ဆွစ်ဇာလန်ဘက်ကို ပင်နယ်တီမဝင်ခဲ့တာတွေက သူ့ကို တစ်သက်လုံးနာကျင်စေလိမ့်မယ်လို့ ဂျော်ဂျင်ညို ဝန်ခံ

အီတလီအသင်းကွင်းလယ်လူ ဂျော်ဂျင်ညိုက ကမ္ဘာ့ဖလားခြေစစ်ပွဲ

အုပ်စုတွင်းမှာ ဆွစ်ဇာလန်ဘက်ကို ပင်နယ်တီတွေမဝင်ခဲ့မှုအပေါ်
ပြန်လည်စဉ်းစားတိုင်း နာကျင်နေရဆဲဖြစ်သလို သူ့ကို တစ်သက်လုံး
နာကျင်စေလိမ့်မယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။
အီတလီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
ပလေးအော့ဖ် ဆီမီးဖိုင်နယ်အဆင့်မှာ မက်ဆီဒိုးနီးယားကို

ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့
ထပ်မံလွဲချော်ခဲ့ရပြီး အီတလီအနေနဲ့ အနည်းဆုံးတော့
၁၂နှစ်ဆက် ကမ္ဘာ့ဖလားပွဲတွေနဲ့ လွဲချော်ရတော့မှာဖြစ်ပါတယ်။
အုပ်စု C မှာ ဆွစ်ဇာလန်အသင်းရဲ့နောက် ၂ မှတ်အကွာနဲ့
အုပ်စုဒုတိယပဲ ရခဲ့တဲ့ အီတလီဟာ

နောက်ဆုံး ၅ပွဲမှာ ၄ပွဲအထိ သရေကျခဲ့ပါတယ်။
အဲဒီမှာ အရေးပါတဲ့ဖြစ်ရပ်တွေအဖြစ် ဆွစ်ဇာလန်နဲ့
ကစားခဲ့တဲ့ ၂ပွဲမှာ အီတလီအသင်းကွင်းလယ်လူ
ဂျော်ဂျင်ညို ပင်နယ်တီ ၂ကြိမ် မဝင်ခဲ့တာပဲဖြစ်ပြီး
တကယ်လို့ အဲဒီ ၂လုံးထဲက တစ်လုံးသာဝင်ခဲ့မယ်ဆိုရင်တောင်

အီတလီဟာ ဆွစ်ဇာလန်ကို ကျော်ဖြတ်ကာ
အုပ်စုပထမအဖြစ် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်နေမှာဖြစ်ပါတယ်။
”ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ရှင်းပြဖို့ခက်ပါတယ်။
ကျွန်တော်တို့အသင်း အခွင့်အရေးပိုင်းဖန်တီးမှု
အားနည်းခဲ့တယ်လို့ မထင်ပါဘူး။

ကျွန်တော်တို့အသင်းဟာ ပွဲတွေမှာ ပြိုင်ဘက်ကို
လွှမ်းမိုးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း
အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့
ကံမကောင်းစွာနဲ့ပဲ အဲဒီအခွင့်အရေးတွေကို
ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။

အခုချိန်အထိ ပင်နယ်တီလွဲခဲ့တဲ့အကြောင်းတွေ
စိတ်ထဲ ပြန်ပြန်ဝင်လာပြီး အဲဒီလိုတွေးမိတိုင်းလည်း နာကျင်ရပါတယ်။
ပြီးတော့ အဲဒီလိုပင်နယ်တီလွဲချော်မှုတွေက
ကျွန်တော့်ဘဝတစ်လျှောက်လုံး နာကျင်စေပါလိမ့်မယ်။
ပင်နယ်တီက ၂ခါတောင် ကန်ခွင့်ရခဲ့တာဖြစ်ပြီး

ကိုယ့်နိုင်ငံအတွက် မလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်”လို့ ဂျော်ဂျင်ညိုက ပြောပါတယ်။

Zawgyi

ဆြစ္ဇာလန္ဘက္ကို ပင္နယ္တီမ၀င္ခဲ့တာေတြက သူ႕ကို တစ္သက္လုံးနာက်င္ေစလိမ့္မယ္လုိ႔ ေဂ်ာ္ဂ်င္ညိဳ ၀န္ခံ

