ဆွန်ဟောင်မင်ကိုခေါ်ယူဖို့ပျက်ကွက်ခဲ့တာဟာ သူ့ဘ၀တစ်လျှောက်လုံးမှာ အကြီးမားဆုံးအမှားတွေထဲကတစ်ခုဖြစ်တယ်လို့ ကလော့ပ် ဝန်ခံ

လီဗာပူးနည်းပြကလော့ပ်က ဆွန်ဟောင်မင်ကိုမခေါ်ယူခဲ့တာဟာ သူ့ဘ၀တစ်လျှောက် အကြီးမားဆုံးအမှားတစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

၂၀၁၃ မှာ ကလော့ပ်က ဒေါ့တ်မန်အသင်းကိုကိုင်တွယ်နေခဲ့ပြီး တောင်ကိုရီးယားသားက အသင်းသစ်ရှာဖွေနေ ခဲ့ချိန်ဖြစ်တယ်။ ဒီအချိန်မှာ

ဆွန်ဟောင်မင်က ဒေါ့တ်မန်နဲ့ လေဗာကူဆင်ကြားမှာရွေး ချယ်မှုပြုလုပ်ဖို့စဉ်းစားနေခဲ့တာပါ။ ကလော့ပ်ဘက်က လက်လျှော့ခဲ့တဲ့အတွက်

ဆွန်ဟောင်မင်ဟာ လေဗာကူဆင်ကို ရွေးချယ်သွားခဲ့ပါတယ်။ ဒေါ့တ်မန်ကို ငြင်းပယ်ခဲ့တဲ့အပေါ် တောင်ကိုရီးယားကြယ်ပွင့်က “ကျွန်တော်

ဘွန်ဒက်စ်လီဂါမှာ ဆက်နေဖို့ဆန္ဒရှိခဲ့တယ်။ လေဗာကူဆင်နဲ့ ဒေါ့တ်မန်က ကျွန်တော့်ကိုအလိုရှိခဲ့တယ်။ နှစ်သင်းစလုံးချန်ပီယံလိဂ်ကစားနေပေမဲ့

ဒေါ့တ်မန်ကအလှည့်ကျစနစ်ကိုပိုသုံး မယ်လို့ယူဆခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ လေဗာကူဆင်ကိုရွေးချယ်ခဲ့တာပါ။ ကျွန်တော့်အသက်အရွယ်မှာ ပုံမှန်ကစားခွင့်ရဖို့ကအရမ်းအရေးကြီးပါတယ်” လို့

ဖွင့်ဟခဲ့ဖူးပါတယ်။ လေဗာကူဆင်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ၂၀၁၅မှာတော့ စပါးကို ပေါင် ၂၂သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

“ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးအမှားတစ်ခုကတော့ သူ့ကိုလက်မှတ်မထိုးခဲ့တာပါ။ ထူးချွန်တဲ့ကစားသမား။ ကမ္ဘာ့အဆင့်မီကစားသမားဖြစ်ပြီး

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်။ ဟုတ်တယ်…ဒီအတွက်ဂုဏ်ယူရမယ်” လို့ လီဗာပူးနည်းပြကလော့ပ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးကို မာနေးစွန့်ခွာချိန်မှာ ဆွန်ဟောင်မင်ကမထင်မှတ်တဲ့ အနေအထားနဲ့ အန်ဖီးလ်ရောက်လာဖို့ရှိခဲ့ပေမဲ့ စပါးဘက်က သူ့ကို ၂၀၂၁ ခုနှစ်

ဇူလိုင်လအတွင်းမှာ ကာလရှည်စာချုပ်သစ် ချုပ်ဆိုထားတာဖြစ်သလို ရောင်းချဖို့အတွက် စိတ်အားထက်သန်ခြင်းမရှိခဲ့ပါဘူး။

(Zawgyi)

ဆြန္ေဟာင္မင္ကိုေခၚယူဖို႔ပ်က္ကြက္ခဲ့တာဟာ သူ႔ဘ၀တစ္ေလွ်ာက္လုံးမွာ အႀကီးမားဆုံးအမွားေတြထဲကတစ္ခုျဖစ္တယ္လို႔ ကေလာ့ပ္ ဝန္ခံ

