပြဲေၾကာင့္ ေအတီကိုဟာ
အမွတ္ေပးဇယားအဆင့္ ၄ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီး ဒုတိယေနရာက
ဆီဗီလာနဲ႔ ၈ မွတ္ကြာအေနအထားမွာရွိေနပါတယ္။