
ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ဘက်က ဆွစ်ဇာလန်ပွဲစဉ်မှာ
ရော်နယ်ဒိုကိုအရန်ခုံထိုင်ခိုင်းခဲ့တာနဲ့ပတ်သတ်လို့ အမြင်မျိုးမျိုး
ရှိနေကြပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေကြားမှာတော့ ဒီကိစ္စက
ပြဿနာတစ်ရပ်မဟုတ်သလို ဆွစ်ဇာလန်ဘက်ကိုဟက်ထရစ်ဂိုးသွင်းခဲ့တဲ့
ဂွန်ကာလိုရာမို့စ်ကိုယ်တိုင်က လာမယ့်ပွဲမှာဘယ်သူပဲပွဲကစားခွင့်ရပါစေ
အသင်းအနိုင်ရဖို့ကအဓိကပဲလို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုအရန်ခုံထိုင်ရချိန်မှာ
ရာမို့စ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပထမဆုံးဟက်ထရစ်ရှင်
ဖြစ်ခဲ့တာကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။
ရာမို့စ်က “အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်။
လာမယ့်ပွဲမှာ ကစားခွင့်ရမလားဆိုတာက ကျွန်တော့်အလုပ်မဟုတ်ပါဘူး။
အကောင်းဆုံးကြိုးစားထားရမယ်။ ပြီးရင်တော့ ဘာဆက်ဖြစ်မလဲ
ကြည့်ရတာပေါ့။ ရော်နယ်ဒိုဟာ ကျွန်တော်အပါအဝင်လူတိုင်းနဲ့
စကားပြောခဲ့ပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့
အမြဲတမ်းကူညီဖို့ကြိုးစားနေပါတယ်။ ကျွန်တော့်ကိုလည်း
အများကြီးကူညီပေးခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အုပ်စုပွဲစဉ်
၃ပွဲမှာ ရော်နယ်ဒိုရဲ့တွဲဖက်တိုက်စစ်မှူးအဖြစ်ပါဝင်ကစားခဲ့တဲ့
ဂျာအိုဖိလစ်က “အရေးကြီးတာက စည်းလုံးမှုရှိဖို့ပါပဲ။
ရော်နယ်ဒိုပါရင်လည်း အသင်းကအကောင်းဆုံးကစားနိုင်ပါတယ်။
ပွဲစကတည်းကအကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲရခဲ့ပါတယ်” လို့
ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီသက်တော်ရှည်အဖြစ်ရှိနေတဲ့
ပီပီက “အသင်းက အရေးကြီးဆုံးဆိုတာ သူသိပါတယ်။
နည်းပြရဲ့ရွေးချယ်မှုဖြစ်ပြီး သူဒါကိုလေးစားရမှာပါ။
ဘောလုံးမှာက အရည်အသွေးတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။
ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်” လို့
ဆိုခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တွေကြားမှာတော့ ရော်နယ်ဒို
အရန်ခုံထိုင်ခဲ့ရတဲ့ကိစ္စဟာပြဿနာတစ်ခုမဟုတ်ဘူးလို့ယူဆရပါတယ်။
zawgyi
ဆြစ္ဇာလန္နဲ႔ပြဲအၿပီးမွာ ေရာ္နယ္ဒိုအရန္ခုံထိုင္ရတဲ့ကိစၥဘာျပႆနာမွမရွိခဲ့ဘူးလို႔ အသင္းေဖာ္ေတြ အသိေပးေျပာဆိုလာ
ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ဘက္က ဆြစ္ဇာလန္ပြဲစဥ္မွာ
ေရာ္နယ္ဒိုကိုအရန္ခုံထိုင္ခိုင္းခဲ့တာနဲ႔ပတ္သတ္လို႔ အျမင္မ်ိဳးမ်ိဳး
ရွိေနၾကပါတယ္။ ဒါေပမဲ့ အသင္းေဖာ္ေတြၾကားမွာေတာ့ ဒီကိစၥက
ျပႆနာတစ္ရပ္မဟုတ္သလို ဆြစ္ဇာလန္ဘက္ကိုဟက္ထရစ္ဂိုးသြင္းခဲ့တဲ့
ဂြန္ကာလိုရာမို႔စ္ကိုယ္တိုင္က လာမယ့္ပြဲမွာဘယ္သူပဲပြဲကစားခြင့္ရပါေစ
အသင္းအႏိုင္ရဖို႔ကအဓိကပဲလို႔ ဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုအရန္ခုံထိုင္ရခ်ိန္မွာ
ရာမို႔စ္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ပထမဆုံးဟက္ထရစ္ရွင္
ျဖစ္ခဲ့တာကလည္း စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။
ရာမို႔စ္က “အျဖစ္အပ်က္ေတြကျမန္ဆန္လြန္းတယ္။
လာမယ့္ပြဲမွာ ကစားခြင့္ရမလားဆိုတာက ကြၽန္ေတာ့္အလုပ္မဟုတ္ပါဘူး။
အေကာင္းဆုံးႀကိဳးစားထားရမယ္။ ၿပီးရင္ေတာ့ ဘာဆက္ျဖစ္မလဲ
ၾကည့္ရတာေပါ့။ ေရာ္နယ္ဒိုဟာ ကြၽန္ေတာ္အပါအဝင္လူတိုင္းနဲ႔
စကားေျပာခဲ့ပါတယ္။ အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔
အၿမဲတမ္းကူညီဖို႔ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ့္ကိုလည္း
အမ်ားႀကီးကူညီေပးခဲ့တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ အုပ္စုပြဲစဥ္
၃ပြဲမွာ ေရာ္နယ္ဒိုရဲ႕တြဲဖက္တိုက္စစ္မႉးအျဖစ္ပါဝင္ကစားခဲ့တဲ့
ဂ်ာအိုဖိလစ္က “အေရးႀကီးတာက စည္းလုံးမႈရွိဖို႔ပါပဲ။
ေရာ္နယ္ဒိုပါရင္လည္း အသင္းကအေကာင္းဆုံးကစားႏိုင္ပါတယ္။
ပြဲစကတည္းကအေကာင္းဆုံးလုပ္ႏိုင္ခဲ့ၿပီး ျပည့္စုံတဲ့ႏိုင္ပြဲတစ္ပြဲရခဲ့ပါတယ္” လို႔
ဖြင့္ဟခဲ့ပါတယ္။ ေရာ္နယ္ဒိုနဲ႔အတူ ေပၚတူဂီသက္ေတာ္ရွည္အျဖစ္ရွိေနတဲ့
ပီပီက “အသင္းက အေရးႀကီးဆုံးဆိုတာ သူသိပါတယ္။
နည္းျပရဲ႕ေ႐ြးခ်ယ္မႈျဖစ္ၿပီး သူဒါကိုေလးစားရမွာပါ။
ေဘာလုံးမွာက အရည္အေသြးတစ္ခုတည္းနဲ႔တင္ မလုံေလာက္ပါဘူး။
ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲအတြက္ အေကာင္းဆုံးျပင္ဆင္ထားဖို႔လိုပါတယ္” လို႔
ဆိုခဲ့ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ေတြၾကားမွာေတာ့ ေရာ္နယ္ဒို
အရန္ခုံထိုင္ခဲ့ရတဲ့ကိစၥဟာျပႆနာတစ္ခုမဟုတ္ဘူးလို႔ယူဆရပါတယ္။




