ဆွန်ဟောင်မင်ဟာ စပါးအသင်းနည်းပြသစ်(၃)ဦးရဲ့ ပွဲဦးထွက်ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့

စပါးအသင်းရဲ့ တောင်ကိုရီးယားနာမည်ကျော်တိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ

ဗွီတက်ဆီကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ Europa Conference League ပွဲမှာ

ဂိုးသွင်းယူခဲ့ပြီး နည်းပြကွန်တီအတွက်တာထွက်လှေအောင်စွမ်းဆောင်ခဲ့သလို

ထူးခြားတဲ့မှတ်တမ်းတစ်ခုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ

ဗွီတက်ဆီနဲ့ပွဲမှာ ပထမပိုင်း(၁၄)မိနစ်ကတည်းက အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်သလို

စပါးအသင်းနည်းပြသစ်(၃)ဦးရဲ့ပွဲဦးထွက်ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့

မှတ်တမ်းစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကို မော်ရင်ဟို  စတင်ကိုင်တွယ်ခဲ့တဲ့ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ

ဆွန်ဟောင်မင်ဟာ (၃၆)မိနစ်မှာ  ဂိုးသွင်းယူပြီး၊ မကြာသေးခင်က

နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတဲ့နူနိုဆန်တို

လက်ထက်မှာလည်း ပွဲဦးထွက်ဖြစ်တဲ့ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပွဲမန်စီးတီးနဲ့

ကစားခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့သလို အခု နည်းပြသစ်ကွန်တီရဲ့

စပါးအသင်းနည်းပြဘဝပထမဆုံးပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာပါ။

ကံမကေင်းတာကတော့ စပါးနည်းပြသစ်တွေရဲ့ပွဲဦးထွက်မှာ ဆွန်ဟောင်မင်

ဂိုးသွင်းခဲ့ပေမယ့် ကွန်တီမတိုင်ခင် မော်ရင်ဟို၊ နူနိုဆန်တိုတို့ဟာ စပါးအသင်းကို

ကြာကြာမကိုင်တွယ်ခဲ့ရဘဲ ကာလတိုအတွင်းမှာပဲ ရာထူးကအထုတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဆွန်ဟောင်မင်ဟာ နည်းပြပိုချက်တီနိုလက်ထက် သူ့ရဲ့စပါးအသင်း

ကစားသမားဘဝပွဲဦးထွက်မှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

စပါးအသင်းကို  ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုဟာ

၂၀၁၅၊ သြဂုတ်လတုန်းက လေဗာကူဆင်အသင်းဆီကနေ ဆွန်ဟောင်မင်ကို

အဲဒီအချိန်က အာရှကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့

ယူရိုသန်း(၃၀)နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဆန်းဒါးလန်းနဲ့

ပွဲဦးထွက်မှာဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကာရာဘတ်နဲ့ကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲမှာ

နှစ်ဂိုးသွင်းယူခဲ့သလို ပဲလေ့စ်နဲ့ပွဲမှာ သူ့ရဲ့ပရီးမီးယားလိဂ်ပထမဆုံး

ဂိုးသွင်းယူခဲ့ပါတယ်။ ဆွန်ဟောင်မင်အတွက် ထူးခြားတဲ့နောက်ထပ်

မှတ်တမ်းတစ်ခုက စပါးအသင်းရဲ့ကွင်းသစ်ဖွင့်ပွဲဖြစ်တဲ့ ၂၀၁၉၊ ဧပြီလတုန်းက

ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

zawgyi

ဆြန္ေဟာင္မင္ဟာ စပါးအသင္းနည္းျပသစ္(၃)ဦးရဲ႕ ပြဲဦးထြက္ပြဲတိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့

စပါးအသင္းရဲ႕ ေတာင္ကိုရီးယားနာမည္ေက်ာ္တိုက္စစ္ကစားသမားဆြန္ေဟာင္မင္ဟာ

ဗြီတက္ဆီကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ Europa Conference League ပြဲမွာ

