ဆွာရက်ဇ်ရဲ့ ဒုတိယအကြိမ်မြောက် မျက်ရည်တွေနဲ့ နှုတ်ဆက်လမ်းခွဲ

ဥရုဂွေးဝါရင့်တိုက်စစ်မှူးကြီး ဆွာရက်ဇ်ဟာ ငယ်မွေးခြံပေါက်ကလပ်ဖြစ်တဲ့ နေစီယွန်နယ်အသင်းအတွက်

ဆုဖလား(၂)ခုရယူခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကုန်က အက်သလက်တီကိုအသင်းနဲ့ လမ်းခွဲခဲ့ပြီး

ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ နေစီယွန်နယ်အသင်းကို ဇူလိုင်လမှာ ပြောင်းရွှေ့ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ နေစီယွန်နယ်အသင်းအတွက် ကစားခဲ့တဲ့ (၄)လနီးပါးအတွင်း ပြိုင်ပွဲစုံ (၁၆)ပွဲကစား၊ (၈)ဂိုးသွင်းယူခဲ့ပြီး

အသင်းနဲ့အတူ ဥရုဂွေးအမှတ်ပေးဖလား၊ ချန်ပီယံရှစ်ရှုံးထွက်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချန်ပီယံရှစ်ရှုံးထွက်ဖလားပွဲအဖြစ် လီဗာပူးလ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ

ဆွာရက်ဇ် (၂)ဂိုးသွင်းယူခဲ့ပြီး နေစီယွန်နယ်ကစားသမားဘ၀ နောက်ဆုံးအမှတ်တရအဖြစ် ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲအပြီးမှာ ဆွာရက်ဇ်က မျက်ရည်တွေနဲ့အတူ အသင်းကို နှုတ်ဆက်ခဲ့သလို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

ဆွာရက်ဇ်က “ဒီအသင်းကို ပြောင်းရွှေ့ခဲ့တာက မှန်ကန်တဲ့ ခြေလှမ်းဖြစ်ပြီး လက်ရှိအခိုက်အတန့်အတွက်

ဝမ်းမြောက်မိတဲ့အပြင် ဆုဖလားအောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်။

နေစီယွန်နယ်ကို ပြောင်းရွှေ့ခဲ့ချိန်က စပြီး အခုနောက်ဆုံးရက်အထိ

ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် ဥရုဂွေးအသင်းတိုက်စစ်ကို ဦးဆောင်ကစားသွားမှာဖြစ်ပြီး

ဘောလုံးသမားဘဝက အနားယူဖို့အစီအစဉ်မရှိသေးဘဲ လာမယ့်နှစ်မှာ မေဂျာလိဂ်ထိပ်သီး LA ဂလက်ဆီအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

zawgyi

ဆြာရက္ဇ္ရဲ႕ ဒုတိယအႀကိမ္ေျမာက္ မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္လမ္းခြဲ

ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးႀကီး ဆြာရက္ဇ္ဟာ ငယ္ေမြးၿခံေပါက္ကလပ္ျဖစ္တဲ့ ေနစီယြန္နယ္အသင္းအတြက္

ဆုဖလား(၂)ခုရယူခဲ့ၿပီးေနာက္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ျပန္လည္လမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီကုန္က အက္သလက္တီကိုအသင္းနဲ႔ လမ္းခြဲခဲ့ၿပီး

ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့တဲ့ ေနစီယြန္နယ္အသင္းကို ဇူလိုင္လမွာ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ ေနစီယြန္နယ္အသင္းအတြက္ ကစားခဲ့တဲ့ (၄)လနီးပါးအတြင္း ၿပိဳင္ပြဲစုံ (၁၆)ပြဲကစား၊ (၈)ဂိုးသြင္းယူခဲ့ၿပီး

အသင္းနဲ႔အတူ ဥ႐ုေဂြးအမွတ္ေပးဖလား၊ ခ်န္ပီယံရွစ္ရႈံးထြက္ဖလားေတြ ရယူႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ခ်န္ပီယံရွစ္ရႈံးထြက္ဖလားပြဲအျဖစ္ လီဗာပူးလ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ

ဆြာရက္ဇ္ (၂)ဂိုးသြင္းယူခဲ့ၿပီး ေနစီယြန္နယ္ကစားသမားဘ၀ ေနာက္ဆုံးအမွတ္တရအျဖစ္ ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲအၿပီးမွာ ဆြာရက္ဇ္က မ်က္ရည္ေတြနဲ႔အတူ အသင္းကို ႏႈတ္ဆက္ခဲ့သလို ေက်းဇူးတင္စကားေျပာခဲ့ပါတယ္။

ဆြာရက္ဇ္က “ဒီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာက မွန္ကန္တဲ့ ေျခလွမ္းျဖစ္ၿပီး လက္ရွိအခိုက္အတန႔္အတြက္

ဝမ္းေျမာက္မိတဲ့အျပင္ ဆုဖလားေအာင္ျမင္မႈနဲ႔ အဆုံးသတ္ႏိုင္ခဲ့လို႔လည္း ေက်နပ္မိပါတယ္။

ေနစီယြန္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္က စၿပီး အခုေနာက္ဆုံးရက္အထိ

ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္ ဥ႐ုေဂြးအသင္းတိုက္စစ္ကို ဦးေဆာင္ကစားသြားမွာျဖစ္ၿပီး

ေဘာလုံးသမားဘဝက အနားယူဖို႔အစီအစဥ္မရွိေသးဘဲ လာမယ့္ႏွစ္မွာ ေမဂ်ာလိဂ္ထိပ္သီး LA ဂလက္ဆီအသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။