ဘရာဇီးကလပ်ဂရီမီယိုအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး
ဆွာရက်ဇ်ဟာ ဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာသူတစ်ယောက်
ဖြစ်ပါတယ်။ သူ့အသက် ၉နှစ်အရွယ်မှာ လမ်းဘေး
တံမြက်စည်းလှဲတဲ့အလုပ်နဲ့ဝင်ငွေရှာခဲ့တာဖြစ်တယ်။
ဒီလိုအခြေအနေမျိုးမှာတောင် ဆွာရက်ဇ်က ဘောလုံးနဲ့
ပက်သတ်တဲ့လေ့ကျင့်မှုတွေအတွက် ဇွဲမလျှော့ခဲ့ပါဘူး။
အသက် ၁၄နှစ်အရွယ်မှာတော့ ဆိုဖီယာဆိုတဲ့ကောင်မလေး
တစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ
အရမ်းကိုရင်းနှီးခဲ့ပြီး ထူးခြားတဲ့ဆက်ဆံရေးရှိခဲ့ကြပါတယ်။
ဆိုဖီယာက ဆွာရက်ဇ်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်
ဖြစ်လာခဲ့ပါတယ်။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် သူမက
ဆွာရက်ဇ်ကိုကျောထောက်နောက်ခံပေးခဲ့တယ်။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်ဝေးကွာဖို့
အကြောင်းဖန်လာခဲ့တယ်၊ ဆိုဖီယာဟာ ၂၀၀၃ ခုနှစ်မှာ
စပိန်နိုင်ငံ ဘာစီလိုနာကိုပညာတော်သင်သွားဖို့ဖြစ်လာခဲ့သလို
ဒါက ဆွာရက်ဇ်ကို ဥရုဂွေးမှာထားခဲ့ရမယ့်အခြေအနေဖြစ်ခဲ့တာပါ။
အဲ့ဒီအချိန်နဲ့ပက်သတ်လို့ ဆွာရက်ဇ်က “ဆိုဖီယာ စပိန်ကို
ရောက်သွားတော့ ကျွန်တော်ဘောလုံးကစားတာကိုရပ်လိုက်တယ်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာဘဲ လှပတဲ့အားကစားအတွက် ကိုယ့်ကိုကိုယ်
မြုပ်နှံရတော့မယ်ဆိုတာသိလိုက်ရတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
အသက် ၁၆နှစ်မှာတော့ ဆွာရက်ဇ်ဟာ သူ့အစ်ကိုဆီက
ပိုက်ဆံတွေချေးပြီး ဆိုဖီယာနဲ့တွေ့ဆုံဖို့ ဘာစီလိုနာကိုခရီးထွက်ခဲ့ပြီး
စပိန်လေဆိပ်မှာခါးသီးတဲ့အတွေ့အကြုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
စပိန်လေဆိပ်မှာ ဖမ်းဆီးခံရသလို နာရီပေါင်းများစွာစစ်ဆေး
မေးမြန်းခံရပြီးနောက်လွတ်မြောက်လာခဲ့ပေမဲ့ ဆိုဖီယာကို
တွေ့ဆုံဖို့အတွက်မှန်ကန်တဲ့လိပ်စာမရှိခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ဘောလုံးကိုသာဦးစားပေးပြီးလေ့ကျင့်ခဲ့ပါတော့တယ်။
နယ်သာလန်ကလပ် ဂရိုနင်ဂျန်ကနေအစပြုနိုင်ခဲ့ပြီးနောက်
အရာအားလုံးကလမ်းကြောင်းမှန်ပေါ်ရောက်သွားပါတယ်။
ပုံပြင်တစ်ပုဒ်အဆုံးမှာတော့ သူကဂိုးသွင်းတိုင်း သူ့ဇနီးဆီကို
ချစ်ခြင်းမေတ္တာတွေအပ်နှင်းပြီး လက်ကိုနမ်းတဲ့ပုံစံနဲ့သာ
တစ်ချိန်လုံးအောင်ပွဲခံနေခဲ့တာဖြစ်တယ်။
zawgyi
ဆွာရက်ဇ်ဂိုးသွင်းပြီးတိုင်း ဘာကြောင့် သူ့လက်တွဲဖော်အတွက်သာအမြဲတမ်း အောင်ပွဲခံရတာလဲ