အီတလီအသင္းကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက ကမၻာ့ဖလားေျခစစ္ပြဲ
အုပ္စုတြင္းမွာ ဆြစ္ဇာလန္ဘက္ကို ပင္နယ္တီေတြမ၀င္ခဲ့မႈအေပၚ
ျပန္လည္စဥ္းစားတုိင္း နာက်င္ေနရဆဲျဖစ္သလုိ သူ႕ကို တစ္သက္လုံး
နာက်င္ေစလိမ့္မယ္လုိ႔ ဖြင့္ဟ၀န္ခံသြားပါတယ္။
အီတလီအသင္းဟာ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ

ပေလးေအာ့ဖ္ ဆီမီးဖိုင္နယ္အဆင့္မွာ မက္ဆီဒိုးနီးယားကို
၀-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ကမၻာ့ဖလားၿပိဳင္ပြဲနဲ႔
ထပ္မံလြဲေခ်ာ္ခဲ့ရၿပီး အီတလီအေနနဲ႔ အနည္းဆုံးေတာ့
၁၂ႏွစ္ဆက္ ကမၻာ့ဖလားပြဲေတြနဲ႔ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
အုပ္စု C မွာ ဆြစ္ဇာလန္အသင္းရဲ႕ေနာက္ ၂ မွတ္အကြာနဲ႔

အုပ္စုဒုတိယပဲ ရခဲ့တဲ့ အီတလီဟာ
ေနာက္ဆုံး ၅ပြဲမွာ ၄ပြဲအထိ သေရက်ခဲ့ပါတယ္။
အဲဒီမွာ အေရးပါတဲ့ျဖစ္ရပ္ေတြအျဖစ္ ဆြစ္ဇာလန္နဲ႔
ကစားခဲ့တဲ့ ၂ပြဲမွာ အီတလီအသင္းကြင္းလယ္လူ
ေဂ်ာ္ဂ်င္ညိဳ ပင္နယ္တီ ၂ႀကိမ္ မ၀င္ခဲ့တာပဲျဖစ္ၿပီး

တကယ္လုိ႔ အဲဒီ ၂လုံးထဲက တစ္လုံးသာ၀င္ခဲ့မယ္ဆိုရင္ေတာင္
အီတလီဟာ ဆြစ္ဇာလန္ကို ေက်ာ္ျဖတ္ကာ
အုပ္စုပထမအျဖစ္ တုိက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ေနမွာျဖစ္ပါတယ္။
”ဘာေတြျဖစ္ပ်က္ခဲ့လဲဆုိတာ ရွင္းျပဖုိ႔ခက္ပါတယ္။
ကၽြန္ေတာ္တို႔အသင္း အခြင့္အေရးပိုင္းဖန္တီးမႈ

အားနည္းခဲ့တယ္လုိ႔ မထင္ပါဘူး။
ကၽြန္ေတာ္တို႔အသင္းဟာ ပြဲေတြမွာ ၿပိဳင္ဘက္ကို
လႊမ္းမုိးကစားႏိုင္ခဲ့ၿပီး အခြင့္္အေရးေတြလည္း
အမ်ားႀကီးဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့
ကံမေကာင္းစြာနဲ႔ပဲ အဲဒီအခြင့္အေရးေတြကို

ဂိုးအျဖစ္ မဖန္တီးႏိုင္ခဲ့ပါဘူး။
အခုခ်ိန္အထိ ပင္နယ္တီလြဲခဲ့တဲ့အေၾကာင္းေတြ
စိတ္ထဲ ျပန္ျပန္၀င္လာၿပီး အဲဒီလုိေတြးမိတုိင္းလည္း နာက်င္ရပါတယ္။
ၿပီးေတာ့ အဲဒီလုိပင္နယ္တီလြဲေခ်ာ္မႈေတြက
ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္လုံး နာက်င္ေစပါလိမ့္မယ္။

ပင္နယ္တီက ၂ခါေတာင္ ကန္ခြင့္ရခဲ့တာျဖစ္ၿပီး
ကုိယ့္ႏိုင္ငံအတြက္ မလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္”လုိ႔ ေဂ်ာ္ဂ်င္ညိဳက ေျပာပါတယ္။