ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာပြဿနာကြောင့် အသင်းအတွက်သာမက နည်းပြကွန်တီအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်

စပါးအသင်းရဲ့ အဓိက,တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ

ဆွန်ဟောင်မင်ဟာ ဒဏ်ရာပြဿနာကြောင့်

ဖေဖော်ဝါရီလအထိအနားယူရမှာဖြစ်တဲ့အတွက်

အသင်းအတွက်သာမက နည်းပြကွန်တီအတွက်ပါ

ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းကို (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲ၊

ဒုတိယပိုင်း(၇၉)မိနစ်မှာ ဆွန်ဟောင်မင်ဟာ လူစားလဲခံခဲ့ရပြီး

ကွန်တီက ဒဏ်ရာကြောင့် လူစားလဲခဲ့တာမဟုတ်ဘူးလို့ဆိုခဲ့ပေမယ့်

ပွဲအပြီးနောက်နေ့မှာ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်

ဆွန်ဟောင်မင်ရဲ့ကြွက်သားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ဆွန်ဟောင်မင်အနေနဲ့ အခုဒဏ်ရာကြောင့် လာမယ့်ဖေဖော်ဝါရီလအထိ

အနားယူရတော့မှာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေအပြီးမှ စပါးအသင်းအတွက်

ပြန်ကစားနိုင်ဖို့ရှိနေပါပြီ။

ကွန်တီက “ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်က ဆွန်ဟောင်မင်နဲ့

လူးကပ်စ်မော်ရာတို့ကို လူစားလဲခဲ့ပြီး အဲဒါက ဒဏ်ရာကြောင့်မဟုတ်ဘဲ

လက်ကျန်(၁၅)မိနစ်မှာ သူတို့နှစ်ယောက် အနားရပါစေဆိုတဲ့သဘောနဲ့လူစားလဲခဲ့တာပါ။

ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ဆွန်ဟောင်မင်က

သူ့ခြေထောက်ကြွက်သားတွေနာကျင်နေတယ်လို့ဆိုခဲ့တာကြောင့်

Scan နဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာ

ဒဏ်ရာပြဿနာရှိနေတာကို တွေ့ခဲ့ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အခုဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ လိဂ်ဖလားဗိုလ်လုပွဲတက်ရေးအတွက်

ချယ်လ်ဆီးနဲ့ အရေးပါတဲ့ ဒုတိယအကျော့အိမ်ကွင်းပွဲအပြင်

အာဆင်နယ်၊ လက်စတာ၊ ချယ်လ်ဆီးတို့နဲ့ကစားမယ့်

ပရီးမီးယားလိဂ်ပွဲကျပ်တွေကိုလည်း လွဲချော်ဖို့ရှိနေပါပြီ။

ဒီရာသီမှာ စပါးအသင်းအတွက် (၂၅)ပွဲကစား၊ (၉)ဂိုးသွင်း၊

ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ထားသူ ဆွန်ဟောင်မင်ဟာ

လာမယ့်ဖေဖော်ဝါရီ(၉)ရက်မှာကစားမယ့်

ဆောက်သမ်တန်နဲ့ပွဲမှ ပြန်လည်ကစားနိုင်ဖို့ရှိနေပါတယ်။

zawgyi

ဆြန္ေဟာင္မင္ဟာ ဒဏ္ရာျပႆနာေၾကာင့္ အသင္းအတြက္သာမက နည္းျပကြန္တီအတြက္ပါ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္

စပါးအသင္းရဲ႕ အဓိက,တိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ

ဆြန္ေဟာင္မင္ဟာ ဒဏ္ရာျပႆနာေၾကာင့္

ေဖေဖာ္ဝါရီလအထိအနားယူရမွာျဖစ္တဲ့အတြက္

အသင္းအတြက္သာမက နည္းျပကြန္တီအတြက္ပါ

ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာခဲ့ရပါတယ္။

ခ်ယ္လ္ဆီးအသင္းကို (၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့လိဂ္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲ၊

ဒုတိယပိုင္း(၇၉)မိနစ္မွာ ဆြန္ေဟာင္မင္ဟာ လူစားလဲခံခဲ့ရၿပီး

ကြန္တီက ဒဏ္ရာေၾကာင့္ လူစားလဲခဲ့တာမဟုတ္ဘူးလို႔ဆိုခဲ့ေပမယ့္

ပြဲအၿပီးေနာက္ေန႔မွာ စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္

ဆြန္ေဟာင္မင္ရဲ႕ႂကြက္သားမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

ဆြန္ေဟာင္မင္အေနနဲ႔ အခုဒဏ္ရာေၾကာင့္ လာမယ့္ေဖေဖာ္ဝါရီလအထိ

အနားယူရေတာ့မွာျဖစ္ၿပီး ႏိုင္ငံတကာၿပိဳင္ပြဲေတြအၿပီးမွ စပါးအသင္းအတြက္

ျပန္ကစားႏိုင္ဖို႔ရွိေနပါၿပီ။

ကြန္တီက “ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ကြၽန္ေတာ္က ဆြန္ေဟာင္မင္နဲ႔

လူးကပ္စ္ေမာ္ရာတို႔ကို လူစားလဲခဲ့ၿပီး အဲဒါက ဒဏ္ရာေၾကာင့္မဟုတ္ဘဲ

လက္က်န္(၁၅)မိနစ္မွာ သူတို႔ႏွစ္ေယာက္ အနားရပါေစဆိုတဲ့သေဘာနဲ႔လူစားလဲခဲ့တာပါ။

ဒါေပမဲ့ ေနာက္တစ္ေန႔မွာပဲ ဆြန္ေဟာင္မင္က

သူ႔ေျခေထာက္ႂကြက္သားေတြနာက်င္ေနတယ္လို႔ဆိုခဲ့တာေၾကာင့္

Scan နဲ႔စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ

ဒဏ္ရာျပႆနာရွိေနတာကို ေတြ႕ခဲ့ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အခုဒဏ္ရာေၾကာင့္ ဆြန္ေဟာင္မင္ဟာ လိဂ္ဖလားဗိုလ္လုပြဲတက္ေရးအတြက္

ခ်ယ္လ္ဆီးနဲ႔ အေရးပါတဲ့ ဒုတိယအေက်ာ့အိမ္ကြင္းပြဲအျပင္

အာဆင္နယ္၊ လက္စတာ၊ ခ်ယ္လ္ဆီးတို႔နဲ႔ကစားမယ့္

ပရီးမီးယားလိဂ္ပြဲက်ပ္ေတြကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။

ဒီရာသီမွာ စပါးအသင္းအတြက္ (၂၅)ပြဲကစား၊ (၉)ဂိုးသြင္း၊

ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ထားသူ ဆြန္ေဟာင္မင္ဟာ

လာမယ့္ေဖေဖာ္ဝါရီ(၉)ရက္မွာကစားမယ့္

ေဆာက္သမ္တန္နဲ႔ပြဲမွ ျပန္လည္ကစားႏိုင္ဖို႔ရွိေနပါတယ္။