ဆွစ်ဇာလန်နဲ့ပွဲမှာ နေမာကိုယ်ပွားက ကွင်းထဲမှာတစ်ချိန်လုံးလိုက်မွှေခဲ့တယ်

ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာတော့ နေမာကဒဏ်ရာကြောင့်မပါဝင်နိုင်ပေမဲ့ သူ့ရဲ့ကိုယ်ပွားကိုတော့ကွင်းထဲအရောက်လွှတ်ထားခဲ့ပုံရပါတယ်။ ဒီကိုယ်ပွားကတော့ ပွဲကြည့်စင်ပေါ်ကပရိသတ်တွေနဲ့

ဆယ်လ်ဖီဆွဲခဲ့တဲ့အပြင် လုံခြုံရေးတွေကိုပါအရူးလုပ်ပြီး ကွင်းထဲအထိဝင်ရောက်ခဲ့တာဖြစ်တယ်။ ပရိသတ်တွေဘက်က ပီအက်စ်ဂျီကြယ်ပွင့်အထင်နဲ့စိတ်လှုပ်ရှားလွန်းပြီး

ဓာတ်ပုံတွေရိုက်ခဲ့ကြတာကိုတော့အပြစ်မဆိုသာပါဘူး။ ဒီကောင်လေးက နေမာနဲ့အတော်ကို ဆင်တူနေခဲ့ပြီး တကယ့် နေမာအစစ်ကတော့သူ့ရဲ့ခြေချင်းဝတ်ကို ဘွတ်ဖိနပ်စီးထားပြီး

ဟိုတယ်ခန်းမှာ ဘရာဇီးပွဲစဉ်ကိုကြည့်နေခဲ့တာဖြစ်တယ်။ ဘရာဇီးကြယ်ပွင့်ဟာ သူဟိုတယ်ခန်းမှာရှိနေကြောင်းကို ဆိုရှယ်စာမျက်နှာမှာ အသိပေးထားတဲ့နောက်တော့ ကွင်းထဲကတစ်ယောက်ဟာ

ကိုယ်ပွားဖြစ်နေကြောင်းကို အားလုံးသိခဲ့ပါတယ်။ နေမာကိုယ်ပွားဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို လုံခြုံရေးတွေအကူအညီနဲ့ ကွင်းထဲရောက်အောင်လာခဲ့ပါတယ်။ အစောင့်အချို့ကတော့

သူ့ကိုနေမာအထင်နဲ့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့ အပြေးအလွှားလာခဲ့ကြတာဖြစ်တယ်။ ကွင်းလုံခြုံရေးတွေဟာ သူ့ရဲ့သရုပ်ဆောင်ချက်မှာပြိုလဲကျခဲ့သလို ဒီကိုယ်ပွားကောင်လေးဟာ

နေမာနဲ့ခွဲမရအောင်တူနေခဲ့တာကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

(Zawgyi)

ဆြစ္ဇာလန္နဲ႔ပြဲမွာ ေနမာကိုယ္ပြားက ကြင္းထဲမွာတစ္ခ်ိန္လုံးလိုက္ေမႊခဲ့တယ္

ဆြစ္ဇာလန္နဲ႔ပြဲစဥ္မွာေတာ့ ေနမာကဒဏ္ရာေၾကာင့္မပါဝင္ႏိုင္ေပမဲ့ သူ႔ရဲ႕ကိုယ္ပြားကိုေတာ့ကြင္းထဲအေရာက္လႊတ္ထားခဲ့ပုံရပါတယ္။ ဒီကိုယ္ပြားကေတာ့ ပြဲၾကည့္စင္ေပၚကပရိသတ္ေတြနဲ႔

ဆယ္လ္ဖီဆြဲခဲ့တဲ့အျပင္ လုံၿခဳံေရးေတြကိုပါအ႐ူးလုပ္ၿပီး ကြင္းထဲအထိဝင္ေရာက္ခဲ့တာျဖစ္တယ္။ ပရိသတ္ေတြဘက္က ပီအက္စ္ဂ်ီၾကယ္ပြင့္အထင္နဲ႔စိတ္လႈပ္ရွားလြန္းၿပီး

ဓာတ္ပုံေတြ႐ိုက္ခဲ့ၾကတာကိုေတာ့အျပစ္မဆိုသာပါဘူး။ ဒီေကာင္ေလးက ေနမာနဲ႔အေတာ္ကိုဆင္တူေနခဲ့ၿပီး တကယ့္ ေနမာအစစ္ကေတာ့သူ႔ရဲ႕ေျခက်င္းဝတ္ကိုဘြတ္ဖိနပ္စီးထားၿပီး ဟိုတယ္ခန္းမွာ

ဘရာဇီးပြဲစဥ္ကိုၾကည့္ေနခဲ့တာျဖစ္တယ္။ ဘရာဇီးၾကယ္ပြင့္ဟာ သူဟိုတယ္ခန္းမွာရွိေနေၾကာင္းကို ဆိုရွယ္စာမ်က္ႏွာမွာအသိေပးထားတဲ့ေနာက္ေတာ့ ကြင္းထဲကတစ္ေယာက္ဟာ

ကိုယ္ပြားျဖစ္ေနေၾကာင္းကိုအားလုံးသိခဲ့ပါတယ္။ ေနမာကိုယ္ပြားဟာ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့သလို လုံၿခဳံေရးေတြအကူအညီနဲ႔ကြင္းထဲေရာက္ေအာင္လာခဲ့ပါတယ္။

အေစာင့္အခ်ိဳ႕ကေတာ့ သူ႔ကိုေနမာအထင္နဲ႔ မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ဖို႔အေျပးအလႊားလာခဲ့ၾကတာျဖစ္တယ္။ ကြင္းလုံၿခဳံေရးေတြဟာ သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္မွာၿပိဳလဲက်ခဲ့သလို

ဒီကိုယ္ပြားေကာင္ေလးဟာ ေနမာနဲ႔ခြဲမရေအာင္တူေနခဲ့တာကေတာ့ စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။