ဂိုးသြင္းယူခဲ့ၿပီး နည္းျပကြန္တီအတြက္တာထြက္ေလွေအာင္စြမ္းေဆာင္ခဲ့သလို

ထူးျခားတဲ့မွတ္တမ္းတစ္ခုလည္းပိုင္ဆိုင္ခဲ့ပါတယ္။ ဆြန္ေဟာင္မင္ဟာ

ဗြီတက္ဆီနဲ႔ပြဲမွာ ပထမပိုင္း(၁၄)မိနစ္ကတည္းက အဖြင့္ဂိုးသြင္းယူခဲ့တာျဖစ္သလို

စပါးအသင္းနည္းျပသစ္(၃)ဦးရဲ႕ပြဲဦးထြက္ပြဲတိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့

မွတ္တမ္းစိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။ စပါးအသင္းကို ေမာ္ရင္ဟို

စတင္ကိုင္တြယ္ခဲ့တဲ့ဝက္စ္ဟမ္းအသင္းနဲ႔ပြဲမွာ ဆြန္ေဟာင္မင္ဟာ (၃၆)မိနစ္မွာ

ဂိုးသြင္းယူၿပီး၊ မၾကာေသးခင္ကနည္းျပရာထူးကေန အထုတ္ခံခဲ့ရတဲ့ႏူႏိုဆန္တို

လက္ထက္မွာလည္း ပြဲဦးထြက္ျဖစ္တဲ့ ဒီရာသီပရီးမီးယားလိဂ္အဖြင့္ပြဲမန္စီးတီးနဲ႔

ကစားခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူခဲ့သလို အခု နည္းျပသစ္ကြန္တီရဲ႕

စပါးအသင္းနည္းျပဘဝပထမဆုံးပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့တာပါ။

ကံမေကင္းတာကေတာ့ စပါးနည္းျပသစ္ေတြရဲ႕ပြဲဦးထြက္မွာ ဆြန္ေဟာင္မင္

ဂိုးသြင္းခဲ့ေပမယ့္ ကြန္တီမတိုင္ခင္ ေမာ္ရင္ဟို၊ ႏူႏိုဆန္တိုတို႔ဟာ စပါးအသင္းကို

ၾကာၾကာမကိုင္တြယ္ခဲ့ရဘဲ ကာလတိုအတြင္းမွာပဲ ရာထူးကအထုတ္ခံခဲ့ရပါတယ္။

ဒါေပမဲ့ ဆြန္ေဟာင္မင္ဟာ နည္းျပပိုခ်က္တီႏိုလက္ထက္ သူ႔ရဲ႕စပါးအသင္း

ကစားသမားဘဝပြဲဦးထြက္မွာေတာ့ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ စပါးအသင္းကို

၂၀၁၄ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိကိုင္တြယ္ခဲ့တဲ့ ပိုခ်က္တီႏိုဟာ

၂၀၁၅၊ ၾသဂုတ္လတုန္းက ေလဗာကူဆင္အသင္းဆီကေန ဆြန္ေဟာင္မင္ကို

အဲဒီအခ်ိန္က အာရွကစားသမားတစ္ဦးအတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့

ယူ႐ိုသန္း(၃၀)နဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ ဆန္းဒါးလန္းနဲ႔

ပြဲဦးထြက္မွာဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ကာရာဘတ္နဲ႔ကစားခဲ့တဲ့ယူ႐ိုပါလိဂ္ပြဲမွာ

ႏွစ္ဂိုးသြင္းယူခဲ့သလို ပဲေလ့စ္နဲ႔ပြဲမွာ သူ႔ရဲ႕ပရီးမီးယားလိဂ္ပထမဆုံး

ဂိုးသြင္းယူခဲ့ပါတယ္။ ဆြန္ေဟာင္မင္အတြက္ ထူးျခားတဲ့ေနာက္ထပ္

မွတ္တမ္းတစ္ခုက စပါးအသင္းရဲ႕ကြင္းသစ္ဖြင့္ပြဲျဖစ္တဲ့ ၂၀၁၉၊ ဧၿပီလတုန္းက

ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာပဲျဖစ္ပါတယ္။