လီဗာပူးနည္းျပကေလာ့ပ္က ဆြန္ေဟာင္မင္ကိုမေခၚယူခဲ့တာဟာ သူ႔ဘ၀တစ္ေလွ်ာက္ အႀကီးမားဆုံးအမွားတစ္ခုျဖစ္ခဲ့တယ္လို႔ ဝန္ခံသြားပါတယ္။

၂၀၁၃ မွာ ကေလာ့ပ္က ေဒါ့တ္မန္အသင္းကိုကိုင္တြယ္ေနခဲ့ၿပီး ေတာင္ကိုရီးယားသားက အသင္းသစ္ရွာေဖြေန ခဲ့ခ်ိန္ျဖစ္တယ္။ ဒီအခ်ိန္မွာ ဆြန္ေဟာင္မင္က ေဒါ့တ္မန္နဲ႔

ေလဗာကူဆင္ၾကားမွာေ႐ြး ခ်ယ္မႈျပဳလုပ္ဖို႔စဥ္းစားေနခဲ့တာပါ။ ကေလာ့ပ္ဘက္က လက္ေလွ်ာ့ခဲ့တဲ့အတြက္ ဆြန္ေဟာင္မင္ဟာ ေလဗာကူဆင္ကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။

ေဒါ့တ္မန္ကို ျငင္းပယ္ခဲ့တဲ့အေပၚ ေတာင္ကိုရီးယားၾကယ္ပြင့္က “ကြၽန္ေတာ္ ဘြန္ဒက္စ္လီဂါမွာ ဆက္ေနဖို႔ဆႏၵရွိခဲ့တယ္။ ေလဗာကူဆင္နဲ႔

ေဒါ့တ္မန္က ကြၽန္ေတာ့္ကိုအလိုရွိခဲ့တယ္။ ႏွစ္သင္းစလုံးခ်န္ပီယံလိဂ္ကစားေနေပမဲ့ ေဒါ့တ္မန္ကအလွည့္က်စနစ္ကိုပိုသုံး မယ္လို႔ယူဆခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ ေလဗာကူဆင္ကိုေ႐ြးခ်ယ္ခဲ့တာပါ။ ကြၽန္ေတာ့္အသက္အ႐ြယ္မွာ ပုံမွန္ကစားခြင့္ရဖို႔ကအရမ္းအေရးႀကီးပါတယ္” လို႔ ဖြင့္ဟခဲ့ဖူးပါတယ္။

ေလဗာကူဆင္နဲ႔အတူေျခစြမ္းျပႏိုင္ခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ ၂၀၁၅မွာေတာ့ စပါးကို ေပါင္ ၂၂သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္။

“ကြၽန္ေတာ့္ဘ၀ရဲ႕အႀကီးမားဆုံးအမွားတစ္ခုကေတာ့ သူ႔ကိုလက္မွတ္မထိုးခဲ့တာပါ။ ထူးခြၽန္တဲ့ကစားသမား။ ကမာၻ႔အဆင့္မီကစားသမားျဖစ္ၿပီး

ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးေတြထဲကတစ္ေယာက္ျဖစ္တယ္။ ဟုတ္တယ္…ဒီအတြက္ဂုဏ္ယူရမယ္” လို႔ လီဗာပူးနည္းျပကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

လီဗာပူးကို မာေနးစြန႔္ခြာခ်ိန္မွာ ဆြန္ေဟာင္မင္ကမထင္မွတ္တဲ့ အေနအထားနဲ႔ အန္ဖီးလ္ေရာက္လာဖို႔ရွိခဲ့ေပမဲ့ စပါးဘက္က သူ႔ကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လအတြင္းမွာ

ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာျဖစ္သလို ေရာင္းခ်ဖို႔အ တြက္စိတ္အားထက္သန္ျခင္းမရွိခဲ့ပါဘူး။