ဆွန်နဲ့ပတ်သက်လို့ နောဝစ်ချ်ဂိုးသမား ခရူးလ်ကို မင်းဘာလဲဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဒိုင်ယာ

ရာသီပိတ်ပွဲစဉ်အဖြစ် နောဝစ်ချ်ကို

စပါးအသင်း ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ
စပါးအသင်းနောက်ခံလူ ဒိုင်ယာဟာ
အသင်းဖော် တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့
ထိုးဖောက်ကန်သွင်းမှုတွေကို တားဆီးနေတဲ့
နောဝစ်ချ်ဂိုးသမား တင်မ်ခရူးလ်ကို

စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။
စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အာဆင်နယ်ရဲ့ဖိအားကြောင့်
နောဝစ်ချ်နဲ့ပွဲမှာ ရလဒ်ကောင်းရဖို့
လိုအပ်ခဲ့ပြီး နောဝစ်ချ်အနေနဲ့

၅ဂိုးအထိ ပေးခဲ့ရပေမယ့် တင်မ်ခရူးလ်ကတော့
ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဖြစ်ဖို့
ကြိုးစားနေတဲ့ ဆွန်ဟောင်မင်ရဲ့
ကန်သွင်းချက်တွေကို လက်စွမ်းပြကာကွယ်ခဲ့တာပါ။
အဲဒီမှာ တောင်ကိုရီးယားလက်ရွေးစင်

ဆွန်ဟောင်မင်ရဲ့ကန်သွင်းချက်ကို
ခရူးလ် တားဆီးခဲ့ပြီးနောက်
ဒိုင်ယာက သူ့နား ကပ်သွားကာ
မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကို ကင်မရာတွေက

အမိအရ ရိုက်ယူနိုင်ခဲ့ပြီး
ဒိုင်ယာ ဘာပြောခဲ့လဲဆိုတာကိုပါ ကြားခဲ့ရပါတယ်။
အဲဒီမှာ ဒိုင်ယာက စိတ်အိုက်နေတဲ့ပုံစံနဲ့
ခရူးလ်ကို ”ဆာလာက မင်းကို
ဘာတွေ ပေးထားလို့လဲသားကြီး”လို့ ပြောခဲ့တာပါ။

တိုက်ဆိုင်မှုပဲလားတော့မသိ၊
အဲဒီနောက်မှာတော့ ဆွန်ဟောင်မင်က
၂ဂိုးဆက်တိုက်သွင်းယူခဲ့လို့
သွင်းဂိုး ၂၃ဂိုးနဲ့ လီဗာပူးတိုက်စစ်မှူး
ဆာလာနဲ့အတူ ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

”ကျွန်တော်မြင်ဖူးသမျှထဲမှာတော့
ရယ်စရာအကောင်းဆုံးဖြစ်ရပ်ပဲ။
တစ်သင်းလုံးက ဆွန်ကို ဂိုးသွင်းစေချင်ကြပါတယ်”
”ဒိုင်ယာက ဆွန်ကို ဂိုးသွင်းဘုရင်
အရမ်းဖြစ်စေချင်တယ်။

ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲဆိုတာ”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။

Zawgyi

ဆြန္နဲ႔ပတ္သက္လုိ႔ ေနာ၀စ္ခ်္ဂိုးသမား ခရူးလ္ကို မင္းဘာလဲဆိုၿပီး စိတ္ဓာတ္စစ္ဆင္ေရးလုပ္ခဲ့တဲ့ ဒိုင္ယာ
ရာသီပိတ္ပြဲစဥ္အျဖစ္ ေနာ၀စ္ခ်္ကို
စပါးအသင္း ၅-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ
စပါးအသင္းေနာက္ခံလူ ဒိုင္ယာဟာ
အသင္းေဖာ္ တုိက္စစ္မွဴး ဆြန္ေဟာင္မင္ရဲ႕

ထိုးေဖာက္ကန္သြင္းမႈေတြကို တားဆီးေနတဲ့
ေနာ၀စ္ခ်္ဂိုးသမား တင္မ္ခရူးလ္ကို
စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ခဲ့ပါတယ္။
စပါးဟာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္
အာဆင္နယ္ရဲ႕ဖိအားေၾကာင့္

ေနာ၀စ္ခ်္နဲ႔ပြဲမွာ ရလဒ္ေကာင္းရဖုိ႔
လုိအပ္ခဲ့ၿပီး ေနာ၀စ္ခ်္အေနနဲ႔
၅ဂိုးအထိ ေပးခဲ့ရေပမယ့္ တင္မ္ခရူးလ္ကေတာ့
ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ျဖစ္ဖို႔
ႀကိဳးစားေနတဲ့ ဆြန္ေဟာင္မင္ရဲ႕

ကန္သြင္းခ်က္ေတြကို လက္စြမ္းျပကာကြယ္ခဲ့တာပါ။
အဲဒီမွာ ေတာင္ကိုရီးယားလက္ေရြးစင္
ဆြန္ေဟာင္မင္ရဲ႕ကန္သြင္းခ်က္ကို
ခရူးလ္ တားဆီးခဲ့ၿပီးေနာက္
ဒုိင္ယာက သူ႕နား ကပ္သြားကာ

ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။
အဲဒီျဖစ္ရပ္ကို ကင္မရာေတြက
အမိအရ ရုိက္ယူႏိုင္ခဲ့ၿပီး
ဒိုင္ယာ ဘာေျပာခဲ့လဲဆုိတာကိုပါ ၾကားခဲ့ရပါတယ္။
အဲဒီမွာ ဒုိင္ယာက စိတ္အုိက္ေနတဲ့ပုံစံနဲ႔

ခရူးလ္ကို ”ဆာလာက မင္းကို
ဘာေတြ ေပးထားလုိ႔လဲသားႀကီး”လုိ႔ ေျပာခဲ့တာပါ။
တုိက္ဆုိင္မႈပဲလားေတာ့မသိ၊
အဲဒီေနာက္မွာေတာ့ ဆြန္ေဟာင္မင္က
၂ဂိုးဆက္တုိက္သြင္းယူခဲ့လုိ႔

သြင္းဂိုး ၂၃ဂိုးနဲ႔ လီဗာပူးတုိက္စစ္မွဴး
ဆာလာနဲ႔အတူ ပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။
”ကၽြန္ေတာ္ျမင္ဖူးသမွ်ထဲမွာေတာ့
ရယ္စရာအေကာင္းဆုံးျဖစ္ရပ္ပဲ။
တစ္သင္းလုံးက ဆြန္ကို ဂုိးသြင္းေစခ်င္ၾကပါတယ္”

”ဒုိင္ယာက ဆြန္ကို ဂိုးသြင္းဘုရင္
အရမ္းျဖစ္ေစခ်င္တယ္။
ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းလိုက္လဲဆုိတာ”လုိ႔
ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ပါတယ္။