ဆွန်ဟောင်မင်ကို သမက်တော်ချင်နေတဲ့ ကွန်တီ

ဆွန်ဟောင်မင်ဟာ သူ့သမီးအတွက် ရှာပေးချင်နေတဲ့ယောင်္ကျားမျိုး ဖြစ်တယ်လို့ စပါးနည်းပြကွန်တီ ကဖွင့်ဟ လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းသူစာရင်းမှာပါဝင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ

ဒီရာသီမှာ စပါးအတွက်ဂိုးပေါက်ပျောက်နေတာနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်မှုအပေါ် ကွန်တီကအခုလို တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၄)နေရာရပြီး စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရာမှာ

ဆွန်ဟောင်မင်ရဲ့သွင်းဂိုးတွေက အဓိက ကျခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ လည်း စပါးဟာ အာဆင်နယ်နဲ့ နှစ်မှတ်သာကွာပြီး အဆင့် ၃နေရာမှာရှိနေခဲ့တာပါ။

ဒါပေမယ့် တိုက်စစ်မှူး ဆွန်ဟောင်မင် ဂိုးမသွင်းနိုင်တာနဲ့ပတ်သက်ပြီး စပါးပရိသတ်တွေက စိုးရိမ်နေခဲ့ကြတာဖြစ်ပါတယ်။ နည်းပြ ကွန်တီကတော့ ဆွန်ဟောင်မင် ဂိုးမသွင်းနိုင်ပေမယ့် ပွဲစဉ်တိုင်းမှာ

အသင်းအတွက် အကောင်းဆုံး အခွင့်အရေး တွေကို ဖန်တီးပေးထားနိုင်တာကြောင့် စိုးရိမ်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ဟာ အသိဥာဏ် မြင့်မားပြီး ထူးချွန်သူတစ်ယောက်သလို

သူ့သမီးအတွက်ရှာပေးချင်နေတဲ့ ယောင်္ကျားကောင်းမျိုး ဖြစ်တယ်လို့ လည်းဖွင့်ဟသွားခဲ့တာပါ။ ပုဂ္ဂိလ်ရေးအရ ပြောမယ်ဆိုရင်လည်း သူအလွန်နှစ်သက်သူဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ နည်းပြကွန်တီပြောခဲ့သလိုပဲ

ဆွန်ဟောင်မင်ဟာ စပါးအတွက် ဂိုးမသွင်းနိုင်ပေမယ့် အနိုင်ဂိုးတွေ ဖန်တီးပေးထား နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နော်တင်ဟမ်နဲ့ပွဲမှာလည်း တွဲဖက်တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် တစ်ဂိုးဖန်တီးပေးထား နိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ဆြန္ေဟာင္မင္ဟာ သူ႔သမီးအတြက္ ရွာေပးခ်င္ေနတဲ့ေယာက်ၤားမ်ိဳး ျဖစ္တယ္လို႔ စပါးနည္းျပကြန္တီ ကဖြင့္ဟ လိုက္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းသူစာရင္းမွာပါဝင္ခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ

ဒီရာသီမွာ စပါးအတြက္ဂိုးေပါက္ေပ်ာက္ေနတာနဲ႔ပတ္သက္ၿပီး မီဒီယာေတြရဲ႕ေမးျမန္မႈအေပၚ ကြန္တီကအခုလို တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္(၄)ေနရာရၿပီး စပါးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ရာမွာ

ဆြန္ေဟာင္မင္ရဲ႕သြင္းဂိုးေတြက အဓိက က်ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိ ပရီးမီးယားလိဂ္ပြဲစဥ္(၄)အၿပီးမွာ လည္း စပါးဟာ အာဆင္နယ္နဲ႔ ႏွစ္မွတ္သာကြာၿပီး အဆင့္ ၃ေနရာမွာရွိေနခဲ့တာပါ။

ဒါေပမယ့္ တိုက္စစ္မႉး ဆြန္ေဟာင္မင္ ဂိုးမသြင္းႏိုင္တာနဲ႔ပတ္သက္ၿပီး စပါးပရိသတ္ေတြက စိုးရိမ္ေနခဲ့ၾကတာျဖစ္ပါတယ္။ နည္းျပ ကြန္တီကေတာ့ ဆြန္ေဟာင္မင္ ဂိုးမသြင္းႏိုင္ေပမယ့္ ပြဲစဥ္တိုင္းမွာ

အသင္းအတြက္ အေကာင္းဆုံး အခြင့္အေရး ေတြကို ဖန္တီးေပးထားႏိုင္တာေၾကာင့္ စိုးရိမ္မႈမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဆြန္ေဟာင္မင္ဟာ အသိဥာဏ္ ျမင့္မားၿပီး ထူးခြၽန္သူတစ္ေယာက္သလို

သူ႔သမီးအတြက္ရွာေပးခ်င္ေနတဲ့ ေယာက်ၤားေကာင္းမ်ိဳး ျဖစ္တယ္လို႔ လည္းဖြင့္ဟသြားခဲ့တာပါ။ ပုဂၢိလ္ေရးအရ ေျပာမယ္ဆိုရင္လည္း သူအလြန္ႏွစ္သက္သူျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။ နည္းျပကြန္တီေျပာခဲ့သလိုပဲ

ဆြန္ေဟာင္မင္ဟာ စပါးအတြက္ ဂိုးမသြင္းႏိုင္ေပမယ့္ အႏိုင္ဂိုးေတြ ဖန္တီးေပးထား ႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ေနာ္တင္ဟမ္နဲ႔ပြဲမွာလည္း တြဲဖက္တိုက္စစ္မႉး ဟယ္ရီကိန္းအတြက္ တစ္ဂိုးဖန္တီးေပးထား ႏိုင္ခဲ့တာျဖစ္ပါတယ္။